Wednesday, January 16, 2013

နယ်ကျော်မှုဖြင့် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရန် ပြည်မြို့မှတဆင့် ပဒါန်းရဲစခန်း ပို့ဆောင်

1 

 

 
ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖများမှ ဒုက္ခသည်ရိုဟင်ဂျာများကို ညစာ ကျွေးမွေးရန် စီစဉ်နေစဉ်
 
ကော့သောင်းတွင် အဖမ်းခံရသည့် ရိုဟင်ဂျာ ၈၅ ယောက်သည် ၁၄ ရက်နေ့ ညနေ ၅ နာရီက ရန်ကုန် သာကေတ ဆိပ်ကမ်းမှ အသင့်စီစဉ်ထားသည့် ပြည်-ကျိုက်ထီးရိုး-မော်လမြိုင် ခရီးစဉ် ကားဖြစ်သည့် မျိုးဆက်သစ်/ဘုန်းမြတ်ပိုင် ကားများဖြင့် ပြည်မြို့ သို့ ည ၁၁ နာရီ အချိန်တွင် ရောက်ရှိကြောင်း သတင်းရရှိသည်။
 
ပြည်မြို့ လ၀ကရုံးတွင် ထားရှိပြီး ပြည်မြို့ ဒေသခံ မြို့မိမြို့ဖများမှ ညစာ ကျွေးမွေးခဲ့ကြသည်။ ပြည်မြို့မှ အစ္စလာမ် ဘာသာဝင် မြို့မိမြို့ဖ အားလုံးနီးပါက တတ်နိုင်သမျှ သဒ္ဒါအားဖြင့် အိပ်အသစ် တစ်လုံးထဲတွင် လူတစ်ဦးကို စောင်တစ်ထည် အ၀တ်ထည်များ အနွေးထည် တစ်ထည် ခေါက်ဆွဲကြော်တစ်ပွဲ ငွေသား၆၀၀၀ ဆီ ပေးခဲ့ကြောင်း ပြည်မြို့ဒေသ ခံ တစ်ဦးဖြစ်သည့် အောင်အောင်အလ်အေ ပေးပိုသောသတင်းများမှ သိရှိရသည်။ ပြည်မြို့မှ ပဒါန်းရဲစခန်း သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
 
“ကျွန်တော်တို့ ပြည်မြို့ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖ တွေက ပဲ သူတို့သွားဖို့ ၁၀ဘီးကား စီစဉ်ပေး တာပါ။ ကျွန်တော်တို့အခု ပြည်မှာ တအားအေးနေပါတယ်၊ အဲဒီအတွက် တစ်ခါတည်း ဒုက္ခသည်တွေကို အနွေးထည်တွေ ပေးလိုက်တဲ့အချိန်တည်းက သူတို့ကို တစ်ခါတည် ၀တ်ခိုင်းလိုက်ရပါတယ်၊ ပြီးတော့ သူတို့သွားမည့် ခရီးတစ်လျှောက်မှာ အေးတဲ့ရာသီဥတု ဒဏ်ကိုခံနိုင်အောင် ကားပေါ်မှာ ကတ်ထူတွေ တစ်ခါတည်းခင်းပေးလိုက်ပါတယ်” ဟု ပြည်မြို့ခံ မွတ်စလင်မ်တဦး မှ M-Media သို့ပြောကြားသည်။
 
စစ်တွေ မြို့ သဲချောင်း ဒုက္ခသည် စခန်းမှ ပင်လယ်ခရီးကို စက်လှေဖြင့် ဖြတ်သန်းပြီး ပြည်ပသို့ထွက်ပြေးလာသည့် ရိုဟင်ဂျာ မွတ်စလင်မ် (၈၅) ယောက်ကို ကောသောင်းတွင် အာဏာပိုင်အဖွဲ့အစည်းများမှာ နယ်ကျော်ပုဒ်မဖြင့် ဖမ်းပြီး နေရပ်ဒေသသို့ပြန်ပို့ခြင်းဖြစ်သည်။ အခြား ၁ ဦးမှာကလေးမြို့သို့ ဝင်ရောက်လာသူဖြစ်ပြိး နယ်ကျော်ပုဒ်မ ဖြင့် အဖမ်းခံရခြင်းဖြစ်သည်။
 
၁၄ရက်နေ့ညက ထိုဒုက္ခသည် ၈၆ယောက်သည် ပြည်မြို့ လ၀က ရုံးတွင် တစ်ညအိပ် ခဲ့ပြီး ယနေ့မနက် ၆နာရီက ပြည်မြို့မှ ပဒါန်းရဲစခန်း သို့ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ ထိုမှ တဆင့် ၄င်းတို့ နေရပ်ဇာတိ ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည် ဟု သတင်းရရှိသည်။
9
ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖများမှ ဒုက္ခသည်ရိုဟင်ဂျာများကို ညစာ ကျွေးမွေးရန် စီစဉ်နေစဉ်
8
ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင်များမှ ဒုက္ခသည် ရိုဟင်ဂျာများကို လှူဒါန်းလိုက်မည့် အလှူပစ္စည်းများ
ပြည်မြို့
ဆောင်းနှင်းမှုံ
 .m-media
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.