Wednesday, July 18, 2012

အစ္စလာမ်ဆန့်ကျင်ရေးလုပ်ရပ်များ သံတွဲရဲစခန်း လျစ်လျူရျု

အရေးပေါ်အခြေအနေ ကြေငြာထားသည့် ဒေသများအနက် တစ်ခု အပါအ၀င်
ဖြစ်သည့် သံတွဲမြို့တွင် အစ္စလာမ် ဆန့်ကျင်ရေး စာရွက် စာတမ်းများ ဝေငှမှုကို
အစိုးရရေတပ်မှ ဖမ်းဆီးမိ၍ ရဲစခန်းသို့ အပ်နှံခဲ့ သော်လည်း အရေးမယူဘဲ
ပြန်လွှတ်ပေးသည့် လှုပ်ရှားမှု တစ်ခု ပေါ်ပေါက်ခဲ့သည်။ “အသက်နှစ်ဆယ်
အစိတ် ၀န်းကျင် လူငယ် ၄ ယောက်က လှုံ့ဆော်ရေးစာတွေ ဝေတာပါ။
ကရီနာကား အနက်ရောင် ၁ဂ/၄၃၇၉ လို့ နံပါတ် အတုတပ်ပြီး ဝေခဲ့တာပါ”ဟု
သံတွဲမြို့ခံတစ်ဦးက myanmarmuslim.net သို့ပြောကြားသည်။ ....
ပြစ်မှုကျူးလွန်သူ လှုံ့ဆော်ရေးသမား လူငယ်များသည် သံတွဲမြို့နှင့် မိုင်အစိတ်
ဝန်းကျင် အကွာတွင်ရှိသည့် ကွင်းဝိုင်းရေတပ်စခန်းအနီး ပတ်ဝန်းကျင်ရွာများတွင်
ရခိုင်ဗုဒ္ဓဘာသာ - ရိုဟင်ဂျာ ပဋိပက္ခကဲ့သို့ ဖြစ်ပွားစေရန် အတွက် အစ္စလာမ်
ဆန့်ကျင်ရေး စာတမ်းများကို ယခုလ ၁၀ ရက်နေ့ကတည်းကနေ့စဉ်ရက်ဆက်
ဝေငှခဲ့ ကြောင်း သိရသည်။          
ကွင်းဝိုင်းရေတပ်စခန်းမှ အရာရှိ တစ်ဦးကိုယ်တိုင် ဦးဆောင်၍ ပြစ်မှုကျူးလွန်သူ
များကို ၁၂-၇-၂၀၁၂ နေ့တွင် ဖမ်းဆီး၍  သံတွဲမြို့မ ရဲစခန်းသို့ အပ်နှံခဲ့သော်လည်း
ရဲစခန်းက အရေးယူခြင်း မရှိဘဲ ၂၄-၇-၂၀၁၂ နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း
သိရသည်။
http://www.myanmarmuslim.net/news.php?extend.748 မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.