Saturday, March 9, 2013

အမျိုးသားရေးမို့ကူညီပါတဲ့

အာဘော်/ဆောင်းပါး — ၀၈ မတ်လ ၂၀၁၃

အမျိုးသားရေးမို့ကူညီပါတဲ့
 အမျိုးသားရေးမို့ကူညီပါတဲ့
 
ကိုကိုး
 
အမျိုးသားရေးမို့ကူညီပါတဲ့ နားမလည်တဲ့သူကို နားလည်တဲ့သူက ခွင့်လွှတ်လိုက်ပါတဲ့ ……။ မသိတဲ့သူကို သိတဲ့သူက ရှင်းပြလိုက်ပါတဲ့ …..။ ဖော်ပြပါစကားစုလေးသည် စာရေးသူငယ်စဉ်က စာရေးသူ၏ ဆရာတစ်ဦးဆုံးမခဲ့သော စကားစုဖြစ်ပါသည်။ တစ်နေ့တွင် စာရေးသူအိမ်၌ရှိနေစဉ် စာရေးသူ၏ မိတ်ဆွေတစ်ယောက် ပျာပျာသလဲရောက်ရှိလာသည်။ စာရေးသူအား….. စိတ်မရှိပါနဲ့နော်။ ရင်းနှီးလွန်းလို့ပါ။ အမျိုးသားရေမို့ကူညီပါတဲ့…..။ ဘာကိစ္စများလည်းဟု စာရေးသူကမေးကြည့်ရာ ရန်ကုန်မြို့က အစ္စလာမ်ဝတ်ပြုကျောင်းတွေမှာ နေ့စဉ်အော်သံ တွေ ကြားနေရတယ်။ အဲဒီအော်သံတွေက ကျုပ်တို့ဘာသာခြားတွေကို တိုက်ခိုက်နေကြတာလို့ တရားပွဲ သွားနားထောင်တဲ့အခါ ဆရာတော်ဦးသောမ(ဒေးဒရဲ)က ဟောလိုက်တာကြားခဲ့ရတယ်။ အဲဒါတကယ်လားလို့ ကျုပ်သိ ချင်တယ်ဗျာလို့ စာရေးသူမိတ်ဆွေကို ဆိုလာတယ်။ ပြီးတော့ မိတ်ဆွေက ပြောလိုက်သေးတယ်။ ကျုပ်ဘ၀မှာ အထွဋ်အထိပ်ထားတဲ့ ဆရာတော်က သီတဂူ ဆရာတော်ပါတဲ့ ဒီဆရာတော်ကြီးက ဘာသာစကားတော်တော်များများကို နာလည်တဲ့ဆရာတော်။
 
အထူး သဖြင့် အိန္ဒိယကိုရောက်သွားတော့ သူတို့လူမျိုးတွေ ဘာသာစကားကို သုံးပြီးတရားဟောပြခဲ့တာ ကျုပ်သိထား တယ်။ အဲဒီတော့ ဆရာတော်ဦးသောမ(ဒေးဒရဲ) ဟောသလို အစ္စလာမ်ဘာသာဝင်တွေက သူတို့နဲ့ဘာသာ မတူသူတွေကို ကျိန်စာတိုက်နေတာမှန်ခဲ့ရင် သီတဂူဆရာတော်က လက်ခံပါမလားလို့ ကျုပ်တွေးမိတယ်။ လက်ခံမှာမဟုတ်ဘူးဆိုတာလည်း ကျုပ်ခိုင်ခိုင်မာမာ ယုံကြည်ထားတယ် ဒါပေမဲ့ သူတို့ဗလီဝတ်ကျောင်းတော် တွေက နေ့စဉ်အော်နေတဲ့အသံတွေက ဘာအဓိပ္ပာယ်ဆိုတာတော့ ကျုပ်သေသေချာချာ သိချင်တယ်။ နားလည်တဲ့သူကို မေးကြည့်ရအောင်ဗျာတဲ့…..။ ဒါနဲ့စာရေးသူတို့ နားလည်တဲ့သူထံရောက်မေးကြည့်တဲ့အခါ အောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။
الله اكبر، الله اكبر، الله اكبر، الله اكبر
အလ္လဟ်ဟုအတ်က်ဗရ် (၁) အလ္လာဟ်အရှင်မြတ်သည် အကြီးကဲဆုံး အထွက်မြတ်ဆုံး ဖြစ်တော်မူ၏။ (၄ကြိမ်)
اشهد ان لااله إلا الله، اشهد ان لااله إلا الله
 အရှ်ဟဒု အလ်လာဟိလားဟ အိလ်ဟလ္လာဟ် (၂) အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားကိုးကွယ်ရာမရှိကြောင်း ကျွန်တော်မျိုးသက်သေ ခံခဲ့ပါ၏။ (၂ကြိမ်)
اشهد ان محمدا رسول الله، اشهد ان محمدا رسول الله
 အရှ်ဟဒုအန်းနမုဟမ္မဒန် ရစူလုလ္လာဟ် (၃) မုဟမ္မဒ် သည် အလ္လာဟ်အရှင့် ရစူလ် တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံ ပါသည်။ (၂ကြိမ်)
حى على الصلاة، حى على الصلاة
 ဟိုင်းယအလဆ်ွဆွလာဟ် (၄) ဆွလာသ် ၀တ်ပြုရန်လာရောက်ကြကုန်တော့။
حى على الفلاح، حى على الفلاح
 ဟိုင်းယ အလလ်ဖွလာဟ် (၅) အောင်မြင်ခြင်းဘက်သို့ လာရောက်ကြကုန်လော့။
الله اكبر، الله اكب
ر အလ္လာဟုအတ်က်ဗရ် (၆) အလ္လာဟ်အရှင်မြတ်သည် အကြီးကဲဆုံး အထွက်မြတ်ဆုံး ဖြစ်တော်မူ၏။ (၂ကြိမ်)
لااله إلاّ الله လာအိလားဟအိလ္လ္လလ္လာဟ် (၇) အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခ၀ပ်ကိုးကွယ်ရာမရှိပါ။ (၁ကြိမ်)
 
လိုရင်းအချုပ်ကတော့ ၀တ်ပြုရန်အချိန်ကျ၍ ၀တ်ကျောင်းတော်သို့ လာရောက်ကြရန် ဖိတ်ခေါ်နေတဲ့ အသံ (တစ်နည်း) ကောင်းမှုအတူပြုကြရန် စည်းရုံးနေသည့် မင်္ဂလာရှိလှသော ရည်ရွယ်ထားသည့် အသံတစ်ခု ဖြစ်နေ ကြောင်း သိခဲ့ကြရသည်။ အိမ်ပြန်လမ်း၌ စာရေးသူမိတ်ဆွေသည် ခေါင်းငိုက်စိုက်ချ၍ လျှောက်ပြန်လာသည်။ စာရေးသူမှ မေးကြည့်ရာ…..ဟို-တရားဟောသွားသည့် ဆရာတော်ဦးသောမ (ဒေးဒရဲ) အတွက်စိတ်မကောင်း ဖြစ်လွန်း လို့ပါ။ သူတစ်ပါးဘာသာအကြောင်း သေချာမသိဘဲနဲ့ ပုတ်ခတ်ပြောတာ သိပ်ရှက်ဖို့ကောင်းတယ်ဗျာ…..။
 
 ပြီးတော့ ပြောတဲ့သူက ဘာသာတစ်ခုရဲ့ခေါင်းဆောင်အဖြစ် ခံယူထားတဲ့ ဆရာတော်…..တရားနာပရိသတ် အမှတ်မှားသွားရင် သံသရာအဆက်ဆက် အကုသိုလ်ဖြစ်ကုန်မှာလေတဲ့…..။ စာရေးသူက အဲဒီအချိန်မှာ စာရေးသူမိတ်ဆွေအတွက် အားပေးရန် စကားတစ်ခွန်းသာ ကျန်ပါသည်။ ဘာတဲ့…. နားမလည်သူကို နားလည်တဲ့သူက ခွင့်လွှတ်လိုက်ပါတဲ့….။ အားလုံးနားလည်ခွင့်လွှတ်နိုင်ကြပါစေ…..
 
မှ ကူးယူဖော်ပြပါသည်။
   

No comments:

Post a Comment

Note: Only a member of this blog may post a comment.