Monday, July 16, 2012
မြန်မာမွတ်စလင်မ်များ သတ်ဖြတ်ခံရမှု IUMS ရှုံ့ချ
မြန်မာနိုင်ငံတွင် မြန်မာမွတ်စလင်မ်များအား ခေတ်အဆက်ဆက်ဖိနှိပ်ညှင်းပမ်း၊ သတ်ဖြတ်မှုများကို ရှုံ့ချကြောင်းနှင့်
 ဖိနှိပ်ခံ မြန်မာ မွတ်စလင်မ်များ အရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့မွတ်စလင်မ်နိုင်ငံများ၊ ကမ္ဘာ့မွတ်စလင်မ်ထ
တစ်ရပ်လုံးနှင့် ကူညီထောက်ပံ့ရေး အဖွဲ့များ အနေဖြင့် မြန်မာမွတ်စလင်မ် အရေးတွင် ရပ်တည်မှုပေးကြရန် နိုင်ငံတကာ
 မွတ်စလင်မ် ပညာရှင်များ ယူနီယံ(IUMS)က ဇူလိုင်လ ၈ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် တစ်ရပ် ထုတ်ပြန် လိုက်သည်။
“ဗုဒ္ဓဘာသာအစိုးရ (မြန်မာအစိုးရ)ဟာ မြန်မာမွတ်စလင်မ်တွေ တစ်နေ့ပြီးတစ်နေ့ အစုလိုက် အပြုံလိုက်
 သတ်ဖြတ်ခံ နေရတာကို ပွဲကြည့် ပရိသတ် လိုမျိုး ကြည့်နေတဲ့ အပြုအမူဟာ ၀မ်းနည်းစရာကောင်း ....
လှပါတယ်။ မြန်မာမွတ်စလင်မ် တွေကို မြန်မာနိုင်ငံမှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှု သမိုင်း တစ်လျှောက
် လုံးမှာ ဒီဖြစ်ရပ်တွေဟာ အရက်စက်ဆုံး ဖြစ်ရပ်လို့ သုံးသပ်မိ ပါတယ်။”ဟု မင်းမဲ့စရိုက်တောင်ကုတ် လူသတ်ပွဲနှင့် ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဋိပက္ခတွင် မွတ်စလင်မ်များ တစ်ဖက်သတ် သတ်ဖြတ်ခံခဲ့ရမှုကို ရည်ညွှန်းကာ IUMS ၏ ကြေညာချက် တွင် ဖော်ပြထားသည်။
“လတ်တလောဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်မ်တွေ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရ
 မှုဟာ ၁၉၄၂ ခုနှစ်တုန်းက ဗုဒ္ဓဘာသာတွေက ရခိုင်မွတ်စလင်မ်တွေကို အစုလိုက် အပြုံလိုက် အလုံးအရင်း သတ်ဖြတ်မှုကြီးဆီကို သတိရစေပါတယ်။
အဲဒီတုန်းက မွတ်စလင်မ်တွေထောင်ချီပြီး ရှဟီးဒ်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၆၂ နဲ့ ၁၉၉၁ အတွင်း
 မွတ်စလင်မ် ၁.၅ သန်းကို နေရင်းရပ်ကနေ ဘင်္ဂလားဒေ့ရှ်ဆီ အင်အား သုံးပြောင်းရွှေ့စေခဲ့မှုကိုလည်း ပြန်လည် အမှတ်ရမိစေပါတယ်။”ဟု ကမ္ဘာ့မွတ်စလင်မ် ပညာရှင်များ ယူနီယံအဖွဲ့၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထား
 သည်။
ထို့အပြင် ရခိုင်မွတ်စလင်မ်တို့အား လူမျိုးတုံးသတ်ဖြတ်နေမှုအခြေအနေကို မွတ်စလင်နိုင်ငံ အသီးသီး၏
 အစိုးရများ နှင့် ကမ္ဘာ့မွတ်စလင်ထု တစ်ရပ်လုံးက စီးပွားရေးအရဖြစ်စေ၊ သံတမန်နည်းလမ်းဖြင့်ဖြစ်စေ သတိပေး တားဆီးကြရန်၊ ကမ္ဘာ့ ကုလသမဂ္ဂ အနေဖြင့်လည်း ဘာသာတရားယုံကြည်မှုကို အကြောင်းပြုပြီး ကျူးလွန်စော်ကားသော လုပ်ရပ်များ ကို
ကာကွယ်တား ဆီးပေးရန်၊ လူ့အခွင့်အရေးဆောင်ရွက်ကြသော အဖွဲ့အစည်းများမှလည်း လူမျိုးရေး မုန်းတီးမှု
 ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း ဖိနှိပ်ခံ မွတ်စလင်မ်ဘက်မှ မိမိတို့၏ တာဝန်ဝတ္တရား
 ရှိသည့်အတိုင်း ကူညီထောက်ပံ့ မှုများပေးရန် IUMS က မေတ္တာရပ်ခံထားပါသည်။
အထက်ပါကြေညာချက်ကို IUMS ၏ ဥက္ကဋ္ဌ ပရော်ဖက်ဆာယူစွဖ်အလ်ကရဒွါဝီနှင့် IUMS ၏ အထွေထွေ
 အတွင်းရေးမှူး ပရော်ဖက်ဆာ အလီအလ်ကွာရာဒဂ်ျဟီက လက်မှတ်ရေးထိုး ထားသည်။
ပရော်ဖက်ဆာယူစွဖ် အလ်ကရဒွါဝီသည် ၂၀၁၁ အတွက် ကမ္ဘာ့သြဇာအကြီးမားဆုံး မွတ်စလင်မ်ပညာရှင်
 အဖြစ် ရွေးချယ်ခံခဲ့ ရသူဖြစ်သည့်အပြင် အာရဗ်နွေဦးအရေးတွင်လည်း ဆန္ဒပြသူများဘက်မှ အစဉ်တစိုက
် ရပ်တည်ပေးခဲ့သူ ဖြစ်သည်။ ထို့အပြင် အာဏာရှင် ကဒါဖီအား တော်လှန်ရေးကာလတွင်လည်း ကဒါဖီအား သတ်ဖြတ်ပိုင်ခွင့်ရှိကြောင်း ဓမ္မသတ်ထုတ်ခဲ့သူဖြစ်သည်။ ထို့အပြင် ကမ္ဘာ့အကြီးဆုံးဖောင်ဒေးရှင်းဖြစ်သည
့် Quata Foundation ပေါ်ပေါက် လာစေရန် စည်းရုံးလှုံ့ဆော်ပေးခဲ့သူဖြစ်သည်။
ဒေါက်တာယူစွဖ်ကရဒွါဝီကို ၁၉၇၆ နှင့် ၂၀၀၄ တွင် Muslim Brotherhood အဖွဲ့က အဖွဲ့ခေါင်းဆောင်
 ရာထူး အတွက် ၂ ကြိမ် တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း ၄င်းက ငြင်းပယ်ခဲ့သည်။
ပြန်ဆိုသူ SK (MMM)
http://www.myanmarmuslim.net/news.php?extend.746
မှကူးယူဖော်ပြပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.