Tuesday, September 4, 2012

ဘာလင်မှ အစ္စလာမ် ဆန့်ကျင်ရေး ပိုစတာကြောင့် ဂျာမန် မွတ်စလင်များ ဒေါသဖြစ်

 စက်တင်ဘာ၊ ၂၊ ၂၀၁၂


ဘာလင်။ ။ဘာလင်မြို့တွင် မကြာသေးမီက အစ္စလာမ့်ဆန့်ကျင်ရေးကို ဖော်ဆောင်သော ပိုစတာ ဖြန့်ဝေမှု့များကြောင့် ဂျာမနီမွတ်စလင်များ စိတ်အနှောင့်အယှက် ဒေါသဖြစ်ခဲ့ကြသည်။ ယင်းပိုစ်တာများတွင် မွတ်စလင်မ် လူငယ်များ အကြမ်းဖက်မှု့များတွင် ၄င်းတို့ ကိုယ်တိုင်ပါဝင်သည်ဟု စွပ်စွဲပြောဆိုထားသည်။
German Interior Ministry မှ ထုတ်ပြန်သော အစ္စလာမ့်ဆန့်ကျင်ရေး ပိုစတာ ကြောင့် ဂျာမနီနိုင်ငံရှိ မွတ်စလင် အဖွဲ့အစည်း လေးခု မှ ယခုကဲ့သို့ပြုမူခြင်းသည် လူဦးရေ လေးသန်းရှိသော ဂျာမနီမွတ်စလင်အားလုံးကို စွပ်စွဲ ပြောဆိုခြင်း ဖြစ်သည် ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။
ဂျာမနီရှိ ထင်ရှားသော မွတ်စလင် အဖွဲ့အစည်းများဖြစ်ကြသော ဂျာမနီမွတ်စလင်ဗဟိုကောင်စီ၊ တူရကီ အစ္စလာမ်ဘာသာရေး အဖွဲ့၊ အစ္စလာမ့် ယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့ နှင့် ဘော့စနီးယား အစ္စလာမ်မစ် အဖွဲ့ တို့သည် အစိုးရ၏ ဗလီများအပေါ်အခြေခံ၍ အကြမ်းဖက်ကိစ္စများ စုံးစမ်းမှုများတွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းပါဝင်ရန် ကူညီမှု့ အားလည်း ရပ်တန့်ပစ်လိုက်သည်။
ပိုစတာ မှာ ပြထားတာကတော့ ” ပျောက်ဆုံးခြင်း” ဆို တဲ့ခေါင်းစဉ်ဖြင့် အကယ်၍ ဂျာမနီရှိ မိသားစုများသည် မိမိတို့ သားများအား အကြမ်းဖက်ကိစ္စများနှင့် ပါဝင်ပက်သက်မှု့ရှိမရှိ စိတ်ပူမှု့ တစ်စုံတစ်ရာ ရှိခဲ့လျှင် အစိုးရ အဖွဲ့အစည်းများသို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထား ခြင်းဖြင့် ရိုးသားသော မွတ်စလင်လူငယ်များအား ထောင်ချောက်ဆင်ထားသော ဓါတ်ပုံတွေ ထည့်သွင်း ဖော်ပြထားပါသည်။
“‘ဒါကတော့ ကျွန်မတို့သားပါ၊ သူ့ကိုပျောက်ဆုံးနေသလိုပါပဲ ၊ ဘာလို့လည်းဆိုတော့ သူဟာ အရင်လို မဟုတ်တော့လို့ပါပဲ၊ သူ့ကို ဒီ ဘာသာရေးအစွန်းရောက် အဖွဲ့နှင့် အကြမ်းဖက် အဖွဲ့အစည်းများဆီသို့ ပေးလိုက်ရခြင်းဖြင့် ကျွန်မတို့ သူ့ကို အမှန်တကယ် ဆုံးရှုံးရတော့မလားဆိုတာ တကယ်ပဲ ကြောက်ရွံ့မိပါတယ် ” လို့ ပိုစတာမှာ ဖော်ပြထားပါသည်။
စက်တင်ဘာလဆန်း ကစတင်ပြီး ဘာလင်မြို့ရဲ့ လမ်းတွေနဲ့ ရှောပင်း စင်တာများတွင် ထို ပိုစတာများ ဖြန့်ဝေခဲ့ပါသည်။ ။http://news.mmsy.info/news/5480


မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.