Saturday, August 18, 2012

အပြစ်ရှိတဲ့ လူဆယ်ယောက် လွတ်သွားပါစေ အပြစ်မဲ့တဲ့ သူတစ်ယောက်ကို ထောင်မချမိ ပါစေနဲ

 ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ခန္ဒာကိုယ်အောက်ပိုင်း လှုပ်လို့မရတော့တဲ့ ဆေးရုံပေါ်က ကိုဖြိုးဝေအောင်



၈-၈-၂၀၁၂ နေ့ထုတ်Weekly Eleven ဂျာနယ်ထဲမှာX2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သတ်တစ် ကျွန်းဆိုတဲ့ ဆောင်းပါးကို ကျွန်မ ဖတ် လိုက်မိပါတယ်။ ကိုဖြိုးဝေအောင်ကို ၂၀၁၀ ပြည့်ဧပြီလ (၂၃)ရက်နေ့မှာ သူ နေထိုင်ရာ ပုဇွန်တောင်မြို့နယ် ၅၅လမ်း ရှိ နေအိမ်ကနေ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။


ကိုဖြိုးဝေအောင်ကို အင်းစိန် အကျဉ်းထောင် သီးသန့်တရားရုံးမှာစစ် တယ်။ အမှန်က တရားစစ်တယ်ဆိုတာ အများပြည်သူ ရှေ့မှောက်မှာ စစ်ရမှာ ဖြစ်တယ်။ အခုတော့ သူ့ကို အများပြည် သူမျက်ကွယ်မှာ စစ်ပြီး စီရင်ချက် ချမှတ် လိုက်တယ်။ တရားစစ်တယ်ဆိုတာOpen Count ဖြစ်ရမယ်။ အပြစ်ကျူးလွန် တယ်လို့ သတ်မှတ်ထားတဲ့ လူတစ်ယောက် ဟာ ရှေ့နေ ရှေ့ရပ်နဲ့ ခုခံပိုင်ခွင့်ရှိရမယ်။


ကိုဖြိုးဝေအောင်မှာဒီလိုအခွင့်အရေး တွေ အားလုံးဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ စစ်ကြောရေးမှာလည်း ဒီဗုံးခွဲမှုနဲ့ သူ မပတ်သက်ပါဖူးလို့ အကြိမ်ကြိမ်ငြင်း သော်လည်း မခံမရပ်နိုင်အောင် စစ်ဆေး တယ်လို့ဆိုပါတယ်။ သူတို့ စစ်ဆေးတဲ့ ဒဏ်တွေကို မခံနိုင်တဲ့အဆုံး သူတို့လိုချင် တဲ့အဖြေကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကို ပုဒ်မအများကြီးနဲ့ တပ်ပြီး သေဒဏ် နှင့် တစ်သက်တစ်ကျွန်းချလိုက်ပါတယ်။ ဒါပေမဲ့ သူ့ထောင်သက်ဟာ (၂)နှစ် ကျော်ကျော်လေးပဲရှိတယ်။ သို့သော် လည်း သူဟာ အနှစ်(၂၀)ထောင်ကျ ထားတဲ့ပုံပေါက်နေပါတယ်။ စစ်အစိုးရ လက်ထက်မှာ အခုလို မှားမှားယွင်း ယွင်းဖမ်းဆီးထောင်ချတာတွေတော်တော် များများရှိခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဗုံးဖောက်ခွဲသူ မဟုတ်တဲ့အတွက် တစ်နေ့ နေ့မှာ ပြန်လွတ်လိမ့်မယ်လို့ သူယုံကြည် ထားတယ်။ လောလောဆယ်မှာတော့ ကိုဖြိုးဝေအောင်ဟာ စစ်ကြောရေးက ဒဏ်တွေကြောင့် အသည်းရောဂါနဲ့ အောက်ပိုင်းသေရောဂါ ခံစားနေရပြီး ဆေးရုံတက်နေရပါတယ်။

ထောက်လှမ်းရေးတွေနဲ့ ရဲတွေဟာ တရားခံအစစ်ကို ရှာရမှာ သူတို့တာဝန် ဖြစ်တယ်။ အပင်ပန်းခံပြီးရှာမနေဘဲ ထင်ရောင်ထင်မှား လူတစ်ဖက်သားကို တရား ခံလုပ်လိုက်တာကတော့ လူသားချင်း ကိုယ်ချင်းမစာနာရာ ရောက်ပါတယ်။ လူ တစ်ဖက်သားကိုခုလို မှားမှားယွင်းယွင်း ထောင်ချလိုက်တော့ သူက အဓိကခံရ ပြီး သူ့နောက်က သားသမီးဇနီးတွေပါ တစ်သီ တတန်းကြီး ဒုက်္ခရောက်ရတဲ့ အဖြစ်ပါ။

ဒီလိုပဲဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ တောင် မှားယွင်းစွာ ဖမ်းဆီးတာမျိုးတွေ ရှိပါတယ်။ ရီးဒါးဒိုင်ဂျက်မဂ္ဂဇင်းမှာ ကျွန်မ ဖတ်လိုက်မိတဲ့ လူမည်းလူငယ် ကလေး တစ်ယောက်အကြောင်းပါ။ သူဟာ မှား ယွင်းစွာ ဖမ်းဆီးခံရပြီး ထောင်ထဲမှာ ၁၂ နှစ်ကြာသွားခဲ့ပါတယ်။ သူ့အမည်က ဒေး ဗစ်ရှက်ဖယ်ဖြစ်ပါတယ်။ သူဟာ အချိန် တွေကုန်ဆုံးသွားတာကို ဘယ်လိုမှ မတတ်နိုင်သော်လည်း အမှန်တရားပြန်ရ ဖို့အတွက် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ သူဟာ မှားမှားယွင်းယွင်းနဲ့ မုဒိန်း ကျင့်မှုနဲ့ ထောင်ကျခဲ့ရပါတယ်။ အသက် ၁၉ နှစ်ရှိ နယူးဂျာစီက မိန်းကလေးတစ် ဦးကို မုဒိန်းကျင့်မှုနဲ့ ထောင် ၁၂ နှစ်ကျ သွားခဲ့ရပါတယ်။ အမှန်တော့ သူ့ကို ထောင်ချလိုက်တာ အနှစ်(၃၀)ပါ။DNAစီစစ်တွေ့ရှိချက်ကြောင့်သာ သူ့မှာ အပြစ်မရှိကြောင်း သက်သေပြေနိုင်ခဲ့လို့ ပါ။

သူကတော့ ကိုဖြိုးဝေအောင်လို စစ်ကြောရေးမှာ နှိပ်စက်ခံရတာမျိုး မရှိပါ ဘူး။ ဒါပေမယ့် အမေရိကန် အကျဉ်း ထောင်တွေမှာရှိတဲ့ အသိုင်းအ၀ိုင်းတွေ ဟာ မုဒိန်းမှုနဲ့ ရောက်လာတဲ့ထောင် သားဟာ အဆင့်အနိမ့်ဆုံးဖြစ်လို့ အုပ်စု ဖွဲ့ပြီး သူ့ကို တိုက်ခိုက်ကြပါတယ်။တကယ် တော့ အကျဉ်းထောင်ဆိုတာ ကျန်းမာ သန်စွမ်းတဲ့ လူတစ်ယောက်ကို အရူး အနှမ်းဖြစ်သွားစေတယ်လို့ ထင်မိတယ်။ ဒေးဗစ်ဟာ ထူးဆန်းတဲ့အထောက်အ ထားမရှိတဲ့ စွတ်စွဲချက်တွေနဲ့ ရင်ဆိုင်နေ ရပါတယ်။

တရားလို အမျိုးသမီးက သူ့ကိုတိုက် ခိုက်တဲ့နှစ်ယောက်ကထဲကတစ်ယောက် ဟာ ဒေးဗစ်လို့ ခေါ်သံကြားတဲ့ စွတ်စွဲ ချက်နဲ့သူကို ဖမ်းသွားတာ။ သူဟာ ကြိုးစားရုန်းကန်ပြီး အယူခံကို အဆက်မပြတ် တင်တယ်။ အကျဉ်းထောင်ထဲရောက်ပြီး မှ အပြစ်မရှိပါဘူးလို့ ပြောနေလို့ကတော့ နာဖို့ပဲရှိတယ်။ ဒီစံပြ ထောင်မှာ သူတည် ရှိနေခြင်းအရှိတရားကို လက္ခံပြီး တစ်ခုခု အောင်မြင်ပြီးမြောက်အောင် ကြိုးစား လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ ဟာ ထောင်ထဲမှာပဲ အလယ်တန်းကျောင်း ဒီဂရီပြီးမြောက်တယ်။

သူဟာ စံပြထောင်ရဲ့ စာကြည့် တိုက်မှာ အလုပ်ရတယ်။ အလုပ်လုပ်နေ စဉ်တစ်နေ့မှာတော့ သူဟာ ဂါရီဒေါ့ဆန် ရဲ့ အမှုကို သွားတွေ့ပါတယ်။ အီလိနွိုက် မှာ မုဒိန်းမှုဖြစ်တာပါ။ ၁၉၈၉ ခုနှစ်မှာ ဒေါ့ဆန်ဟာ ပထမဦးဆုံးသော အမေရိ ကန်ထောင်သားDNA သက်သေထူခွင့် ရှိပါတယ်။ ဒေးဗစ်ဟာ ဒေါ့ဆန်ရဲ့ အမှုမှ နည်းပညာနဲ့ တရားဝင် အချက်အလက် တွေကို အချိန်ကြာကြာယူပြီးလေ့လာ သုံး သပ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ နယူးဂျာစီ ရုံးကDNA သက်သေခံချက်အယူခံကို လက္ခံပါတယ်။ သူ့အမှုရဲ့ ဇီဝဗေဒဆိုင် ရာ သက်သေခံချက်DNAကို အမှုဖြစ်နေ ရာကနေယူပြီး ပြန်လည် စစ်ဆေးပေးဖို့ အသနားခံတယ်။

ကိုဖြိုးဝေအောင်ရဲ့ အမှုမှာတော့ ဗုံးပေါက်ကွဲတဲ့အချိန်မှာ သူဟာ ရန်ကုန် စင်တာမှာရှိတဲ့City Mart မှာ အသေး စားပြင်ဆင်မှု အလုပ်တွေကို လုပ်နေပါ တယ်လို့ ပြောသော်လည်း မရပါဘူး။ သူ တို့အလိုကျပဲ ကိုဖြိုးဝေအောင်ဟာ ထွက် ဆိုပြီး စာအိတ်ထဲက အမိန့်များနဲ့ စီရင် ချက်ချမှတ်ခြင်းပဲဖြစ်ပါတယ်။

ကိုဖြိုးဝေအောင်ကလည်း မကြာ ခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဆိုပါတယ်။ သူ မကျူးလွန်တာကို တရား လို ပြသက်သေတွေနဲ့ ဖြေရှင်းမယ်လို့ ဆို ပါတယ်။ စာတမ်းလည်း ပြုစုသွားမယ်လို့ ဆိုပါတယ်။ မှားယွင်းစွာ ထောင်ချခံရတဲ့ အဖြစ်ကို အများသိအောင် ဖော်ထုတ် တာဟာ ကောင်းပါတယ်။

ဒေးဗစ်ကတော့ သူရဲ့အဖြစ်ကို ထောင်ထဲက ရှာကြံရတာဖြစ်ပါတယ်။ အမေရိကန်မှာကတော့ လူ့အခွင့်အရေး က အရမ်းမြင့်တယ်ဆိုတော့ အကျဉ်း သာတစ်ယောက်ရဲ့ တောင်းဆိုတာကို လိုက်လျောပေးတယ်။ ဒေးဗစ်ရဲ့ DNAဟာ ၁၀၀ရာနှုန်း မပါဝင်တာတွေ့ရပါ တယ်။ ၁၉၉၅ ခုနှစ်မှာ အစိုးရရှေ့နေက နေ ဒေးဗစ်ရဲ့ အမှားအားလုံး လက်လွှတ် လိုက်ပါတယ်။ နယူးဂျာစီမှာ သူ့ကို မှားယွင်းစွာ အပြစ်ပေးလိုက်တဲ့အတွက် လျှော်ကြေးပေးဖို့ လွှတ်တော်ဥပဒေ ပြုဌာနက လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဒေါ်လာ ၂၄၀,၀၀၀ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ လွဲမှားစွာ အ ကျဉ်းကျခံရတယ်ဆိုရင် စိတ်တွေခြောက်ချားရသလို၊ အပြစ်မရှိပဲ နှစ်ပေါင်းများစွာ ထောင်ကျသွားရတဲ့လူတစ်ယောက်အဖို့ အရာရာတွေ ဆုံးရှုံးရပါတယ်။ နုပျိုတဲ့ အရွယ်၊ ငွေကြေး၊ အလုပ်အကိုင်စသည် တို့ပေါ့။

http://news.mmsy.info/
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.