Saturday, January 26, 2013

ယူကရိန်း မွတ်စလင်များ တမန်တော်မုဟမ္မဒ် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Prophet Muhammad's Birthday 
 

(၁၄၈၇) နှစ်မြောက် တမန်တော် မုဟမ္မဒ်(ဆွ) ရဲ့ မွေးနေ့ အခမ်အနား ကမ္ဘာတဝှမ်းလုံးရှိ နိုင်ငံပေါင်းများစွာက သန်းပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်များ ကျင်းပခဲ့ကြပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များကဲ့သို့ပင် ယူကရိန်း မွတ်စလင်များကလည်း တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုအခမ်းအနားကို ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈယ်ခြင်းနှင့် တမန်တော်မြတ်ကြီးအား ချီးကျူးစကားများပြောခြင်းဖြင့် စတင်ခဲ့သည်။
 
အဆိုပါအခမ်းအနားကို ယခင်နှစ်များနှင့်မတူ တမူထူခြားစွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး “The Heritage of the Islamic Civilization” (အစ္စလာမ့်လူ့အဖွဲ့အစည်း၏ အမွေအနှစ်များ) ခေါင်းစဉ်ဖြင့် ပြပွဲတစ်ရပ်လည်း ကျင်းပပြု လုပ်ခဲ့သည်။ ထိုပြပွဲတွင် တမန်တော် မုဟမ္မဒ်သခင်၏ မျိုးဆက်ဇယား၊ ကမ္ဘာတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များ၏ သမိုင်းမှတ်တမ်းများနှင့် ဓာတ်ပုံများ၊ မွတ်စလင်ကမ္ဘာ၏ ထင်ရှားသည့် သိပ္ပံဆိုင်ရာတွေ့ရှိချက်များ စသည်တို့ကို ခင်းကျင်းပြသထားသည်။ ၎င်းအပြင် အစ္စလာမ်ကို သက်ဝင်ယုံကြည်သော နိုင်ငံ ၁၂ နိုင်ငံမှ ရိုးရာဝတ်စုံများကိုလည်း ပြသထားပြီး ယူကရိန်းနိုင်ငံရှိ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သောလူမျိုးစုများမှာ စိတ်ချမ်းသာမှု ရှိကြောင်းကို လွယ်ကူစွာ ခံစားသိမြင်နိုင်သည်ဟု ပြပွဲသို့ တက်ရောက်လာသူတစ်ဦးက ပြောကြားခဲ့သည်။
 
ယူကရိန်းနိုင်ငံတွင် တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ထုံးတမ်း တစ်ခုဖြစ်လာခဲ့သည်။ နှစ်စဉ်နှစ်တိုင်းပင် အစ္စလာမ့် ယဉ်ကျေးမှုကို စိတ်ဝင်စားသော ယူကရိန်းနိုင်ငံသားများ တိုးတက်များပြားလာလျက်ရှိသည်။ ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံဟောင်း ယူကရိန်းနိုင်ငံ လူဦးရေမှာ ၂၀၁၁ ခုနှစ် မှတ်တမ်းဖော်ပြချက်များ အရ (၄၆ သန်းခန့်) ရှိပြီး ၄ % မှာ အစ္စလာမ်သာသနာဝင်များဖြစ်ကြောင်း သိရပါသည်။
Ref: PressTV
M-Media
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.