စစ်တွေ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိသည်။
ဒေါက်တာမျိုးမြင့် ခေါင်းဆောင်သည့် ကော်မရှင်တွင် အဖွဲ့ဝင်ပေါင်း ၂၇ဦးရှိသည့် အနက် ၁၉ ဦး လိုက်ပါလာပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က စစ်တွေလေဆိပ်မှ ကြိုဆိုသည်။
ကော်မရှင်သည် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ တောင်ကုတ်၊ ရမ်းဗြဲနှင့်ကျောက်နီမော် တို့တွင် စုံစမ်းစစ်ဆေးမှုများကို စက်တင်ဘာ ၇ ရက်မှ ၁၆ ရက်နေ့ထိ ဆောင်ရွက်သွားမည်
ဖြစ်သည်။
ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဓါတ်ပုံ သိန်းလှိုင်/ မဇ္ဈိမ)

ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဓါတ်ပုံ သိန်းလှိုင်/ မဇ္ဈိမ)
No comments:
Post a Comment
Note: Only a member of this blog may post a comment.