Tuesday, January 29, 2013

ယခုရက်ပိုင်းအတွင်း သာသနာရေးဝန်ကြီး အသစ်ခန့်အပ်ဖွယ်ရှိ

 ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
 မောင်လျောက် (မြန်မာမြေ)
 လက်ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓါတ်ပုံ DVB)
လက်ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓါတ်ပုံ DVB)
 
ယခုလက်ရှိကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အသစ်ကို ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။ယင်းသို့ခန့်အပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို နိုင်ငံတော်သမ္မတက အဆိုပြုထားကြောင်း ဇန်န၀ါရီလ ၂၂ရက်နေ့ကပြည်ထောင်စု လွှတ်တော်သို့ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
 
သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် အစိုးရသက်တမ်း ဒုတိယနှစ်အတွင်း မကြာခဏဆိုသလို ၀န်ကြီးနေရာများ အပြောင်းအလဲပြုခဲ့ပြီးနောက် မကြာခင်ကတာဝန်မှ အနားယူသွားသော လစ်လပ် ၀န်ကြီးများနေရာတွင် ယခုလို အစားထိုးခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ပါသည်။
 
လစ်လပ် လျက်ရှိသော ၀န်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဂ) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) တို့အရ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုရယူရမည်ဖြစ်ပြီး သရေစည်သူ ဦးဆန်းဆင့်အနေဖြင့် သာသနာရေးဝန်ကြီး ဖြစ်လာဖွယ်ရှိသည်။
 
နုတ်ထွက်လွှာတင်ပြီး အနားယူသွားသော ယခင် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် မှ အရင် နအဖ စစ် အစိုးရလက်ထက် ကတည်းက တာဝန်ယူခဲ့သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင်လည်း ဆက်လက် တာဝန်ယူခဲ့သည်။
 
သူရဦးမြင့်မောင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ယခင် ဆက်သွယ်ရေးဝန်ကြီး တစ်ဦးနှင့်အတူ တာဝန်မှ အနားယူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးဆန်းဆင့် အားအစားထိုးခန့်အပ်ခြင်းရန် လွှတ်တော်သို့ အတည်ပြုချက်ယူခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် များအနေဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အထူးတလည်လိုလားပြီး အသစ် ခန့်အပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး အနေနှင့်လည်း နိုင်ငံတွင်းရှိ ဘာသာရေးနှင့် ပတ်သက်သည့် ကိစ္စများကို အဓိက ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
 
ထိုပြင်မြန်မာနိုင်ငံတွင်းရှိ ဘာသာအသီးသီးမှ ဘာသာဝင်များကလည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိုတောင့်တလျက်ရှိပြီး အသစ်ခန့်အပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး အနေနှင့်လည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကို အထူးအရေးပေး ဆောင်ရွက်ပေးစေလိုကြောင်းသိရသည်။
 
နိုင်ငံတော်သမ္မတမှ သာသနာရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ရန်အဆိုပြုထားသော ဦးဆန်းဆင့်မှာလက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူဖြစ်ပြိး ယခင် နအဖ အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျဉ်းပချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။
M-Media
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.