Wednesday, January 16, 2013

ရိုပာင်ဂျာ ၈၆ ဦးအား ပြည်တွင်းတွင် နယ်ကျော်မှုဖြင့် မှုရင်းဒေသပြန်ပို

ရခိုင်ပြည်နယ်ပဋိပက္ခ အထူးသတင်း ♦♦♦ ၁၅ ဇန်န၀ါရီလ ၂၀၁၃
ရိုပာင်ဂျာ ၈၆ ဦးအား ပြည်တွင်းတွင် နယ်ကျော်မှုဖြင့် မှုရင်းဒေသပြန်ပို့
သတင်း - ပိာန်းအောင်၊ ဇင်ဇင်း(LA)
 
 
ရခိုင်ပြည်နယ် စစ်တွေ မှ မလေးရှားနိင်ငံသို့ ထွက်ပြေးသည့် ရိုပာင်ဂျာ ၈၅ ဦး နှင့် ကလေးမြို့တွင် ဖမ်းဆီးခံရသည့် ရိုပာင်ဂျာတစ်ဦးတို့ကို ဇန်န၀ါရီ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့မှတဆင့် မှုရင်းဒေသသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
 
မလေးရှားနိင်ငံသို့ ထွက်ပြေးခဲ့သည့် ရိုပာင်ဂျာ များသည် ကော့သောင်မြို့တွင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ကော့သောင်မြို့တွင် ဖမ်းဆီးခံရမှုဖြစ်ရပ်တွင်မှု အာဏာပိုင်များနှင့် နီးစပ်သူများဖြေကြားချက်နှင့် ကာယကံရှင်များအား သွားရောက်မေးမြန်းခဲ့သူတို့ ဖြေကြားချက်များ ကွဲလွဲလျက်ရှိသည်။
5
သာကေတဆိပ်ခံတံတားအရောက် ဒုက္ခသည်များအား ရန်ကုန်မြို့ခံမွတ်စလင်မ်များက စားစရာများ လူဒါန်း
မလေးပို့ပေးမယ်ဆိုပြီးလူပွဲစားက ကော့သောင် ကမ်းတစ်နေရာမှာ ချထားပေးခဲ့တာပါ ပာု အာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက မီဒီယာသမားတစ်ဦး အားပြောကြောင်းသိရသည်။
 
“ဖိနှိပ်တာ မခံနိင်လို့ မလေးကို ထွက်ပြေးတာမှာ ကင်းလှည့်နေတဲ့ သဘောင်္တစ်စီးနဲ့တွေ့ပြီး မြန်မာ့ရေပိုင်နက် အတွင်းမှာပဲ အဖမ်းခံရတယ်လို့ ပြောပါတယ်။ရခိုင်ပြည်နယ်မှာ ဖိနှိပ်တာ မခံနိင်တော့လို့ ထွက်ပြေးတာလို့ပြောပါတယ်″ ပာု အထက်ပါ ရိုပာင်ဂျာများကို ပြည်မြို့တွင်ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးက myanmarmuslim.net သို့ပြောသည်။
ပြည်မြို့ခံ မွတ်စလင်မ် များကလည်း အစားအသောက်များကျွေးမွေးခြင်း၊အ၀တ်အထည်များ လှုးဒါန်း
ပြည်မြို့ခံ မွတ်စလင်မ် များကလည်း အစားအသောက်များကျွေးမွေးခြင်း၊အ၀တ်အထည်များ လှုးဒါန်း
 
ကော့သောင်မြို့ရောက် ရိုပာင်ဂျာ ၈၅ ဦး ကို တင်ဆောင်လာသည့် ရန်ကုန်-မြိတ် ပြေးဆွဲသည့် မြစ်ကြီးနား သဘောင်္သည် သာကေတ ကြယ်ငါးပွင့် သင်္ဘောဆိပ်ကမ်း သို့ ယခု၁၄ ရက်နေ့ ညနေ ၃နာရီ ၄၅ မိနစ် တွင်ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့မှ အစ္စလာမ်ဘာသာဝင်များက အစားအသောက်များ၊ အ၀တ်အထည်များ လှုဒါန်းခဲ့ကြသည်။
 
အထက်ပါ ရိုပာင်ဂျာ ၈၅ ဦးနှင့် ကလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ရိုပာင်ဂျာတစ်ဦးတို့ကို မျိုးဆက်သစ် နှင့် ဘုန်းမြတ်ပိုင် အဝေးပြေးကားနှစ်စီးဖြင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြည်မြို့သို့ ပို့ဆောင်သည်။ ပြည်မြို့သို့ ည၁၁ တွင်ရောက်ရှိပြီး မြို့ခံ မွတ်စလင်မ် များကလည်း အစားအသောက်များ ကျွေးမွေးခြင်း၊အ၀တ်အထည်များ လှုဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။
 
“ပိုလီယို ဖြစ်နေတဲ့ တစ်ယောက်လည်းပါတယ်။အားလုံးပေါင်း ၈၆ ယောက်ပါ။လိမ်းဆေးရှုဆေး တွေလည်းပေးလိုက်ဖြစ်တယ်″ ပာု ပြည်မြို့ မှ မွတ်စလင်မ်တစ်ဦးက ပြောသည်။ ကနဦး အစီအစဉ်များအရ ရိုပာင်ဂျာ ၈၆ ဦးအား မင်းမဲ့စရိုက် လူသတ်ပွဲမြို့တောင်ကုတ် ကိုဖြတ်လျှက် မှုရင်းဒေသသို့ ပြန်ပို့ရန် စီစဉ် ထားသော်လည်း လုံခြုံရေး အပြည့် အ၀ပေးနိင်ရန် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ခရီးစဉ်လမ်းကြောင်းပြောင်းခဲ့ ရကြောင်းလည်းသိရသည်။
ယမန်နှစ် နိုဝင်ဘာ ၉ ရက်နေ့ ကလည်း မြိတ်မြို့ရောက် ရိုပာင်ဂျာ ၇၆ ဦးကို နယ်ကျော်မှုဖြင့် မှုရင်းနေရပ်သို့ အထက်ပါ အတိုင်းပြန်လည် ပို့ဆောင်ခဲ့သည်။ ရိုပာင်ဂျာများသည် စားနပ်ရိက္ခာ အခက်အခဲ၊ ရခိုင်ပြည်နယ် နယ်နိမိတ်ကို ဖြတ်ကျော်ခရီးသွားလာခွင့် ကို့်ဥပဒေပိုင်းဆိုင်ရာအရ တင်းကျပ်မှုပြုထားခြင်း တို့ကြောင့် ပိုမိုကောင်းမွန်သော ဘ၀နေထိုင်မှုပုံစံ ရရှိနိင်ရန် မလေးရှားနိင်ငံတို့သို့ သစ်သားလှေများဖြင့် နှစ်စဉ်ထောင်ချီ
ပြည်မြို့သို့ မပို့မှီ
ပြည်မြို့သို့ မပို့မှီ
ထွက်ပြေးနေကြကြောင်း onislam သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။ရိုပာင်ဂျာများ အများဆုံး ထွက်ပြေးခိုလှုံသည့် နိင်ငံများမှာ မလေးရှားနှင့် ထိုင်းနိင်ငံ ဖြစ်ကြောင်းလည်း သိရသည်။
 
 
ပြည်မြို့မှ သတင်းနှင့် မှတ်တမ်းများပေးပို့ပေးသည့် ဇင်ဇင်း(LA)အား အထူးကျေးဇူးတင်ရှိပါသည်။မြန်မာမွတ်စလင်မ် မီဒီယာ myanmarmuslim.net သို့ မည်သူမဆို ခိုင်လုံတိကျသည့် သတင်းများပေးပို့နိင်ပါသည်။
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.