Saturday, January 26, 2013

စစ်တွေမှာ သံဃာတစ်ပါးကို လက်နက်တွေနဲ့ ဖမ်းဆီးမိ

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ဦးဣန္ဒောဘာသ ဆိုတဲ့ သံဃာတစ်ပါးကို လက်နက်တွေ၊ ကျည်ဆန်တွေနဲ့ မူးယစ်ဆေးဝါးတွေ နဲ့အတူ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ တယ်လို့ သိရပါတယ်။

အဲဒီသံဃာတော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ဘူးသီးတောင်ကို သွားရောက်ဖို့ပြင်ဆင်နေစဉ် စစ်တွေ မလိခ အမြန်ရေယာဉ်ဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ထံကနေ ပစ်စတို သေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဆံ ၂၆ တောင့်နဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား ၄၉၆၀၀ ပြား တွေ့ရှိခဲ့တယ်လို့ ဒေသခံ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တရားမဝင် WY ပန်းရောင် စိတ်ကြွဆေးပြားတစ်ခုရဲ့တန်ဖိုးဟာ ၃၀၀၀ နှုန်းရှိတဲ့အတွက် မနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ ကာလတန်ဖိုး ကျပ်ငွေသိန်းပေါင်း ၁၄၀၀ ကျော်ရှိတယ်လို့လည်း အရာရှိတွေက ဆိုပါတယ်။
 rfa. မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.