Thursday, July 12, 2012

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဒုက္ခသည် စာရင်းလိမ်


ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒုက္ခသည် စာရင်းလိမ်လည်မှု ကြောင့် မွတ်စလင်များ အခက်ကြုံ

၁၀.၇.၂၀၁၂







ရခိုင်ဒေသတွင်ရှိ ဒုက္ခသည်များအား ထောက်ပံ့ပေးနေသည့် WFP ထံ မွတ်စလင်ဒုက္ခသည်စာရင်း အရေအတွက်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထက်ဝက်ကျော်ခန့် လျှော့ပေါ့ တင်သွင်းခဲ့သည့် အတွက် ရိက္ခာ လုံလောက်စွာ မရရှိမှုများ ဖြစ်နေကြောင်း ဒါးပိုင် ဒုက္ခသည် စခန်းတွင် ခိုလှုံနေရသည့် ဒုက္ခသည် များ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ကို အရင်နေ့တွေက WFP က တစ်ရက် ဆန် အိတ် ၇၀ ပေးတယ်။ အခု ဒါးပိုင်စခန်းမှာ လူဦးရေ ငါးထောင်ပဲရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတ်မှတ်လို့ ဒီနေ့ ၂၅ အိတ်ပဲပေး ရတာပါ လို့ WFP က အဖြေပေးသွားတယ်”ဟု ဒါးပိုင်ဒုက္ခသည် စခန်းရှိ တာဝန်ရှိသူတစ်ဦးက myanmarmuslim.net သို့ ယမန်နေ့က ပြောကြားသည်။

ဒါးပိုင် ဒုက္ခသည်စခန်းတွင်.....

မွတ်စလင် ဒုက္ခသည် ၁၂၆၇၅ ဦးရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ WFP ထံ စာရင်း ပေးသွင်းသည့် လူဦးရေ ထက်ဝက်ကျော်ခန့် များပြားနေကြောင်း သိရသည်။

“ဒါ့အပြင် ရွာခံတွေက ခြောက်ထောင့်တစ်ရာကျော်ရှိတယ်။ သူတို့လည်း ရိက္ခာဝယ်လို့ မရလို့ ဒုက္ခရောက် နေကြတယ်။” အထက်ပါ ပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။

ရခိုင် ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခအပြီး မွတ်စလင်များအား စားနပ်ရိက္ခာ ရောင်းချမှုကို စစ်တွေနှင့် စစ်တွေ ၀န်းကျင်တွင် လူမျိုးစွဲဝါဒီ ရခိုင်အစွန်းရောက်များက တညီတညွတ် တည်းပြုလုပ်နေသဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မွတ်စလင်များစု စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

WFP က ဒုက္ခသည် ၆၆၀၀၀ အတွက် ထောက်ပံ့ရေးပစ္စည်း ၂၈၀၀ မက်ထရစ်တန်ကို ၃ လစီမံကိန်းဖြင့် ထောက်ပံ့သွား မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ကြေငြာချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့က ကယ်ဆယ်ရေးစခန်း ၇၂ ခု သတ်မှတ်ပေးခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေး စခန်းများမှာ မောင်တောနှင့် မောင်တောမြို့နယ် များတွင် ၁၁ ခု၊ စစ်တွေနှင့် စစ်တွေမြို့နယ် များတွင် ၅၇ ခု၊ ရသေ့တောင် တွင် ၄ ခုတို့ဖြစ်သည်။ ကယ်ဆယ်ရေးစခန်း ၇၂ ခုအနက် ၅၆ ခုမှာ ဗုဒ္ဓဘာသာဝင်များ အတွက် ဖြစ်ကြောင်း မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး ကော်မရှင်ကြေညာချက် အမှတ် ၄/၂၀၁၂ ကို burmapartnership.org တွင်ဖော်ပြချက်အရ သိရသည်။

ရခိုင်ဗုဒ္ဓဘာသာများထက် ပိုမိုများပြားသည့် မွတ်စလင်မ်ဒုက္ခသည်များအတွက်မူ ကယ်ဆယ်ရေးစခန်း ၁၆ ခုသာ သတ်မှတ်ပေးခဲ့သည်။


ရခိုင်ဗုဒ္ဓဘာသာ - ရိုဟင်ဂျာပဋိပက္ခကြောင့် လူပေါင်း ၉၀,၀၀၀ ၀န်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.