Friday, August 10, 2012

ပထမဆုံးသော ရှေးဟောင်း တရုတ်ဘာသာပြန် ကုရ်အာန် ရှာဖွေတွေ့ ရှိ

Share
ပထမဆုံးသော ရှေးဟောင်း တရုတ်ဘာသာပြန် ကုရ်အာန်
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Gansu နယ်မြေက မုစ်လင်ရှေးဟောင်းအမွေအနှစ် ရှာဖွေသူတို့ က ၁၉၁၂ခုနှစ်လောက်က တရုတ်လက်ရေးမူနဲ့ ရေးသားထားတဲ့ ရှေးအကျဆုံး တရုတ်ဘာသာပြန် ကုရ်အာန်တစ်အုပ်ကို ရှာဖွေတွေ့ ရှိခဲ့တယ်လို့  ပြောကြားခဲ့ပါတယ်။ ဒီစာအုပ်ကို မတွေ့ ခင်က ပညာရှင်တွေဟာ ၁၉၂၇ခုနှစ်က ဘေကျင်းမှာ ပုံနှိပ် ထုတ်ဝေခဲ့တဲ့ တရုတ် ဘာသာပြန်ကုရ်အာန်ကို အစောဆုံးလို့ ထင်မှတ်ထားခဲ့ကြတာပါ။
အခုအသစ်တွေ့ ရှိခဲ့တဲ့လက်ရေးမူကို Lanzhou တက္ကသိုလ်က မုစ်လင်မ် ရှေးဟောင်း ယဉ်ကျေးမှု ရှာဖွေသူတွေက မော်ကွန်းတိုက်ဟောင်းက ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပြီး တရုတ် ဘာသာကို ပြန်ဆိုခဲ့သူတွေကတော့ အီမာမ်နှစ်ဦးဖြစ်တဲ့ Sha Zhong နဲ့  Ma Fulu ဆိုသူတို့ ဖြစ်ကြတယ်လို့ယုံကြည်ရပါတယ်။
သူတို့နှစ်ဦးဟာ ၁၉၀၉ခုနှစ်လောက်က စတင်ဘာသာပြန်ခဲ့တာဖြစ်ပြီး ၁၉၁၂ခုနှစ်လောက်မှာ အပြီးသတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ့နောက်မှာ Sha Zhong ဟာ သူ့ရဲ့လက်ရေးမူနဲ့ ကော်ပီသုံးအုပ်ကူးခဲ့ပြီး Lanzhou တက္ကသိုလ်မှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
နှစ်ဆယ်ရာစုအတွင်းမှာ တခြားတရုတ်ဘာသာပြန် နှစ်အုပ်လည်း Gansu နယ်မြေမှာရှိခဲ့မယ်လို့ ယူဆရပါတယ်။ Lanzhou တက္ကသိုလ်ရဲ့ကျောင်းအုပ် Ding Shiren နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ခုချိန်ထိ ဒီဘာသာပြန် ကုရ်အာန်သုံးမျိုးကိုနှိုင်းယှဉ်လေ့လာနေဆဲဖြစ်ပါတယ်။ Sha Zhong နဲ့  Ma Fulu တို့ ရဲ့ဘာသာပြန်ဟာ Lanzhou ဒေသသုံးစကားတွေ ပါဝင်နေပေမယ့်လည်းမူရင်း အာရဗီဘာသာစကားကို လေးစားမှု အပြည့်ရှိတယ်လို့  Ding ကပြောကြားခဲ့ပါတယ်။
အစ္စလာမ်ဘာသာဟာ တရုတ်နိုင်ငံအတွင်းကို Tang မင်းဆက် (၆၁၈-၉၀၇) က စပြီး စတင် ဝင်ရောက်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ သို့သော်လည်း ရှေးတရုတ် မုစ်လင်မ်တွေဟာ အဓိပ္ပာယ်လွဲမှားပြီး ရေးသားမိမှာ စိုးရိမ်လို့ ကုရ်အာန်ကျမ်းမြတ်ကို ဘာသာ မပြန်ခဲ့တာဖြစ်နိုင်တယ်လို့  Ding ကပြောကြားခဲ့ပါတယ်။
(abna.ir)
ဇူလိုင်လထုတ် အလ်မီဇားန် အမှတ်၁၁ မှ ကူးယူဖော်ပြသည်။
http://news.mmsy.info/news/4878
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.