Tuesday, August 14, 2012

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို


The Messenger ဂျာနယ်မှ ကောက်နှုတ်ဖော်ပြပါသည်။
The Messenger ဂျာနယ်မှ မူရင်းသတင်း
၂၀၁၂ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းများကောက်ယူရာတွင် ရိုဟင်ဂျာများကို ထည့်သွင်းကောက်ယူမည် မဟုတ်ဟု ဆိုခြင်းကို လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ငြင်းဆို လိုက်သည်။
ယခုလ ၇ ၇က်နေ့ထုတ် ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြခဲ့သော ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းတွင် ရိုဟင်ဂျာကို ထည့်သွင်းခြင်း မပြုဆိုသည့် သတင်းကို ငြင်းဆိုကြောင်း အဆိုပါဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ်က The Messenger ဂျာနယ်သို အတည်ပြုပြောကြားသည်။
“ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်တယ်ဆိုမှတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူတွေအကုန်လုံးကို ကောက်ယူရမှာဖြစ်ပါတယ်။ အဲဒိမှာ တိုင်းရင်းသားခွဲခြားတာတွေ ၊ လူမျိုးခွဲခြားတာတွေ မ၇ှိဘူး၊ နိုင်ငံသားတွေ အပြင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသားတွေကိုပါ ထည့်သွင်း ကောက်ခံမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။
မြန်မာနိုင်င့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေတွင် လူတယောက်သည် မြန်မာနိုင်ငံအတွင်း ၁၈၈၅ ခုနှစ် မတိုင်မီ နေတိုင်သူများ၏ တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ်သတ်မှတ်သည်ဟု ဖော်ပြထားသည်။
ရိုဟင်ဂျာတွေကို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရင် မထည့်သွင်းဘူးလို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်ဆိုပြီး ရေးသားထားတာ တွေ့ရတယ်။ ဒါဟာ လုံးဝ မဟုတ်ပါဘး ရေးတဲ့သူက ဥပဒေကို သေချာမသိဘဲ ရေးလိုက်တာ ဖြစ်ပါလိမ်မယ်” ဟု လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြည့်စွက် ပြောသည်။
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.