Friday, March 29, 2013

အကြမ်းဖက်မှုကြောင့် မင်းလှမြို့တွင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို သံဃာ(၄)ပါး နှင့် ဗုဒ္ဓဘာသာဝင်အချို့ မှ ကယ်ထုတ်ပေးခဲ့

 မတ်လ ၂၈၊ ၂၀၁၃
 သတင်း- ၀ါးပင်လေး
 
ယနေ့ ည(၁၁)နာရီ ၁၀မိနစ် အချိန်တွင် ပဲခူးတိုင်း ၊ မင်းလှမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို ဒေသခံ သံဃာလေးပါး နှင့် ဗုဒ္ဓဘာသာဝင် တချို့တို့မှ ကယ်ထုတ်လာ၍ ရန်ကုန်မြို့ ရှိ ဗလီဝတ်ကျောင်းတော် တခုသို့ လာရောက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရာ-“ အခုပဲ မင်းလှ ကနေ ကားနှစ်စီး ရှေ့ဆင့် နောက်ဆင့် ၀င်လာပါတယ်။ပထမ ကားမီနီဘက်စ် ကားအကြီးပေါ်မှာ ကလေးတွေရယ်၊ အမျိုးသမီးတွေရယ် အများစုပါလာတယ်။ဦးဇင်းတစ်ပါးက ဦဆောင် ခေါ်လာပေးတယ်။နောက် တစ်စီးမှာလည်း ကလေးတွေရယ် ၊မိန်းကလေးတွေရယ် က အများစုပဲ အဲဒီ့ ကားထဲမှာတော့ ဦးဇင်း သုံးပါးရယ်၊ ဗုဒ္ဒဘာသာဝင် အမျိုးသမီး တစ်ယောက်ရယ် က လိုက်ပို့ပေးကြတာပါ။ကားမောင်းတဲ့ ဒါရိုက်ဘာ ဦးလေးကြီးတွေကလည်း ဗုဒ္ဓဘာသာဝင်တွေပါ” ဟု ဒုက္ခသည်များကို လက်ခံရာ ဗလီဝတ်ကျောင်းတော် အနီး နေထိုင်သူ ပြည်သူ တစ်ဦးမှ M-Media သို့ပြောသည်။
 
“ဟော ခုပဲ ဟိုင်းလက် ကားတစ်စီး ထပ်ဝင်လာပါတယ်။အယောက် (၃၀) နီးပါး ပါလာတယ်။ကားပေါ်မှာလည်း ထမင်းထုတ်လေးတွေ ချိတ်ထားတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးမှ M-Media သို့ပြောကြားသည်။
M-Media    သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.