Tuesday, July 10, 2012

စစ်တွေ သဲချောင်းတွင် လှေမှောက်သောကြောင့် မွတ်စလင် ၅၀ ဦးသေဆုံး

 ဇူလိုင်လ ၇ ရက် ညနေပိုင်းအချိန်တွင် ရခိုင်ဗုဒ္ဓဘာသာ-ရိုပာင်ဂျာ ပဋိပက္ခတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံခြင်းကြောင့် ပေါက်တောဘက်သို့ ပြောင်းရွှေ့ ခိုလူံနေရသူများ သဲချောင်းသို့ပြန်အလာတွင် မွတ်စလင်ဒုက္ခသည်များ စီးနင်းလာသည့် စက်လှေတစ်စီးနစ်မြုပ်သဖြင့် ဒုက္ခသည် ၅၀ကျော် ခန့်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“စစ်တွေ မီဇံဘက်က လူတွေပါ၊ အိမ်တွေမီးရှို့ခံရလို့ ပေါက်တောဘက်ကို ရှောင်နေကြရတဲ့သူတွေပါ၊ အခုပြန်လာတဲ့အချိန် သဲချောင်း အ၀င်ဝမှာမြုပ်သွားတာပါ” ပာုသက်ကယ်ပြင်ရွှာတွင် နေထိုင်သူတစ်ဦး Myanmarmuslim.Net သို့ပြောကြားသည်။

မီဇံရပ်မှ ရခိုင်မွတ်စလင်မ်ဒုက္ခသည် ၁၂၀၀ ကျော်ခန့် ပေါက်တောဘက်သို့ တိမ်းရှောင်နေရာမှ နေရင်းရပ်သို့ မော်တော် ၁၁ စီးဖြင့်ပြန်လာရာ သဲချောင်းဝ အရောက်တွင် လှိုင်းထန်သဖြင့် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

စက်လှေနစ်မြုပ်မှုကြောင့် မွတ်စလင်မ် ဒုက္ခသည် ၅၀ ကျော်ခန့် သေဆုံးခဲ့ပြီး ၅ ဦးခန့်သာ အသက်ရှင်ကျန်ရစ်သည်။ “ အလောင်းကတော့ ဆယ့်တစ်လောင်းပဲ ပြန်ရတယ်၊သေတဲ့သူ အများစုကအမျိုးသမီးတွေ ကလေးတွေနဲ့ သက်ကြီးရွှယ်အိုတွေပါ၊ အမျိုးသား ငါးယောက်ပဲ ရှင်တယ်” ပာုအထက်ပါပုဂ္ဂိုလ် ကပင်ဆက်လက်ပြောကြားသည်။

သေဆုံးသူထဲ၌ စစ်တွေမြို့ တက္ကသိုလ်မှ ကထိက အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသူ ဒေါ်ခင်ရွှေ ပါဝင်ကြောင်း သတင်းရရှိပါသည်။

http://www.myanmarmuslim.net/comment.php?comment.news.741
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.