Monday, March 11, 2013

Malaysia Relif Association NGO အဖွဲ့ မှ ရခိုင်မှ ဒုက္ခသည်များ အတွက် ထပ်မံ သွားရောက် လှူဒါန်း


Malaysia Relif Association
MRA(Malaysia Relif Association) ရဲ့ ဥက္ကဌ ဒါတွတ် ဒေါက်တာ အဗ်ဒူလ် ရာဇတ်ကေချစ်က်(Dato ‘Dr. Abdul Razak Kechik) ဦးဆောင်သညှ် ကူညီထောက်ပံရေး အဖွဲ့ တစ်ခုကို ရခိုင်ပြည်နယ်သို့ မတ်လ ၃ ရက်နေ့က စေလွှတ်ခဲ့သည်။
 
ထိုအဖွဲ့သည် အောင်မင်္ဂလာ၊ သဲချောင်း၊ တာပိုင်၊ သက်ကယ်ပြင်၊ ရွှေစေတီ၊ စက်ရုံစုနှင့် မင်းဂံ စသည့် ဒုက္ခသည် စခန်းများသို့ သွားရောက်၍ အကူအညီများပေးအပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဒုက္ခသည် စခန်းများရှိ အိမ်ထောင်စုပေါင်း ၆၀၀ ခန့်သည် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ပဲ၊ ကြက်သွန်၊ ထင်း စသည့် ထောက်ပံရေးပစ္စည်းများကို ရရှိကြပြီး၊ ကလေးငယ်များ ဆက်လက် ပညာ သင်ကြားစေနိုင်ရန် အတွက် ရွှေစေတီနှင့် သက်ကယ်ပြင် ဒုက္ခသည်စခန်းရှိ ကလေးငယ် ၄၈၀၀ခန့်ကိုလည်း စာအုပ်များ၊ ခဲတံများဝေငှခဲ့ကြကြောင်း သိရှိရပါသည်။
 
ထိုကဲ့သို့ ကူညီထောက်ပံမှုများ အပြင် MRA အဖွဲ့သည် ရေရှည် ကူညီမှု အစီအစဉ်များအတွက် အခွင့်အလမ်း ရှာဖွေခဲ့ပြီး ဒေသခံအာဏာပိုင် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် အတွက်လည်း မျှော်လင့်ထားကြောင်း သိရသည်။
Ref: MRA(Malaysia Relif Association) FB
 
M-Media    သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.