ရခိုင်ပြည်နယ်ပဋိပက္ခ အထူးသတင်း — ၁၂ မတ်လ ၂၀၁၃
သံတွဲတွင် အစ္စလာမ်ဘာသာဝင်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သီးသန့် အခန်းခွဲဖြေဆိုစေရန်စီစဉ်
ခွဲခြားဆက်ဆံခံရခြင်းကြောင့် မွတ်စလင်မ်ကျောင်းသားများအတွက် နစ်နာပာု ကျောင်းဆရာမတစ်ဦးက သုံးသပ်
သံတွဲမြို့ ပညာရေးဌာန ကြီးကြပ်ရေးမှုးများနှင့်လက်ထောက် ကြီးကြပ်ရေးမှုးများ အစည်း အဝေးများကို ယနေ့တွင် ကျင်းပရာ ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်ဆေးရာတွင် အစ္စလာမ်ဘာသာဝင်ကလေးငယ်များကို သီးခြားအခန်းခွဲဖြေဆိုစေရန် စီစဉ်လိုက်ကြောင်းသိရသည်။
ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ပြည်နယ် အစိုးရ အဖွဲ့က မြန်မာနိင်ငံစာစစ်ဌာနသို့ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီးတင်ပြရာမှ တဆင့်ပဋိပက္ခဖြစ်ပွားခြင်းမရှိခဲ့သည့် သံတွဲမြို့နယ်တွင်ပါ ယခုကဲ့သို့ ကျောင်းသားများကို ဘာသာရေးအကြောင်းပြုကာ ခွဲခြားမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
သံတွဲဆိုတာ သမားရိုးကျ ရှိနေတဲ့မြို့ပါ။ပဋိပက္ခဖြစ်ခဲ့တဲ့ တခြားနေရာတွေမှာလို လာစိစဉ်လို့မရပါဘူး။ဒီလိုစီစဉ်တာပာာ မွတ်စလင်မ် ကလေးငယ်တွေ အတွက် အရမ်းနစ်နာတယ်။ကလေးတွေရဲ့ရင်ထဲမှာလည်း အရမ်းထိခိုက် ခံစားရတယ်။ရခိုင်တိုးတက်ရေးပါတီဝင်တွေ မနေ့က ပညာရေးမှုးရုံးမှာ အစည်း အဝေးလုပ်ပြီးနောက်ပိုင်းဒီလိုဖြစ်တာပါ ပာု ကျောင်းဆရာမတစ်ဦးက myanmarmuslim.netသို့ပြောသည်။
သူများတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကိုတော့ ခံစားရတယ်။ဖြစ်နိင်လို့ရှိရင် အရင်နှစ်တွေကဖြေသလိုပဲ ဖြေချင်တယ်။သီးသန့်ခွဲထားတော့ သူတို့တွေ ဘာလုပ်မလဲဆိုတာကိုလည်း စိတ်ပှုနေရတယ် ပာု စစ်တွေမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်အစ္စလာမ်ဘာသာဝင်ကျောင်းသားတစ်ဦးကပြောသည်။
ပဋိပက္ခဖြစ်ပွားနေချိန်တွင်ပင် အေးချမ်းစွာအတူယှဉ်တွဲနေထိုင်မူရှိသည့် အတူယှဉ်တွဲ ပညာသင်ကြားမူရှိသည့် သံတွဲတွင် ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်းဖြေဆိုချိန်တွင်မူခွဲခြား ဖြေဆိုခိုင်းခြင်းနောက်ကွယ်တွင် အစ္စလာမ်ဘာသာဝင် ကျောင်းသားကျောင်းသူများအတွက် မလိုလားအပ်သည့် ဖိနိုပ်မူများကြုံတွေ့လာရနိင်သည်ပာုလည်း အလယ်တန်းပြ ဆရာမတစ်ဦးက သုံးသပ်သည်။
မြန်မာနိင်ငံစာစစ် အဖွဲ့ရဲ့ညွန်ကြားချက်တွေ အထဲမှာ စာမေးပွဲဖြေတဲ့အခါ မရိုးမသားလုပ်တယ်ဆိုရင် ဖြေဆိုသူရဲ့ခုံနံပါတ်ကို ကာယကံရှင်ကို အသိမပေးဘဲ ရီပို့တင်လို့ရတယ်။ဒီတော့ အစ္စလာမ်ဘာသာဝင် ကလေးတွေကို ချည်းသီးသန့်ခွဲထုတ်လိုက်တော့ ကလေးမသိလိုက်ဘဲလုပ်ကြံခံရတာတွေဖြစ်လာနိင်တယ်။ပုံမှန် အတိုင်းရောဖြေရရင်တော့ ရုပ်ကြည့်ပြီး အများစုကို ခွဲလို့မရနိင်ပါဘူး ပာု အထက်ပါ ကျောင်းဆရာမတစ်ဦးကပင် ပြောသည်။
အစ္စလာမ်ဘာသာဝင်ကျောင်းသားကျောင်းသူ မျာုးရှိသည့် အ.ထ.က ၁ သံတွဲ၊ အ.ထ.က ၂ သံတွဲ ၊အ လ.က မြို့မ သံတ၊ွဲအ.ထ.က ရွေလှေ၊ အ.ထ. က ကင်းမော်၊တွင်ဖြေဆိုကြမည့် အစ္စလာမ်ဘာသာဝင်ကျောင်းသားကျောင်းသူများ ကို ခုံနံပါတ် အစဉ် အတိုင်းဖြေဆိုစေခြင်းမပာုတ်ဘဲ သီးခြားရွေးထုတ် ဖြေဆိုစေရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
ရခိုင်လူမျိုးသတင်း သမားအချို့ကမှုသံတွဲမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အစ္စလာမ်ဘာသာဝင် မှာ ဆယ်ဦးပင်မည့် သယောင် ၀ါဒဖြန့်ချိမှုအချို့ရှိနေသော်လည်း တရားဝင် အချက်အလက်များအရ သံတွဲမြို့နယ်တွင် ဆယ်တန်းစာမေးပွဲဖြေဆိုမည့် မွတ်စလင်ဦးရေသည် စုစုပေါင်းကျောင်းသားဦးရေ အနက် လေးပုံတစ်ပုံကျော်ရှိကြောင်း ပညာရေးဝန်ထမ်းတစ်ဦး၏ပြောကြားချက်အရသိရသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.