Tuesday, March 5, 2013

ယူအေအီး ခလီဖွာဖောင်ဒေးရှင်းမှ ရခိုင်သို့ စားနပ်ရိက္ခာ တန်ချိန် ၂၆၀၀ ထပ်မံပေးပို့ လှူဒါန်း

4

မတ်လ ၃ ၊ ၂၀၁၃

A_Muslim_Rohing
Khalifa bin Zayed လူသားစာနာမှုဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်မှ မွတ်စ်လင်မ် ဒုက္ခသည်များထံသို့ တန်ချိန် ၂၆၀၀ ရှိ စားနပ်ရိက္ခာအထောက်အပံ့များ ပေးပို့လှူဒါန်းကြောင်း Wam အေဂျင်စီက ဆိုသည်။
 
၎င်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွက် အရေးပေါ်ကယ်ဆယ်ရေးစီမံကိန်းလျာထားချက်ရိက္ခာ တန်ချိန်ပေါင်း ၅၂၀၀ မှ တတိယအကျော့နှင့်နောက်ဆုံး အသုတ် ပေးပို့ခြင်းဖြစ်သည်။ ယင်းကယ်ဆယ်ရေး ရိက္ခာများကို လူပေါင်း ၈ သိန်းခွဲမှ အကျိုးခံစားခဲ့ရသည်။

ဤစီမံချက်သည် အဓမ္မနေရပ်အိုးအိမ်စွန့်ခွာစေခြင်းခံရသော ရိုဟင်ဂျာမွတ်စ်လင်မ်များအား အရေးပေါ်ကူညီမှုပေးနိုင်ရန် ယူအေအီးနိုင်ငံ သမ္မတ ရှိုင်းခ် ခလီဖဟ်၏ စီစဉ်ညွှန်ကြားချက်အောက်မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
အမျိုးသား၊ အမျိုးသမီးနှင့်ကလေးငယ်များအတွက် အ၀တ်အထည်၊ အခြေခံစားသောက်ကုန်အပါအ၀င် ယင်းအထောက်အပံ့များကို မြန်မာနိုင်ငံရှိဈေးများမှ ၀ယ်ယူပြီး ရခိုင်ပြည်နယ်သို့ ရေကြောင်းဖြင့် ပို့ဆောင်ခဲ့သည်။
 
Ref: www.thenational.ae
 
M-Media  သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.