Monday, August 6, 2012

ရိုဟင်ဂျာမွတ်စလင်တို့အတွက်“ ဖွင့်ထားသော ထောင်ကြီး”

 
သို့သော် ခွင့်ပြုချက်ရမည် မရမည်ကိုမူ အာမခံချက်မရှိချေ။ ဇနီးမောင်နှံတို့၏ လာဘ်ငွေမည်မျှပေးနိုင်မပေးနိုင်ပေါ်မူတည်ကာ လက်ထပ်မင်္ဂလာပွဲသည် နှစ်နှင့်ချီကြာညောင်းသည်လည်း ရှိ၏။ ရိုဟင်ဂျာမွတ်စလင်ဇနီးမောင်နှံတို့အား သားသမီး၂ဦးထက်ပိုမယူရဟု အာဏာပိုင်တို့က ခံဝန်ကတိပြုခိုင်း သည်။ သားသမီးယူခွင့်ကိုပင်လျှင် တံစိုးလက်ဆောင်ပေးကမ်းကြရသေးသည်။ အကယ်၍ သားသမီး၂ဦးထက် ပိုမိုယူမိပါက ပိုလာသောကလေးကို အာဏာပိုင်တို့က တရားမ၀င်ကလေးအဖြစ် သတ်မှတ်လိုက်ကြသည်။

ထို့ပြင် တစ်ရွာနှင့်တစ်ရွာ တစ်နေရာနှင့်တစ်နေရာ လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိချေ။ အာဏာပိုင်များထံ ခွင့်ပြုချက်ယူကာ ၎င်းတို့သတ်ထားသည့် ကာလအတွင်း ပြန်လာကြရသည်။ ရန်ကုန်ကဲ့သို့ မြို့ ကြီးများသို့ ခရီးသွားခွင့်ကိုမူ အာဏာပိုင်တို့က အထူးကန့်သတ်ထားသည်။
လာဘ်ငွေများစွာပေးမှ အကန့်အသတ်နှင့်သွားခွင့်ရသည်။
 
ရိုဟင်ဂျာတက္ကသိုလ်ကျောင်းသူကျောင်းသားများက မိမိတို့ရွာမှ စစ်တွေမြို့ပေါ်သို့ သွားရောက်ပညာသင်ယူရာတွင်လည်း အာဏာပိုင်တို့ထံ ခွင့်ပြုချက်တောင်းခံရပြီး ရက်အကန့်အသတ်နှင့်သာ ကျောင်းတက်ခွင့်ရှိသည်။

သို့သော် ခွင့်ပြုရက်ကုန်ဆုံးပါက အိမ်ပြန်ပြီး နောက်တစ်ဖန် ခွင့်ပြုချက်အသစ်ပြန်လုပ်၍ ကျောင်းပြန်တက်ရသည်။ နိုင်ငံသားဥပဒေသစ်ပေါ်လာပြီးနောက်ပိုင်း ရိုဟင်ဂျာများသည် အစိုးရအဆင့်မြင့်ရာထူးများတွင်သာမက အဆင့်နိမ့်ရာထူးများတွင်ပါ တာဝန်ထမ်းဆောင်ခွင့်ပိတ်ပင်ခံခဲ့ရသည်။ ရိုဟင်ဂျာစီးပွားရေးသမားများမှာလည်း လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်မရှိဘဲ ရခိုင်စီးပွားရေးသမားများထံ ငွေကြေးအမြောက်အများပေးကာ စီးပွားကုန်သွယ်ခွင့်ပါမစ်ရယူပြီးမှ စီးပွားလုပ်ကြရသည်။ ထို့ပြင် ၎င်းတို့မှာ မကြာခဏငွေညစ်ခံရပြီး အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံရလေ့ရှိသည်။

ရိုဟင်ဂျာများသည် မိသားစုများကို မြန်မာပြည်၌ထားခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့် သွားရောက်လုပ်ကိုင်ကြသည့်အခါ အိမ်ပြန်လာခွင့်မရှိတော့ချေ။ ၎င်းရိုဟင်ဂျာမွတ်စလင်တို့သည် မြန်မာပြည်မှ တစ်ကြိမ်တစ်ခါ ထွက်သွားလိုက်ရုံနှင့် ၎င်းတို့၏မိသားစုသန်းခေါင်စာရင်းမှ ထုတ်ပယ်ခြင်းခံရလေ့ရှိကြောင်း နစ်နာသူများက မကြာခဏကန့်ကွက်ပြောဆိုခဲ့ကြသည်။ ရိုဟင်ဂျာများသည် အများအားဖြင့် ကြောက်ရွံ့နေရလေ့ရှိသည်။ ပြီးခဲ့သည့် လူမျိုးတုံးသုတ်သင်မှုအကြမ်းဖက် ကာလအတွင်း ဒေသခံရိုဟင်ဂျာများထံ
ဖုန်းဆက်မေးမြန်းရာတွင် ၎င်းတို့က တိုက်ခိုက်ခံရမှုနှင့် လူမဆန်သော သတ်ဖြတ်ခံရမှုအရေအတွက်ကို လွတ်လွတ်လပ်လပ်မပြောနိုင်ဘဲ ကြောက်လန့်နေကြသည်။

၎င်းတို့၏ ပစ္စည်း ဥစ္စာများ တိုက်ခိုက် လုယက်ခံရပြီး အိမ်များကိုလည်း မီးလောင်တိုက်သွင်းခံခဲ့ရသဖြင့် အသက်လု ထွက်ပြေးကြရသည်။ ထို့အပြင် ၎င်းတို့၏မျိုးရိုးစဉ်ဆက် နှစ်ပေါင်းများစွာနေထိုင်လာကြသော ဒေသမှ အတင်းအဓမ္မမောင်းထုတ်ခံရပြီး စားနပ်ရိက္ခာနှင့်
 
ဆေးဝါးကုသမှုအခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ အဆိုးဝါးဆုံးမှာ ရခိုင်ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် လူမျိုးရေးအစွန်းရောက် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ(RNDP)တို့က NGOs များထံမှ အကူအညီများကို ကြားဖြတ်ဝင်ရောက် ပိတ်ပင်လုယက်နေခြင်းဖြစ်ပြီး အဆိုပါဒေသတွင် မည်မျှအကြမ်းဖက်နေသည်ကို နိုင်ငံတကာမီဒီယာများ သတင်းမှန်မရစေရန်အမျိုးမျိုး ပိတ်ပင်တားဆီးကြသည်။

ရိုဟင်ဂျာတို့၏ဘ၀သည်ကား “ဖွင့်ထားသော ထောင်ကြီး”ထဲတွင် နေထိုင်ရသကဲ့သို့ ထူးမခြားနားပေ။ ဖမ်းဆီးနှိပ်စက်ခံ ရိုဟင်ဂျာတို့သည် “ထောင်ကြီးထဲမှ ထောင်လေးသို့” သက်ဆင်းရသည်နှင့်တူသည်။ ယင်းထောင်ကြီးအား နိုင်ငံတကာလူ့အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂနှင့် အာဆီယံတို့၏ ဖိအားဖြင့်သာ ရိုက်ချိုးနိုင်မည်ဖြစ်သည်။သို့ဖြစ်၍ လူမျိုးစု ကချင်နှင့်ရိုဟင်ဂျာတို့ ဆက်လက်ဖိနှိပ်ညှင်းပန်းခံနေရသော မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံလိုသော အမေရိကန်ပြည်ထောင်စုအနေဖြင့် သေသေချာချာ စေ့စေ့စပ်စပ်ပြန်လည်ကြည့်ရှုဆင်ခြင်သင့်ပါကြောင်း။ ။

  http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.