Thursday, July 12, 2012

ချီကာဂိုမှ မွတ်စလင် နှင့် ဂျူး စက်ဘီး အတူစီး၍ ချစ်ကြည်ရေးကို ဖော်ဆောင်


 ချီကာဂိုမှ မွတ်စလင် နှင့် ဂျူး စက်ဘီး အတူစီး၍ ချစ်ကြည်ရေးကို ဖော်ဆောင်



 7ဇူလိုင် ၉ ရက် ၂၀၁၂


ချီကာဂို မြို့မှ မွတ်စလင်နှင့်ဂျူး စက်ဘီးအတူစီးပြီး မတူညီတဲ့ ဘာသာနှစ်ခု ချစ်ကြည်မှုကို ပြသခဲ့ပါသည်။

တမန်တော် အေဘရာဟမ်၏ အနွယ်တော် ဘာသာဝင်များ ဖြစ်ကြသော မွတ်စလင် နှင့် ဂျူး များ သည် ချီကာဂို မြို့ ၏ ဗလီ မှ ဂျူးဘုရားကျောင်း (စင်နာဂုတ်) ရှိရာသို့ အတူတကွ စက်ဘီးစီးပြီး ခရီးနှင်ခြင်းအားဖြစ် ပိုမိုကောင်းမွန်သော ရင်းနှီး ချစ်ခင်ရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်လျက်ရှိပါသည်။

Julie Hochstadter က “ ကျနော်တို့မှာ ကွဲပြားခြားနားမှု ထက်စာရင် ဘုံတူညီမှုတွေများစွာရှိပါတယ် “ ဟု ၈မိုင် ရှိသော စက်ဘီးခရီးစဉ်၏ အဆုံးမှာ ပြောကြားသွားခဲ့ပါတယ်။ မွတ်စလင် နှင့် ဂျူး ကွန်မြူနတီ လှုပ်ရှားမှူအဖွဲ့မှ ဦးဆောင်ကျင်းပတဲ့ ထိုစက်ဘီးစီးခရီးစဉ် ကို မွတ်စလင် နှင့် ဂျူး စုပေါင်း ၆၀ ဦးခန့် ၀င်ရောက်ပါဝင် ဆင်နွှဲခဲ့ကြ့ပီး ချီကာဂို မြို့ ၏ ဘာသာ ကွဲ ၂ခုအကြား ပိုမို နီးစပ်မှုကို ဖေါ်ဆောင်နိုင်ခဲ့ပါတယ်။

သူတို့အားလုံး မနက်ခင်း ဗလီမှာ စတင်တွေ့ဆုံကာ နံနက်စာ အဖြစ် အာရပ် အစားအစာ ဘာကလာဗ နှင့် ငှက်ပျောသီး ကို မွတ်စလင် တို့နေစဉ် ၀တ်ပြုသော ၀တ်ပြုဆောင်နေရာ အတူတကွ စားသုံးကြပါတယ်။ နံနက်စာ စားသုံးပြီးနောက် ချီကာဂို ဗလီမှ ၈ မိုင်ခရီးအကွာအဝေးရှိတဲ့ ဂျူးဘုရားကျောင်း (စင်နာဂုတ်) ရှိရာသို့ စက်ဘီးဖြင့်စတင် ထွက်ခွါကြပါတယ်။

“ ကျနော် အမြဲယုံကြည်တာ တစ်ခုရှိတယ် မွတ်စလင် ရော ဂျူး ကွန်မြူနတီပါ ဒီချီကာဂိုမြို့မှာ အတူတကွ အခမ်းအနားများ ကျင်းပသင့်ပါတယ် ဒါမှလည်း ကမ္ဘာကြီးနဲ့ ပိုပြီး စပ်အပ်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဖော်ဆောင်နိုင်မှာပါ “ ဟု စက်ဘီးခရီးစဉ်မှာ ပါဝင်ဆင်နွှဲတဲ့ ယူနီဗာစတီ ပရောဖက်ဆာ လော၇င့် ဇိုလုတ် ကပြောကြားသွားခဲ့ပါတယ်။

တရားဝင်စာရင်း အတိအကျ မထုတ်ပြန်ထားသော်လည်း အမေရိကန် ပြည်ထောင်စုတွင် မှီတင်းနေထိုင်သော မွတ်စလင်လူဦးရေ ၈ သန်းနီးပါးမျှရှိနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ မြောက်အမေရိကတိုက် ဂျူး စာရင်းဇယားများ အရ အမေရိကန် ပြည်ထောင်စုတွင် ဂျူး လူဦးရေ စုစုပေါင်း ၆.၅ သန်းမျှ နေထိုင်လျက်ရှိပါတယ်။

ဘာသာရေး ယုံကြည်ချက် မတူသူများ အကြား ချစ်ကြည်ရေး

မွတ်စလင် နှင့် ဂျူး နှစ်ဘက်စလုံးက ဤစက်ဘီးခရီးစဉ် အောင်မြင်မှုကို ဘာသာရေး ယုံကြည်ချက်၂ခုအကြား ချစ်ကြည်မှုခရီး အစ ဖြစ်ကြောင်း ချီးကျူးပြောကြား သွားကြပါတယ်။

ချီကာဂို အစ္စလာမ်မစ် စင်တာရဲ့ မန်နေဂျာ မိုဟာမက် အူလာဟ် က “ ငါတို့ ရန်ဖြစ်ခဲ့ကြတယ် ဒါပေမဲ့ ငါတို့ဟာ ၀မ်းကွဲ ညီအကို တွေကဲ့သို့သာဖြစ်တယ် “ “ အမှန်က ငါတို့ အချင်းချင်း ချစ်ကြပါတယ်၊ အချင်းချင်း ဝေမျှမသုံးစွဲချင်ကြဘူး “ ဟုသူ၏ ထင်မြင်ချက်အား ပြောကြားသွားခဲ့ပါတယ်။

ထို့နောက် အခမ်းအနား တက်ရောက်ဆင်နွှဲသူအားလုံးက အလားတူ စုစည်းမှု အခမ်းအနားမျိုး မကြာခဏ ဆက်လက် ကျင်းပခြင်းအားဖြင့် မွတ်စလင် နှင့် ဂျူး တို့အကြား တင်းမာမှု့များကို လျော့ချ သွားနိုင်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။

“ ငါတို့ အားလုံးဟာ တက်ကြွတဲ့ မွတ်စလင် ၊ ဂျူး နှင့် အမေရိကန်နိုင်ငံသားများသာ ဖြစ်တယ် “

“ အမှန်က ငါတို့ဟာ ဒီနေ့မှာ အစ္စရေး နဲ့ ပါလက်စတိုင်းရဲ့ ပြသနာကို မဖြေရှင်းပေးနိုင်ဘူး ဒါပေမဲ့ ငါတို့ရဲ့ နှလုံးသားကလာတဲ့ ခွန်အားများကို စက်ဘီး ပဒဲလ် ပြား ဆီသို့ တွန်းပို့ပြီး တို့အချင်းချင်း ရင်းနှီးချစ်ခင်မှုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။” ဟု စက်ဘီးပါဝင်စီးနင်းသူ မလီစာ ဆိုင်မွန် မှပြောကြားသွားခဲ့ပါတယ်။ ဘာသာရေး ယုံကြည်ချက် မတူသူများ ဖြစ်တဲ့ တက်ကြွတဲ့ အမေရိကန် မွတ်စလင် နှင့် ဂျူး ခေါင်းဆောင်များ အတွက် သမိုင်းတွင်သော အောင်မြင်မှုဖြစ်ပါတယ်။

နယူရောက် အခြေစိုက် NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ “လူမျိုးစုများအကြား ချစ်ကြည်မှုတည်ဆောက်ရေး အဖွဲ့ကြီး” ကဦးစီးကျင်းပသော ဤ “ ဗလီများ နှင့် ဂျူးဘုရားကျောင်းများ (စင်နာဂုတ်) ကြားအတူတကွ ဆက်သွယ်မှု” အစီအစဉ်မှာ ဘာသာရေး ခံယူချက်မတူ ၊ လူမျိုးစု အသီးသီး ကွဲပြားကြသော အမေရိကန် လူအဖွဲ့အစည်းအကြား အချင်းချင်း ချစ်ခင်ရင်းနှီး အေးအတူပူအမျှ လက်တွဲနေထိုင်နိုင်ရေး အတွက် အစပျိုးပေး လိုက်ခြင်းပင်ဖြစ်ပေတော့သည်။

ဤ “ ဗလီများ နှင့်ဂျူးဘုရားကျောင်းများ (စင်နာဂုတ်) ကြားအတူတကွ ဆက်သွယ်မှု “ အစီအစဉ်ကို နာမည်ကျော်ကြား လူသိများသော မွတ်စလင် နှင့် ဂျူး အဖွဲ့ အစည်း အချို့ ဖြစ်သော မြောက်အမေရိကတိုက် အစ္စလာမ်မစ် စိုဆိုင်ရတီ (ISNA)၊ ကမ့ဂျူး ကွန်ဂရက် (WJC)၊ မွတ်စလင် ပြည်သူ့ အရေး ကောင်စီ (MPAC) နှင့် ကနေဒီယမ် ဂျူး နှင့် မွတ်စလင် အစိုဆီရေရှင်း (CAJM) တို့မှ ပါဝင် ကူညီဆင်နွှဲခဲ့ကြပါသည်။



ဘာသာပြန်-ဆောင်းသစ္စာ( စင်ကာပူရ်)

မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.