Friday, September 14, 2012

13နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးမှု့ အစ္စလာမ်ဘာသာဝင်ဖြစ်က ကန့်သတ်

 သျှမ်းပြည် (မြောက်ပိုင်း) အတွင်း နေထိုင်သူ မည်သူမဆို အဆိုပါ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ပြုလုပ်နိုင်ပြီး ၄င်းစာအုပ် ဖြင့် တရုတ်ဘက်ခြမ်းသို့ ဖြတ်သန်း သွားလာခွင့် ရရှိမည်ဖြစ်သည်။

ယခုအခါ အစ္စလာမ်ဘာသာဝင်များ အပေါ် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်များ ထုတ်ပေးခြင်း ကန့်သတ်ထားမှုကြောင့် တရုတ်ဘက်ခြမ်းသို့ သွားလာရာတွင် အခက်အခဲဖြစ်နေကြောင်း သျှမ်းပြည် (မြောက်ပိုင်း) အတွင်း နေထိုင်သူ အစ္စလာမ် လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီနေ့ကျနော် မူစယ်ခရိုင် လဝက ရုံးမှာ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်သက်တမ်းသွားတိုးတော့ လဝကက ကျနော်တို့စိစစ်ပါရစေအုံးဆိုပြီး ရက်မတိုးပေးခဲ့ဘူး၊ ဒီသျှမ်းပြည် (မြောက်ပိုင်း) မှာနေထိုင်တဲ့ အိမ်ထောင်စုလည်းပါတယ်၊ မှတ်ပုံတင်လည်း ပါတယ်၊ ကျနော် ရေရေလည်လည် ပေါက်ကွဲတယ်ဗျာ” ဟု ၄င်းက ဆိုသည်။

အဆိုပါနယ်စပ်ဖြတ်သန်းခွင့် စာအုပ်ထုတ်ပေးရာတွင် အချက်အလက် အထောက်အထား အပြည့်အစုံပါက မည်သူ့ကိုမဆို ပြုလုပ်ပေးကြောင်း စိစစ်ရန်လိုအပ်ချက်အရ ဆိုင်းငံ့ထားခြင်း ဖြစ်နိုင်ကြောင်း မူစယ်မြို့ခံ လဝက ဝန်ထမ်းတစ်ဦးက ပြောသည်။

ဤကန့်သတ်ချက်တင်းကျပ်လာမှုမှာ မကြာမီကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ ကွန်ကရက်နှင့်ပတ်သက်သည်ဟု ဆိုပါသည်။


http://news.mmsy.info/
မှ ကူးယူဖော်ပြပါသည်။





No comments:

Post a Comment

Note: Only a member of this blog may post a comment.