Friday, August 10, 2012

အစိုးရ အဖွဲ့ဝင်များ ပိုင်ဆိုင်မှု စာရင်းများကို ထုတ်ဖော် ကြေညာရေး အဆိုရှုံးနိမ့်

အစိုးရ အဖွဲ့ဝင်များ ပိုင်ဆိုင်မှု စာရင်းများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်း တင်ထားရှိရေးအဆို အရေးနိမ့် ယင်းအဆိုကို ထောက်ခံမဲ ၆၉မဲ၊ ကန့်ကွက်မဲ၊ ၂၆၉မဲ၊ ကြားနေမဲ ၁၅မဲဖြင့် ပြည်သူ့ လွှတ်တော်က အတည်မပြုခဲ့ခြင်းဖြစ်သည်။အဆိုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ အဖွဲ့က ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်ကမဏ္ဍိုင် သုံးရပ်လုံးရှိတာဝန်ရှိပုဂ္ဂိုလ် အသီးသီးသက်ဆိုင် အကျုံးဝင်သင့်ကြောင်း´ စသဖြင့် ထည့်သွင်းရှင်းလင်းခဲ့သည်။
အဆင့်သင့်မဖြစ်သေး၍ အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်း တင်ထားရှိရေး အဆိုကို ဆွေးနွေးရန် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ခွင့်ပြုခဲ့ပါသည်။
“ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၄င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း နှင့် အကျိုး စီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်” အဆိုကို ဦးဝင်းမြင့် (ပုသိမ်၊မဲဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က) တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒီချုပ်ကိုယ်စား လှယ် ၄ဦးအပါအ၀င် စုစုပေါင်း ၈ ဦး ပါဝင်ဆွေးနွေးရန် မူလက စီစဉ်ထားခြင်းဖြစ်ကြောင်း” ကြေညာခဲ့ပါသည်။
Government_own_ff
သို့သော် လွှတ်တော် ညနေပိုင်း အစီစဉ်တွင် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေး နွေးမည့် အစီအစဉ်အား လုပ်ဆောင်ရန်ကိစ္စ များ ကျန်ရှိနေသေးသဖြင့် ရွှေ့ဆိုင်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထပ်မံကြေ ညာခဲ့ပါသည်။
အကြောင်းပြချက် အသေးစိပ်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ နေပြည်တော် လွှတ်တော်သည် စစ်အာဏာရှင် ခေတ်ကမွေးထုတ်ပေးခဲ့သော ကြံ့ခိုင်ရေးပါတီအကြီးအကဲများသည် ကုဋ္ဋေကြွယ်သူဌေးများ ဖြစ်နေကြပါသည်။ ဤပိုင် ဆိုင်မှုများ ပျက်စီးမသွားရန် ဥပဒေအရ ကာကွယ်မှု ရှိရန် လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။
လူတဦး၏ ပိုင်ဆိုင်မှုသည် ရေသောက်မြစ် အခိုင်အမာ ရှိရတော့မည်ဖြစ်သည်။ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ရ တော့မည်ဆို လျှင် ဤပိုင်ဆိုင်မှုသည် မည်သည့် လုပ်ငန်းမှ ရရှိသည်ကို ပြရတော့မည်ဖြစ်သည်။ အကြောင်းပြချက် မရှိသော ပိုင်ဆိုင်မှု ဖြစ်သွားလျှင်လည်း ဤသည်ခိုးမှုသာလျင်ဖြစ်သွားပေမည်။ ဤသို့ကြောင့် အချိန်ယူသင့်သည်ဟု တွက်ဆဟန်ရှိသော ကြောင့် ရွှေ့ဆိုင်း လိုက်ရခြင်းဖြစ်ကြောင်း အကဲခတ်များက ယူဆပါသည်။


 
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.