Wednesday, August 8, 2012

မြေပုံမြို့ရှိ မွတ်စ်လင်မ်နေအိမ်များ ညမထွက်ရ အချိန်တွင် ဖျက်ဆီးခံရ

 ရခိုင်ပြည်နယ်မြေပုံမြို့ရှိ မွတ်စ်လင်မ်နေအိမ်များ ညမထွက်ရအချိန်တွင် ဖျက်ဆီးခံရ

   မြေပုံမြို့ ရှိ မွတ်စ်လင်အိမ်ခြေများကို ရခိုင်ဗုဒဘာသာအကြမ်းဖက်သမားများက 6/8/12 ညဘက်တွင် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း ဖျက်ဆီးခံရသူများ၏သတင်းပေးပို့ ချက် အရသိရသည်။ အဆိုပါဖျက်ဆီးခံရမှုများကို တရားမ၀င်မြေအောက်ဂိုဏ်း တစ်ခုဖြစ်သည့် " ရခိုင်အားမာန်သွေးသောက်အဖွဲ့ ” ကဦးဆောင်နေကျူးလွန်ခဲ့ ခြင်းဖြစ်သည်။

"ဦးစံသိန်း အိမ်ကိုည63း0လောက်မှာ စတင်ဖျက်ဆီးတယ်၊ ညပိုင်းမှာ ၁၀ နာရီမီးဖျက်တော့ ည၁၁နာရီလောက်မှစတင်ပြီး ဦးကြာအေး၊မအေးနု၊ဦးကာလူ၊ဒေါ်ခင်လှမေ၊မခင်ထွေး တို့ ရဲ့ နေအိမ်များကိုဖျက်ဆီးကြတာပါ။” ဟုနေအိမ်အဖျက်ခံရသူတစ်ဦးက Myanmar Muslim.net သို့ ပြောကြားခဲ့ သည်။

ဖျက်ဆီးခံရသူများထဲမှ ဒေါ်ခင်လှမေ သည်ကပ်ဒေါင်းဆွဲကျေးရွာ မူလတန်းကျောင်းအုပ်ဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါတောင်ပေါ်ရပ်ကွက် အ.မ.ကကျောင်းတွင်တာဝန်ထမ်းဆောင်နေသည့်ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ "မွတ်စ်လင်မ်အိမ်တွေ အဖျက်ခံနေရတာကို အသံတွေကြားလည်း သွားမကြည့်ရဘူး သွားကြည့် ရင်ကြည့် တဲ့ လူကိုဖမ်းပြီး ကိုယ့်အိမ်ကိုယ် ပြန်ပြီးမီးရှို့ တယ်တို့၊ အိမ်ကိုဖျက်တယ်တို့ ၊ ဆိုပြီးအပြစ်ပုံချမှာကို စိုးရိမ်မိတယ်။” ဟုမြေပုံဒေသခံတစ်ဦးကကိုယ်တွေ့ကြုံနေရသည်များကိုပြောကြားခဲ့သည်။

မြေပုံရှိမွတ်စ်လင်မ်အိမ်ခြေများကို ဦးဆောင်ဖျက်ဆီးနေသည့် ရခိုင်အားမာန်သွေးသောက် တရားမ၀င်ဂိုဏ်းသည် ရခိုင်အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီနှင့် အဆက်အသွယ်ရှိသူများဟု ဒေသခံများကပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရခိုင်အားမာန် တရားမ၀င်ဂိုဏ်းအား မြေပုံမြို့ တောင်ကျောင်း ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အရှင်သိရုမဏိ ကဦးစီးပြီး ဦးမောင်ရေချမ်း၊ UK မိတ္တူဆိုင် ပိုင်ရှင်ဦးကျော်သန်း၊ရခိုင်အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီမှ ဦးအောင်သာဇံ တို့ကထိန်းချုပ် လှုပ်ရှားနေကြောင်းသိရသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ကျနော်တို့မွတ်စ်လင်မ်တွေအတွက် ဆန်အိတ်သုံးဆယ်ဝယ်ပေးခဲ့တဲ့ ရခိုင်ဗမာတစ်ယောက်ကိုသူတို့က ရန်ရှာတယ်။ပြီးတော့ အဲဒီရိက္ခာတွေကို ကျနော်တို့ကိုမပေးရဘူးဆိုပြီးပြန်သိမ်းသွားတယ်။ အဲဒါဦးအောင်သာဇံတို့အဖွဲ့ပါ”ဟု ရိက္ခာပြတ်လပ်မှု့ ကြောင့်ဒုက္ခကြုံတွေ့နေရသည့် အစ္စလာမ်ဘာသာဝင်များထဲမှ ဘာသာဝင်တစ်ဦးကသတင်းပေးပို့ခဲ့ပါသည်။

တာဝန်ရှိသူများမှ ယခုအချိန်အထိ ထိုအဆိုပါဥပဒေမဲ့ အကြမ်းဖက်မှုများကို တားဆီးဟန့်တားခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်သည်ကို မတွေ့ ရသေးပါ။

သြဂုတ်၊ ၇ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
ရန်ကုန်။

 http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.