Friday, July 13, 2012

ဘင်္ဂါလီ ရိုဟင်ဂျာ အခြေအနေ AI အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လစ်လျူမရှုသင့်ကြောင်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုပါတယ်။
RFA
အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့တော်က သတင်းထောက်များ အသင်းတိုက်မှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာများရဲ့ အခြေအနေအကြောင်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှပစိဖိတ်ရေးရာ စည်းရုံး လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုနေစဉ်။
အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့တော်က သတင်းထောက်များ အသင်းတိုက်မှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာများရဲ့ အခြေအနေအကြောင်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမြင်သဘောထားတွေကို မစ္စတာ တီ ကူးမားက ပြောဆိုခဲ့တာပါ။
သူက ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ဘာသာရေးကို အခြေခံပြီး ဖိနှိပ်ခံနေရကြောင်း၊ နိုင်ငံမဲ့ ဖြစ်နေတဲ့အတွက် ရရှိသင့်တဲ့ ပညာသင်ခွင့်၊ ခရီးသွားခွင့်တွေ ဆုံးရှုံးနေကြောင်း သူက ပြောပါတယ်။ ဒါ့အပြင် လူမျိုးတခုထဲကို ဦးတည်ပြဋ္ဌာန်းတဲ့ လက်ထပ် ထိမ်းမြားခွင့်ကိုပါ ဆုံးရှုံးနေတယ် လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် တွန်းအားပေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာက ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော် ပြောဆိုသင့်တယ်။ အမေရိကန် ခေါင်းဆောင်တွေနဲ့တကွ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုဖို့ တိုက်တွန်းကြဖို့ကိုလည်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောသွားပါတယhttp://www.rfa.org/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.