Wednesday, September 12, 2012

မြောက်ဦးမြို့  နှင့် မင်းပြားမြို့ ရှိ အစ္စလာမ်ဘာသာဝင်များအား သဘောထား ..

 

မြောက်ဦးမြို့  နှင့် မင်းပြားမြို့ ရှိ အစ္စလာမ်ဘာသာဝင်များအား သဘောထားစစ်တမ်းကို ဖိအားပေး၍ လက်မှတ်ထိုးခိုင်းနေ




စက်တင်ဘာ၊ ၁၀၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - SK

မြောက်ဦးမြို့ နှင့် မင်းပြားမြို့ များရှိ အစ္စလာမ်ဘာသာဝင်များထံမှ ဘဘောထားစစ်တမ်းတောင်းခံမှုဟူသောခေါင်းစဉ်ဖြင့် တရာဝင်အဖွဲ့ အစည်း၊လူပုဂ္ဂိုလ်၊ရာထူး စသည်တို့ကို ဖော်ပြထားခြင်းမရှိဘဲ ဒေသခံ အစ္စလာမ် ဘာသာဝင်များထံသို့  တစ်ယောက်မကျန်လက်မှတ်ထိုးရန် ဟူသောညွှန်ကြားစေခိုင်းသည့် စာတစ်စောင်ကို ယခုလ (၅)ရက်နေ့ ကသက်ဆိုင်ရာ ရွာလူကြီးများအား စစ်တပ်က ခေါ်ယူပေးထားကြောင်း ဒေ သခံတစ်ဦးက myanamrmuslim.net သို့ သတင်းပေးပို့ ထားသည်။


“ စာရွက်တစ်ရွက်ပေးတယ်၊ ရွာလူကြီးတွေကို ခေါ်ပေးတာပါ။အသက်(၁၈)နှစ်အထက် ကျား/မတစ်ဦး တစ်ယောက်မကျန် လက်မှတ်ထိုးရမယ်လို့ပြောပါတယ်”ဟု အထက်ပါဒေသခံ ကပြောပါသည်။အဆိုပါစာတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ .....

ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော မွတ်စလင်လူမျိုးများ အပေါ်ဆောင်ရွက်မည့် အစီအစဉ်များ အား ထောက်ခံ/မခံ လက်မှတ်ရေးထိုးပေးပါရန် ဟူသောခေါင်းစဉ် ဖြင့် ဖော်ပြချက်(၃)ခုပါရှိသည်။

ထိုစာတွင်ရခိုင်ပြည် နယ်ရှိ အစ္စလာမ်ဘာသာဝင်များကို
မွတ်စလင်လူမျိုးများဟူ၍ မှားယွင်းစွာ ခေါ်ဝေါ်သုံးစွဲထားကြောင်း လည်းသိရသည်။ေ ကျးရွာလူကြီးများအား အာဏာပိုင်တို့ က တရားဝင်ခေါ်ယူပေးအပ်သည့် စာဖြစ်သော်
လည်း ပေးပို့သည့်အဖွဲ့ အစည်း၊ တာဝန်ခံ၊ ရာထူး အပြည့်အစုံကို ဖော်ပြထား မရှိသဖြင့် ပစ်စာသဘောမျိုးသက်ရောက်နေကြောင်းသည်။

ထို့ အပြင်အထက်ပါ
သဘောထားစစ်တမ်း တောင်းခံစာတွင် ပါဝင်သည့်  နံပါတ် (၂)နှင့်(၃)အချက်တို့ သည် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတို့အား ပညာသားပါပါ နှိမ့်ချထားသည့် အရေးအသားများပါဝင်ကြောင်း ဥပဒေကျွမ်းကျင် သူတစ်ဦးကသုံးသပ်ချက်ပေးသည်။

“အဲဒီစာမှာပါတဲ့ ဧည့်နိုင်ငံသားဆိုတာ ကျွန်တော်တို့မဟုတ်ပါဘူး၊ ပြီးတော့ ဘင်္ဂလီမှပေါက်ဖွားသောတတိယ မျိုးဆက်ဆိုတာ ကျွန်တော်တို့မဟုတ်ဘူး၊ကျွန်တော်တို့ က
ရိုဟင်ဂျာတွေပါ။ ရခိုင်ဘုရင် လက်ထက်ကတည်းက ဘိုးစဉ်ဘောင်ဆက်နေလာတာပါ” ဟုဥပဒေပညာရှင် ရိုဟင်ဂျာတစ်ဦးက အထက်ပါအတိုင်း ဝေဖန်သည်။အထက်ပါသဘောထား
စစ်တမ်းစာ ဒုတိယအပိုဒ်တွင် “၁၉၄၈ ခုနှစ်မတိုင်မီ ရောက်ရှိလာသောဘင်္ဂလီ လူမျိုးများမှ ပေါက်ဖွားလာသည့် တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ်လက်ခံမည် ဟုနိုင်ငံတော်သမ္မတကပြောခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင်တတိယအပိုဒ်တွင် “နိုင်ငံတော်သမ္မတကြီး၏ပြောကြားချက်သည် ယခင်နှစ်ပေါင်း များစွာက ရရှိခဲ့ခြင်းမရှိသော မွတ်စလင်မ် လူမျိုးများ နိုင်ငံသားဖြစ်
ခွင့်အား လူသားချင်း စာနာစိတ်ဖြင့် ရခိုင်ပြည်နယ်ရှိ မွတ်စလင်မ် လူမျိုးများအတွက်ဆုလာဘ်အဖြစ်ပြောကြားခြင်း”ဟု လည်းပါရှိသည်။
“ကျွန်တော်တို့ ကို ဆုလာဘ်ပေးစရာမလိုပါဘူး၊ ဒီမြေမှာ တိုင်းရင်းသား အဖြစ် နေလာခဲ့ပြီးသားပါ။ ကျွန်တော်တို့ ပာာမြန်မာနိုင်ငံရဲ့ပထမဦးဆုံး သမ္မတနှင့် ပထမဦးဆုံး ၀န်ကြီးချုပ်ကတိုင်းရင်းသားအဖြစ် အသိမှတ်ပြုခံခဲ့ ရတဲ့ လူမျိုးစုပါ”ဟုရိုဟင်ဂျာ လူမျိုး ဥပဒေပညာရှင် တစ်ဦးက သူ၏သုံးသပ်ချက်ကို တင်ပြသည်။

အထက်ပါ သဘောထားစစ်တမ်း တောင်ခံစာ၏ အောက်ခြေတွင် ခင်မောင်ထွန်း (ခေတ္တ မြောက်ဦး) ဟုရာထူးအဆင့်ကို မဖော်ပြဘဲထားခဲ့သူမှာ တပ်ရင်း(၅၄၀)၏ ယာယီ ဗျူဟာမှူး ဒုတိယဗိုလ်ကြီး ဦးခင်မောင်ထွန်း ဖြစ်ကြောင်းသိရသည်။
 
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.