Monday, March 4, 2013

ဒီမိုကရေစီ မြေဇာပင်များ

 အာဘော်/ဆောင်းပါး — ၀၃ မတ်လ ၂၀၁၃
ဒီမိုကရေစီ မြေဇာပင်များ
 
ဒီကနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေကို စနစ်တကျ သုံးသပ်ကြည့်မယ်ဆိုရင် မြန်မာမွတ်စလင်မ် တွေ အတွက် အလွန်အမင်းစိုးရိမ်ဖွယ်ရာ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တွေဟာ အခုမှ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာ မဟုတ်ပါဘူး။ တစ်ပါတီအာဏာရှင် ဦးနေ၀င်းရဲ့ (မဆလ)ခေတ်ကစပြီး နိုင်ငံရေးထွက်ပေါက်အတွက် အသုံးချခံခဲ့ရတဲ့ မြေဇာပင်တွေပဲဖြစ်ပါတယ်။
ဒါတွေကို အခုအသက် ၅၀ ကျော်တဲ့ မွတ်စလင်မ်တိုင်း အမှတ်ရကြမှာပါ။ (မဆလ)ခေတ်ကုန် (န၀တ)(နအဖ) စစ်အစိုးရတွေလက်ထက်မှာလဲ ဒီလိုပဲ နိုင်ငံရေးရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြတာပေါ့။
 
အဲဒီနိုင်ငံရေး ကစားကွက်ရဲ့ သားကောင်တွေ ဖြစ်ခဲ့ အတိတ်တဘောင်တွေကို ယတြာချေခြင်း၊ မန္တလေး မဟာမြတ်မုနိ ၀မ်းဗိုက်တော်ထဲမှ ရွှေငွေ ရတနာများ ရယူခဲ့ခြင်းကြောင့် ထိုဖြစ်ရပ်ကို ဖုံးကွယ်ရန် အာရုံပြောင်း တိုက်ခိုက်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ပြည်သူလူထု စားဝတ်နေရေး ကြပ်တည်းခြင်းကြောင့် မိမိထက်လှည့်လာနိုင်သောမြှား ကို အော်တိုစနစ်ဖြင့် မွတ်စလင် အုပ်စုထဲ လှည့်ပြောင်းခြင်း၊ ဒေသဆိုင်ရာ အာဏာရှင်အချို့နှင့် ပူးပေါင်း၍ မွတ်စလင်များ၏ ပိုင်ဆိုင်မှုဓနအားကို လုယူခြင်း၊ စသည် စသည်ဖြင့် မိမိတို့အာဏာတည်မြဲရေးအတွက် အောက်လမ်းနည်းမျိုးစုံသုံး၍ အကာအကွယ်ရယူခြင်းများ ပြုခဲ့ပေသည်။
 
၎င်းအုပ်စုသည် မိမိတို့အာဏာတည်မြဲရန် အတွက် အာဏာဆုံးရှုံးအောင် ပြုလုပ်မည်ဟု ယူဆရသူ ဗုဒ္ဓဘာသာဝင်များကိုလည်း အင်အားသုံး၍ ကောက်ကျစ်သော နည်းဖြင့် ဆုံးမခဲ့ခြင်းများ ကိုပင် ပြုခဲ့သည်ကို အားလုံးမေ့ကြမည်မဟုတ်ပါ။ဥပမာ ကျောင်းသားသမဂ္ဂဖြိုခွဲခြင်း၊ ဦးသန့် အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ဒီပဲယင်း လူသတ်ပွဲ၊ ရွှေဝါရောင်သံဃာများ ရှင်းလင်းရေး စသော ထင်ရှားသော အင်အားသုံးဖြိုခွဲသော လုပ်ရပ်များကိုပင် မြိန်ရည်ရှက်ရည်ပြု ခဲ့ကြသည့်အပြင် ယခု ၂၀၁၂-၁၃ တွင် ကချင်တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများ၊ ကရင်တိုင်းရင်းသားများကိုပင် ပြားပြားဝပ်အောင် လက်နက်ကြီးများ သုံး၍ အင်အား အလုံးအရင်းဖြင့် စစ်ပွဲများ တရစပ် ပြုလုပ်ကာ ကျည်ဆန်မိုးများ သွန်ချ၍ လူမြောက်မြား ကစားကွက်တွေရဲ့ ယေဘုယသဘောကို ခြုံငုံပြောရမယ်ဆိုရင် မွတ်စလင်မ်တို့သည် ခေတ်အဆက်ဆက်ကပင် အစဉ်အလာအရ နိုင်ငံရေး သားကောင် ဖြစ်ပေးကြရသကဲ့သို့ ယခုအခါ ဒီမိုကရေစီ အစိုးရဟု နာမည်လှလှ သုံးကာအုပ်ချုပ် မင်းလုပ်နေသော ဗိုလ်ချုပ်ကြီး သိန်းစိန်တစ်ဖြစ်လဲ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပို၍ပို၍ ဆိုးရွားသော အခြေအနေသို့ ပို့ဆောင်နေပြီးဖြစ်ပေသည်။
 
ရခိုင်ပဋိပက္ခကို စနစ်တကျ အကွက်ဆင် ဖန်တီးပြီး မွတ်စလင်မ်လူဦးရေ တိုးနှုန်းကို သေဆုံး ခြင်းဖြင့်လည်းကောင်း၊ ထွက်ပြေးခြင်းဖြင့် လည်းကောင်း စီစဉ်ဖန်တီးခြင်းမှာ ၂၀၁၂ ခုနှစ်၏ ထင်ရှား သော သာဓကတစ်ခုပင်ဖြစ်ပေသည်။ ရခိုင်ပဋိပက္ခဖန်တီးခြင်းကြောင့် ရခိုင်နှင့် မွတ်စလင်မ် ၂ အုပ်စုလုံး အမြတ်မရဘဲ အနုတ် လက္ခဏာပြခဲ့သည်ကို စနစ်တကျ လေ့လာမည်ဆိုပါက ဘွားကနဲ ပေါ်လာနိုင်ပါသည်။ ဤရခိုင် ပဋိပက္ခ အနည်းငယ်ငြိမ်သက် လာသည်တွင် မွတ်စလင်မ်တို့အတွက် ကံဆိုးစေသော အခြေအနေများ ဆက်လက်ပေါ်ပေါက်လျက်ရှိလာပါသည်။ ဤသည်မှာ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲရာ တွင် သံဃာတော်များအား မီးလောင်ဗုံးသုံးခြင်း မှန်ကန်ကြောင်း (ဖော့စပါးရပ်)ပါသော ဓာတု လက်နက်များ သုံးခဲ့ကြောင်း ပေါ်ပေါက်လာသည့်အတွက် ပြည်သူလူထုမှ ထိုလက်နက်သုံးစွဲရန် အမိန့် ပေးသူ ခေါင်းဆောင်ကို ဖော်ထုတ်အရေးယူရန်နှင့် ၀မ်ပေါင်ကုမ္ပဏီကို စီမံကိန်းရပ်စဲမောင်းထုတ်ရန် ကျယ်လောင်စွာ တောင်းဆိုလာခြင်း၊ တစ်ဆက်တည်းမှာပင် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ပေးရန်- တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ထုတ်ပယ်ရန် ပြည်တွင်းပြည်ပမှ သံပြိုင်ညီညာ စွာ တောင်းဆိုမှုများ ပီပြင်လာပြီဖြစ်ပေသည်။
 
ထိုအခြေအနေများနှင့်အတူ ၂၀၁၅ ရွေးကောက်ပွဲကြီးသည်လည်း တဖြည်းဖြည်းနှင့် နီးကပ် အထက်ပါအခြေအနေအရပ်ရပ်ကြောင့် လက်ရှိအစိုးရသည် ကန့်လန့်ကာနောက်ကွယ်သို့ ၀င်၍ ချောက်ထဲကျအံ့ဆဲဆဲ နိုင်ငံတော်ကြီးအား အချိန်မီ ကယ်တင်ရမည့် ကယ်တင်ရှင်ကြီးများ ဇာတ်ထုတ်အသစ်ဖြင့် ဇာတ်ကြမ်းတိုက်၍ ပြန်လည်ကပြ အသုံးတော် ခံရတော့မည်ဖြစ်ပေသည်။ ထိုအခြေအနေ ပေါ်ပေါက်အောင် ဘာလုပ်ရမည်နည်း။ ယခင်သုံးနေကျ စာအုပ်ကြီးအတိုင်း တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် အမြန်ဆုံး အစွမ်းကုန် ဖန်တီးရတော့မည်ဖြစ်ပေသည်။
 
ရခိုင်ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ယခုအခါတွင် ဘာတွေ ထပ်မံဖြစ်နေပါသနည်း။ ရခိုင်ပဋိပက္ခ ဖြစ်ပေါ်နေစဉ်မှာပင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို မီးစများထိုး၍ ပြဿနာကို တည်ထားပြီး ဖြစ်ပေသည်။ ထို့နောက်တွင်တော့ ပါမစ်ရယူ၍ ပွင့်လင်းမြင်သာစွာ တည်ဆောက်သော သာကေတ
ရှိ ဘာသာရေးစာသင်ကျောင်းသား အမိုးအနည်းငယ် မြှင့်သည်ကို အကြောင်းပြ၍ ဆူပူအုံကြွမှု တစ်ရပ်ပေါ်ပေါက်စေခဲ့ပါသည်။ ထိုအချိန်နှင့် တစ်ဆက်တည်း ဆိုသလိုပင် မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘီလင်းမြို့၊ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့၊ လပွတ္တာမြို့၊ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့တို့တွင် မီးစ အနည်းငယ်စီထိုးထားပြီးဖြစ်ပေသည်။ တစ်ဖန် အသံသဲ့သဲ့ကြားရသည်မှာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ဘာသာရေးစာသင်ကျောင်းများ၊ ယာယီဝတ်ပြုဆောင်များကို မေတ္တာ တရားကို အထူးအလေးထားသော ဗုဒ္ဓ၀ါဒီများဖြစ်သော တစ်နည်းအားဖြင့် ထူးကဲမေတ္တာရှင် မြတ်ဗုဒ္ဓ၏ သားတော်ဟုပင် တင်စားကြကုန်သော ရဟန်းသံဃာတော်အချို့ကို ၂၁ ရာစုဗုဒ္ဓ ဘာသာ တရားတော်အသစ်များကို ရန်ကုန်မြို့လုံးအနှံ့ ထူးခြားဆန်းပြားစွာ တရားပွဲများ ကျင်းပစေ၍ အတ္တ ၀ါဒများ၊ အမုန်းများ၊ တိုက်ပွဲခေါ်သံများ၊ လူသတ္တ၀ါသုတ်သင်ရေးများ စသည် မတရားမှုများကို လူများစုပြီးဖြစ်ကြောင်း အသံများထွက်ပေါ်လျက်ရှိပေသည်။
 
ထိုအခြေအနေတွင်တရားအဖြစ် လုပ်ကြံဖန်တီး၍ နေရာအနှံ့အပြား ဟောကြားစေကာ ဆူပူအုံကြွမှုဖြစ်စေရန် တမင်ဘာသာရေး အသုံးချဗျူဟာ အသစ်များ ချမှတ်ကာ လုပ်ဆောင်လာချေပြီး အကွက်ချဖန်တီးသူဖြစ်လိုသော ဆန္ဒမှာ မွတ်စလင်မ်ကျောင်းသားများ ၀တ်ပြုဆောင်များကို လူအုပ်စုဖြင့် ဖျက်စီးစေခြင်း၊ ဗုဒ္ဓဓမ္မနှင့် လားလားမျှ မပတ်သက်သော အမုန်းတရားများကို တရားများအဖြစ် ဟောပြောစေကာ ဗုဒ္ဓဘာသာဝင်အများစုမှ မွတ်စလင်မ်များကို မုန်းတီးရွံရှာစေ၍ တစ်ဖက်အုပ်စုမှလည်း မခံမရပ်နိုင်ဖြစ်ကာ ထိပ်တိုက်တွေ့ဆုံပြီး ကြီးမားသော ပြဿနာ တစ်ရပ် ပေါ်ပေါက်အောင် ရည်ရွယ်လုပ်ဆောင်နေခြင်းသာ ဖြစ်ပေသည်။ ဤသို့ အုတ်အော်သောင်းနင်းဖြစ်လာ မှသာ ၎င်းတို့ ရည်ရွယ်ထားသော နောက်ပြန်လှည့် ဇာတ်လမ်းကို မလွဲမသွေ စ၍ရမည်ဟု ယုံကြည်၍ ဤဇာတ်နာစေသော အကြမ်း/အလွမ်းဇာတ်ကို စတင်အကောင်အထည်ဖော် ကပြနေခြင်းသာဖြစ် ဤအစီအစဉ်အောင်မြင်ပါက မွတ်စလင်မ်များ ထိခိုက်နစ်နာမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီအတွက် အသက်သွေးချွေးနှင့် ဘ၀တစ်ခုလုံးရင်းနှီးမြှုပ်နှံထားသောဒီမိုကရက်တစ်များသည်လည်း ကြီးမားသော ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင် ရပေတော့မည် ဖြစ်ပေသည်။
 
ယခုဖြစ်ပေါ်နေသော ပြဿနာများသည် ဗြဟ္မစိုရ်တရားလက်ကိုင်ထားသော ဗုဒ္ဓဘာသာ ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်များ လုံးဝ ပတ်သက်ခြင်း မရှိသည်ကို မွတ်စလင်မ်များ ကောင်းစွာ သဘောပေါက်၍ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးရှိ အစ္စလာမ်ဘာသာဝင်များသည် အောက်ပါ အတိုင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပြုရန် အထူး လိုအပ်ပါသည်။
 
အစ္စလာမ်ဘာသာဝင် အချင်းချင်း သွေးစည်းညီညွတ်ကာ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပိုမိုရင်းနှီးချစ်ခင်စွာ ပူးပေါင်း၍ သဘောထားကြီးသော စိတ်ဓာတ်များ၊ ခွင့်လွှတ်သည်းခံသော စိတ်ဓာတ်များဖြင့် စုပေါင်းလက်တွဲကာ ပွင့်လင်းသော အနေအထားများဖြင့် ဆွေးနွေး ညှိနှိုင်းတိုင်ပင် လုပ်ဆောင်ရန် အထူးသတိပြု လုပ်ဆောင်လျင် မုချဧကန် ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြ မည်ဖြစ်သည်။ အာဃာတများ၊ မုန်းတီးမှုများ၊ မနာလိုမှုများ၊ သဘောထားသေးသိမ်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများ၊ ကုလားဆန်စွာ နေထိုင်ပြုမူဆောင်ရွက်မှုများ ရှိနေသည် ဆိုလျှင် မုချဧကန် ကြီးမားသောဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်ကို သတိပြုဆောင်ရွက်ရမည့် အရေးပေါ်ကာလတစ်ခုအဖြစ် မှတ်ယူထားကြရန်လိုအပ်ပါသည်။
 
ယခုပြဿနာများတွင် မွတ်စလင်ဆန့်ကျင်ရေး လုပ်ဆောင်နေသူများသည် ဒီပဲယင်းကိစ္စ၊ ရွှေဝါရောင်အရေးအခင်းများတွင် လူထုကို ရန်ပြု ဒုက္ခပေးခဲ့သော ကြေးစား ပုဆိန်ရိုးများကဲ့သို့သော ကြေးစား အကြမ်းဖက်အုပ်စုတစ်စုသာ ဖြစ်ပေသည်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာနှင့် ပြည်သူ အများစုမှာ ရိုးသားစွာဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဤဖြစ်ရပ်များကို ၀မ်းနည်းကြေကွဲနေသူများ အမြောက်အမြား ရှိနေသည်ကို မွတ်စလင်မ်များ သဘောပေါက်ရန် လိုအပ်မည်ဖြစ်သည်။
 
ယခုကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်းရာတွင် ဒီမိုကရေစီကို မြတ်နိုးတန်ဘိုးထားသော NLD ပါတီမှ ပုဂ္ဂိုလ်များ၊ ရွှေဝါရောင်သံဃာများနှင့် ဗုဒ္ဓ၏ အမွေခံ သံဃာအစစ်အမှန်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရက်တစ် ကျောင်းသားများ၊ နိုင်ကျဉ်းအဖွဲ့သားများ၊ ငြိမ်းချမ်းရေးကွန်ရက်များမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုးစုံများ ခရစ်ယာန်နှင့် ဟိန္ဒူဘာသာဝင်များ ကို အမြန်ဆုံးတွေ့ဆုံဆွေးနွေး၍ ၎င်းတို့နှင့် မဟာမိတ်ရယူကာ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြရ ဆူပူမှုဖြစ်စေရန် တာစူနေသော မြို့နယ်များ၊ ရပ်ကွက်ကျေးရွာများကို အမြန်ဆုံး စာရင်း ကောက်ယူ၍ ဖြစ်စဉ် များကို အချိန်နှင့် တစ်ပြေးညီ ပြည်တွင်း၊ ပြည်ပရှိ သတင်းဌာန အသီးသီးသို့ အမြန်ဆုံးပေးပို့ လုပ်ဆောင်ခြင်းပြုရပါမည်။
 
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ OIC အဖွဲ့ဝင်နိုင်ငံများ အမေရိကန်အပါအ၀င် ပြည်တွင်းရှိ သံရုံးများသို့ ဖြစ်ပေါ်မှုအခြေအနေ အရပ်ရပ်ဖြစ်စဉ်များ၊ မှတ်တမ်းဓာတ်ပုံများကို အမြန်ဆုံး ပေးပို့ကာ နောင်မကြာမီ ဖြစ်ပေါ်လာမည့် အခြေအနေဆိုးများကို ခန့်မှန်း သုံးသပ်ချက်များအား
အလျင်အမြန် ပေးပို့၍ နိုင်ငံတကာ အကူအညီကို အမြန်ဆုံးရရှိအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက် အစ္စလာမ်ဘာသာဝင် ငွေကြေးတတ်နိုင်သူများမှ မိမိတို့ ပိုင်ဆိုင်သော ဓနအားဖြင့် ကြိုတင် သတိရယူခြင်းများ ပြုရမည့် အပြင် အကူအညီပေးမည့် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်များ၊ ဟိန္ဒူများကို အမြန်ဆုံးဆက်သွယ် စုစည်းကာ အကူအညီရယူမှုများအား ဆောင်ရွက်ထားရမည့်အပြင် ပဋိပက္ခ နှိမ်နင်းမှု ကူညီဆောင်ရွက်မည့် အုပ်စုအတွက် သယ်ယူပို့ဆောင်ရေးယာဉ်များ အဆင်သင့် ထားရှိဆောင်ရွက်ခြင်းပြုရပါမည်။
 
အခြေအနေသည် နိုင်ငံရေး နောက်ပြန်လှည့် ပွဲသိမ်းရိုက်ချက် ဖြစ်သောကြောင့် ဤပြဿနာကြောင့် အစ္စလာမ်ဘာသာဝင်များ နစ်နာမည်ဖြစ်သကဲ့သို့ အသက်နှင့် ဘ၀များဖြင့် ရင်းနှီးရယူထားရသော ဒီမိုကရေစီ ပျက်သုဉ်းမည့်အခြေအနေသို့ ဦးတည်နေသည်ဖြစ်၍ အစ္စလာမ်ဘာသာဝင်များနှင့်အတူ ဒီမိုကရေစီလိုလားသော မြန်မာလူထု တစ်ရပ်လုံးနှင့် အပြီးသတ် လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်ပါကြောင်း ကြေငြာမောင်းခတ်ကြပါစိုး။မြန်မာပြည်သူများ စုပေါင်း လက်တွဲ၍ အမှန်တရားကို ရယူနိုင်ကြပါစေ။ တွန်းလှန်တိုက်ခိုက်ခြင်းဖြင့် မသူတော်များ လုံးဝ ချုပ်ငြိမ်းအောင်
 
စိန်စံထိုက်
 
မြန်မာမွတ်စလင်မ် net 

No comments:

Post a Comment

Note: Only a member of this blog may post a comment.