ယခု သီတင်းပတ်အတွင်း ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းရန် လာရောက်ကြသော ရိုဟင်ဂျာ ၆၃ ဦးကို အင်ဒိုနီးရှားနိုင်ငံ၊ စူမတြားကျွန်း ပင်လယ်ကမ်းခြေတွင် စက်မပါသည့် သစ်သားလှေမျောပေါ်မှ တွေ့ရှိကယ်ဆယ်ခဲ့သည်။
ကြာသပတေးနေ့ ညနေပိုင်းက တွေ့ရှိ ကယ်ဆယ်ခဲ့သည့် ထိုလှေပေါ်တွင် ကလေးငယ် ၂၃ ဦး ပါဝင်သည်။ ၎င်း လှေမျောဒုက္ခသည်များအား အနီးရှိ လန်ဆားမြို့ လူဝင်မှု ကြီးကြပ်ရေး ရုံးတွင် ခေတ္တထားရှိပြီး မကြာမီ ထိန်းသိမ်းရေး ဌာနတခုသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဒေသခံ ရဲအရာရှိအား ကိုးကား၍ အေအက်ဖ်ပီ သတင်းတရပ်တွင် ရေးသားထားသည်။
အလားတူ အင်္ဂါနေ့ကလည်း ရိုဟင်ဂျာ ၁၂၁ ယောက်ကို စုမတြားကျွန်းမှ တံငါသည်များကပင် ပင်လယ်ပြင်မှ ကယ်ဆယ်ခဲ့သေးသည်။ ၎င်းတို့အဆိုအရ ထိုင်းပင်လယ်ပြင်ကို ဖြတ်စဉ် ထိုင်းအာဏာပိုင်က ပစ်ခတ်ပြီး အစားအစာနှင့် လောင်စာဆီတို့ကို သိမ်းယူသွားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများနှင့် ထိုကဲ့သို့ ထိုင်းအာဏာပိုင်များ၏ အပြုအမူကြောင့် အင်ဒိုနီးရှားနိုင်ငံဘက်သို့ ရိုဟင်ဂျာဒုက္ခသည်များ နောက်ထပ် ရောက်လာဦးဖွယ်ရှိသည်ဟုလည်း ဒေသခံ ရဲအရာရှိက သုံးသပ်ပြောဆိုသည်။
မဇ္ဈိမသတင်း
No comments:
Post a Comment
Note: Only a member of this blog may post a comment.