Monday, January 14, 2013

KIA တပ်မဟာ(၃)တွင် လေကြောင်းတိုက်ခိုက်မှုစတင်

                                                                                   January 13, 2013
                       ဇန်န၀ါရီလ(၁၃)ရက်နေ့ မနက်(၈)နာရီအချိန်ခန့်မှစတင်၍ မြန်မာအစိုးရစစ်တပ်ဖွဲ့များသည် KIA တပ်မဟာ(၃) ၏ ရှေ့တန်း စခန်းဖြစ်သော ဂျန်မိုင်(Jan Mai Post)သို့ အကြိမ်ကြိမ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ မြန်မာအစိုးရတပ်များ အထိအခိုက်များလာသဖြင့် နေ့လည် ၁၂ နာရီ ၁၅ မိနစ် မှ ၁၂ နာရီ ၄၅ မိနစ်အထိ Jet Fighter(၂)စီး လာရောက်ကာ ဒုံးကျည်များပစ်ခတ်ခြင်း၊ ဗုံးကျဲခြင်း တို့ကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။ ညနေ ၄ နာရီအချိန်တွင်လည်း စစ်ရဟတ်ယာဉ်(၂)စီး ထပ်မံရောက်ရှိကာ ဒုံးကျည်ပစ်ခွင်းခြင်း၊ 30 mm Machin Gun ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်။ နေ့လည်ပိုင်း လေကြောင်းမှ မီးလောင်ဗုံးများ ကျဲချသဖြင့် ဂျန်မိုင်ဒေသတခွင် တောမီးလောင်လျက်ရှိသည်။ ယင်းတောမီးသည် ပိုမိုကျယ်ပြန့်၍ ဒေသအနှံ့ ပျံ့နှံ့သွားနိုင်ကြောင်း သိရှိရသည်။ မြန်မာအစိုးရတပ်သည် ဂျန်မိုင်စခန်းကို ဇန်န၀ါရီလ(၁၁)ရက်မှစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ဖြစ်ပွားသော လေကြောင်းမှတိုက်ခိုက်မှုသည် KIA တပ်မဟာ(၃)ဒေသတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း http://myitkyina.blog.com/ မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.