Monday, August 13, 2012

ရိုဟင်ဂျာအရေး ၊မြအေးနှင့်ရခိုင်ပြည်နယ်


၈၈ မျိုးဆက်မှ ကိုမြအေးကို သိစေချင်တာကတော့ လူပုဂ္ဂိုလ်နှင့် ဆိုင်သော မောင်ဖြူ ၊ မောင်မည်း ဟူ၍ ပုတ်ခတ်ပြောဆိုတာတွေဟာ ပြဿနာ မရှိပေမယ့် အခုတော့ သူတစ်ပါး လူမျိုးရေး ကို မယ်မယ်ရရ မည်သည့် သမိုင်းကြောင်းမှ မသိဘဲနဲ့  စော်ကား ပုတ်ခတ် ဝေဖန်တာတွေဟာ အလွန်ကြီးမားတဲ့ လူမ
ျိုးရေး နစ်နာ ဆုံးရှုံးမှု ကိုဖြစ်စေပါတယ်။ ရိုဟင်ဂျာ လူမျိုးဟာ ဒီနေ့ ကမ္ဘာ ပေါ်မှာ သိန်း ၄၀ ခန့် ရှိကြောင်း ကမ္ဘာ့ ကုလသမ္မဂရုံးမှာ မှတ်တမ်းတင် ထားပါတယ်။ အားလုံးဟာ မြန်မာ နိုင်ငံထဲမှာတော့ မဟုတ်ပေမယ့် လက်ရှိ ရခိုင်ပြည်နယ်မှာ( ၁၂) သိန်းခန့်ရှိနေပြီး၊ ကျန်တဲ့ သူတွေဟာ နိုင်ငံတကာ နယ်ပယ်တွေမှာ လေလွင့်နေကြတယ်။ သို့သော် ၎င်းတို့ရဲ့ မူလပေါက်ဖွားရာ ဒေသကတော့ ရခိုင်ပြည်နယ်ပါဘဲ။
ရိုဟင်ဂျာ တွေရဲ့ သမိုင်းကြောင်းဟာ ရှည်လျားပြီး ကြမ်းတမ်း စေခဲ့တယ်။ အထူးသဖြင့် ဒုတိယ ကမ္ဘာ စစ်ကာလ အတွင်းနှင့် ဦးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ကာလများမှာ အလွန် ဆိုးရွားစွာခံစားခဲ့ကြပါတယ်။ တပ်မတော် အစိုးရ လက်ထက်တွင် ၁၉၉၂ – ခုနှစ်မှ စပြီး (တစ်ရွာ နှင့် တစ်ရွာ) ခရီးသွားလာခွင့် ပိတ်ပင်ခံထားရတယ်။ အာဏာရှင် ဗိုလ်ချုပ် ခင်ညွှန့်ကြောင့် ပညာသားပါပါ၊ တစ်နှစ်ပတ်လုံး နှိပ်စက်နှိင်အောင် န.စ.က ခေါ် နယ်စပ်ဒေသ လုံခြုံရေးတပ်ကို တရားဝင် အမြဲတမ်း ထားခဲ့တယ်။ ရိုဟင်ဂျာ ဟာ အာဏာမဲ့ ၊ ပါဝါမဲ့ တဲ့အပြင် စားစရာ တောင်မရှိ ချိုတဲ့နေတဲ့ သူတွေပါ။ အားနည်း သူတွေပါ။ ဖိနှပ်ခံတွေပါ။ နဖားကြိုးတပ်ခံရ သူတွေပါ။ ရခိုင်တစ်ပြည်လုံးမှာ ဖြန့်ကျက်ပြီး ရှိနေသော်လည်း ပြည်နယ် တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးနှင့် အာဏာပိုင် အဖွဲ့အစည်း ဝန်ထမ်းများထဲတွင် ပါဝင်လုပ်ကိုင်ခွင့်မရကြပါဘူး။ရခိုင် လူမျိုးတွေက သာလျှင် ၉၀ % ကျော်ယူထားပြီး ဗမာ ၁၀ % နဲ့ အုပ်ချုပ်နေတာပါ။ မွတ်စလင်မ်ရဲ့ အိမ်မှာ တုတ်တစ်ချောင်း ထောင်ထားတာတွေ့ရင် ရခိုင်တွေက ဒီကုလားအိမ်မှာ လူသတ် လက်နက်ရှိတယ်ဆိုပြီး သွားတိုင်ကြတယ်။မုတ်ဆိတ်နဲ့ ဆိုရင်တော့ အလ် ကိုင်ဒါ အကြမ်းဖက် ဆိုပြီးစွပ်စွဲကြတယ်။သားသမီးတွေက ခိုးထွက်ပြီး နိင်ငံခြားမှာ အလုပ်သွား လုပ် ပြီးမိဘတွေကို ထောက်ပံ့ရင်လည်း ငွေရောက်လာပြီး ၁နာရီ အတွင်းရောက်လာပြီးစစ်ဆေးတယ်။ အမျိုးမျိုး စွပ်စွဲပြောဆိုပြီး ငွေတစ်ဝက် ခွဲပေးရတယ်။ မဟုတ်ရင် အကြမ်းဖက် အဖွဲ့အစည်းတွေက ထောက်ပံ့ တယ်ဆိုပြီး ပြောဆိုတာတွေဟာ မကြားချင်မှ အဆုံးပဲ။

ခင်ဗျားကတော့ သူတစ်ပါး လူမျိုးရေး ကိစ္စမှာ လာပြီး အာဏာရှင် ဆန်ဆန် (ရိုဟင်ဂျာ လုံးဝမရှိဘူး ဆိုတာပြောပြီဗျာ) ခင်ဗျားက ဘာမို့လို့လဲ။ ဗိုလ်နေဝင်းလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့တပည့်လား၊ အမြော်အမြင် နည်းပါးတဲ့ နိုင်ငံရေး သမား ဆိုတာ အဲဒီစကား တစ်ခွန်းက သက်သေထူနေပါပြီ။ ခင်ဗျားသိထားဖို့က မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ ၄၈ နှစ် တိုင်တိုင် ဒီမိုကရေစီ နိုင်ငံမဟုတ်ဘူးဆိုတာ သိထားဖို့ပဲ။ဒီမိုကရေစီ နဲ့ သူငယ်တန်း ဖတ်စာအုပ် ကိုအရင် ကြည့်ပါ။မြန်မာနိုင်ငံ လွပ်လပ်ရေး ရပြီးတာနဲ့ ပါလီမန် ဒီမိုကရေစီစနစ်ကို စတင်ကျင်းပခဲ့ပြီး ၁၄ နှစ်တိုင်တိုင် ကြာခဲ့တယ်။ အဲဒီမှာပြောကြဆိုကြတာတွေ ၊ ရေဒီယို အသံလွှင့်ခဲ့တာတွေ ၊ ပါလီမန် တက်ခွင့်ရပြီး ဝန်ကြီး ဖြစ်ခဲ့တာတွေ လေ့လာကြည့်ပါ၊ ဝန်ကြီးချုပ် ဦးနုရဲ့ မိန့်ခွန်း၊ ဦးဘဆွေ ရဲ့ မိန့်ခွန်း တွေအပြင် ဦးအောင်ကြီး ၊ ဦးတင်ဦးရဲ့ မိန့်ခွန်းတွေ ဆက်ကြည့်ပါ။ ရိုဟင်ဂျာ အလံဟာ မြန်မာပြည် မှာ လွှင့်ထူခွင့် ရခဲ့တာတွေ တွေ့ရမှာပါ။ နောက်ပြီး နှစ်ပေါင်း ထောင်ချီတဲ့ သမိုင်း ကြောင်းကို ပါလေ့လာပါအုံး။

ပြီးခဲ့တဲ့ ၂၀၁၀ မှာ ဒီမိုကရေစီ ပြန်စတော့ အမျိုးသားလွှတ်တော် ၊ ပြည်သူ့ လွှတ်တော် တွေမှာ ရိုဟင်ဂျာတွေ ရှိနေတာကိုပါ ခင်ဗျားမသိဘူးဆိုရင် ခင်ဗျား ဘေးနားက တစ်ယောက် ယောက်ကို ဆရာတင်ပြီး မေးကြည့်လိုက်ပါ။ အခုတော့ ခင်ဗျား လူတွင်ကျယ် လုပ်ပြီး ၊ သမိုင်းမသိဘဲ ပါတီရဲ့ထိုင်ခုံရာထူးအတွက် ပြောချင်သလို ပြောခဲ့လို့ ထောင်ချီတဲ့ ရိုဟင်ဂျာတွေရဲ့ အသက်တွေ၊ အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးနစ်နာ ခဲ့ရပြီး တစ်ကမ္ဘာလုံးက ရောက်လာပြီး ကူညီနေကြရပြီ။ သတင်း တွေကလည်း သူတို့ပါးစပ်ထဲမှာ ပြောချင်သလိုပြောနေကြတယ်။ အဲဒီကိစ္စရော ခင်ဗျား ဘယ်လို ရှင်းမလဲ။ စဉ်းစားပါအုန်း . . . ဒီမိုကရေစီ စနစ် စတင်ကျင့်သုံးပြီး ( ၂ )နှစ်အတွင်းမှာ သမ္မတ ကြီးရဲ့ နှုတ်မှ သော်လည်းကောင်း ၊ ပြည်သူ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်မှသော် လည်း ကောင်း လုံးဝမပြောသေးတဲ့ ဒီစကားကို ခင်ဗျားက အာဏာရှင် ဆန်ဆန် ပြောဆိုခဲ့တယ်။ မြန်မာ မွတ်စလင်မ် ၁၀ ဦးဟာ ကျုပ်တို့ ပြည်နယ်ရဲ့ ဧည့်သည်တွေပါလို့ ပြောတာကစပြီး ရန်ဖြစ် စကားများ ခဲ့ရာကနေ ရခိုင်တွေက မွတ်စလင်မ်တွေကို ရှိသမျှ အာဏာပါဝါ ၊ မီဒီယာတွေကို စုစည်းပြီး ရှိသမျှ အင်အားအကုန်ထုတ်ပြီး တိုက်ခိုက်ခဲ့ကြတယ်။

မွတ်စလင်မ်တွေဟာ နဂိုကတည်းက အာဏာ ပါဝါ မဲ့တဲ့အပြင် စားစရာ တောင်မရှိဘဲ စုစည်းမှု မရှိတဲ့အချိန် ၊ နဖားကြိုးတပ်ခံရတဲ့ အချိန် ၊ (တစ်ရွာ နှင့် တစ်ရွာ) ခရီးသွားလာခွင့် မရှိတဲ့ အချိန် မှာ အလစ်တိုက်ခံရတယ်။ မီဒီယာတွေက ဘက်လိုက်ပြီး သတင်းတွေပြောင်းပြန် အသံလွှင့် ခဲ့ကြတယ်။ မီးကို သူတို့ ရှို့ပြီး ၊ မွတ်စလင်မ်တွေက ရှို့တယ် ပြောလိုက် ၊ မွတ်စလင်မ်တွေက ကိုယ့် အိမ် ကို ၊ ကိုယ့်ဗလီကို ရှို့တယ်လို့ အသံလွှင့်လိုက် ၊ အင်အား နည်းပါးသူတွေကို အင်အားကြီးသူတွေ က အနိုင်ကျင့်ခဲ့ ကြတယ်။ ပြီးရင် မြို့ပေါ်ကနေ တောကို ပြောင်းရွှေ့ခိုင်းတယ်။ နိုင်ငံတော်ကလည်း ပထမ ရခိုင် ဗုဒ္ဓဘာသာ တွေမို့ နားယောင်ပြီး ချက်ချင်း တပ်မကြီး တစ်ခုလုံး ၊ ရေတပ် ကြည်းတပ် အပြည့်နဲ့ မောင်းတောကို ပို့ပေးကြတယ်။ အဲဒီမှာ ရခိုင် လူမျိုးတွေ လုံခြုံသွားတော့ ၄င်းတို့ အင်အား များတဲ့ စစ်တွေမြို့မှာ ချို့တဲ့ တဲ့ မွတ်စလင်မ်တွေကို အကွက်ချပြီးတိုက်ခိုက် ခဲ့ကြတယ်။ ရခိုင်တွေရဲ့ မဟုတ်မဟတ် လုပ်ဇတ်တွေကြောင့် ဘီဘီစီ ၊ ဗွီအိုအေ ၊ အာရ်အဖ်အေ စတဲ့ အသံလွှင့်ဌာနတွေမှာ လွှမ်းမိုးထားတဲ့ ရခိုင်တွေဟာ သတင်းပြောင်းပြန် လွှင့်ပြီး အကွက်ကျကျ စီမံလုပ်ခဲ့ကြတယ်။

သူတို့ဟာ ကမ္ဘာပေါ်မှာ အင်မတန် လူမျိုးဘာသာ အစွန်းရောက် တဲ့သူတွေပါ။ ဒီအဓိကရုဏ်းကို ကြိုးကိုင်ခဲ့တဲ့သူတွေထဲမှာ ဝံသာနုရက္ခိတ အဖွဲ့၊ ရခိုင်သာဟာယ အဖွဲ့၊ရခိုင် လူငယ် ကွန်ရက် နှင့်ရခိုင်လူမျိုးတွေ လွှမ်းမိုးထားတဲ့ မီဒီယာ တချို့ (အထူးသဖြင့် Eleven media group) အပြင် ၊အစိုးရ အရာရှိကြီးတွေ ထဲမှာ ပါတဲ့ ရခိုင်လူမျိုးတွေ လည်း ပါပါတယ်(ပမာအားဖြင့် ဒု-တိုင်းမှုး အဆင့်ရှိတဲ့ ရခိုင်တွေပေါ့ )။ ရခိုင်တွေ ကိုင်ဆောင်ထားတဲ့ ဓါးရှည်တွေလိုမျိုး မွတ်စလင်မ် တွေမှဆီမှာ ၁ ချောင်းမှ မရှိပါဘူး။ မွတ်စလင်မ်တွေဟာ အင်မတန် သနားစရာကောင်း ပါတယ်။ မယုံရင် ရခိုင်မှာ ၁ နှစ်လောက် သွားနေကြည့်ပါ။ ရခိုင်တွေက ခင်ဗျားကို ကြိုဆိုကြမှာပါ။ ရခိုင်မှာ ဂုဏ်သရေ ရှိတဲ့ ရခိုင်တွေလည်း အင်မတန် များပါတယ်။ သူတို့ ဘာပြောပြော မွတ်စလင်မ်တွေက သည်းခံကြပါတယ်။ ဒေသခံ ရခိုင်တွေကတော့ မျိုးရိုးကောင်း ပါတယ်။ မွတ်စလင်မ်တွေကို အနိုင်ကျင့်တာ သူတို့မဟုတ် ဘူး။ တခြားဒေသက လာပြီးအခြေချ သူတွေပါ။ သူတို့တွေက ဘင်္ဂလားဒေ့ရှ် မှာလည်း ၁၀သိန်း ခန့်ရှိ တယ်။ ဘင်္ဂလားဒေ့ရှ်ဟာ မွတ်စလင်မ် နိုင်ငံဆိုတော့ အေးချမ်းတယ်။ သူတို့တွေက အဲဒီမှာ ကြီးပွား ချမ်း သာ ကြတယ်။ နိုင်ငံတကာမှာ သွားပြီးပညာသင်ကြားကြတယ်။ ဒါကြောင့် နိုင်ငံတကာ မီဒီယာ တွေကို လွှမ်းမိုး နိုင်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေက ဒုကသည် အဆင့်နဲ့ နေထိုင်ကြပြီး သူတို့တွေက နိုင်ငံသား အဆင့်ရှိကြတယ်လေ။ ဘာပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ အတွက် ရခိုင်လူမျိုးတွေနဲ့ အတူနေရအုန်းမှာပါ။ လင်နဲ့မယား လျှာနဲ့သွား လိုပေါ့။ ရခိုင်လူမျိုး တွေ ဂရုဏာသက်ရောက်တဲ့ တစ်နေ့ပေါ့ဗျာ ၊ နိုင်ငံတော်ကို မထိန်မဝှက်ပဲ တင်ပြနိုင်တဲ့ တစ်နေ့ကြရင် အားလုံးနဂိုမူလ အတိုင်းကောင်းသွားမှာပါ။ အခုတော့ သူတို့က သတင်းတွေကို ဘက်လိုက်ပြီး လွှင့် နေကြတယ်။

ရိုဟင်ဂျာတွေဟာ နိုင်ငံတော်အဆင့်က ဦးတင်ဦး ၊ ဦးအောင်ကြီးတို့ ပြောခဲ့တဲ့နေ့က စပြီး လက် နက် မကိုင်တော့တာ ယနေ့အထိပါပဲ။ အဲဒီ နိုင်ငံတော် ဂတိကို စောင့်မျှော်ရင်း ငတ်ပြတ်ပြီး ဆင်းရဲ ဒုက ပေါင်းများစွာ ခံစားနေရတာပါ။ ဒါပေမယ့် ဆက်လက်ပြီးလည်းစောင့်မျှော်နေအုန်းမှာပါ။ မင်းမှာ သစ္စာ ၊ လူမှာ ဂတိ ဆိုသလို နိုင်ငံတော် ကို သစ္စာ ရှိစွာနဲ့ နိုင်ငံတော်က ပေးထားတဲ့ ဂတိကို မျှော်လင့် စောင့်စားရင်း ဘဝပေါင်းများစွာကို စတေးခံနေကြတာပါ။ ၊ ပြည်သူ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည် ဟာ သမာသမတ်ရှိပြီး ဖြောင့်မတ် မှန်ကန်ထက်မြက် မှုရှိတဲ့ နိုင်ငံရေး သမားကောင်း တစ်ယောက်ဖြစ်ပါတယ်။ သူမရှိရင် ဒီမိုကရေစီလည်းရှိမှာ မဟုတ်ပါဘူး။ စစ်တွေရဲ့ အခြေအနေ အမှန်အချို့ကို တင်ပြရမယ်ဆိုရင် လုံထိန်းရဲတွေက မွတ်စလင်မ် ရွာထဲကို ပထမ ဝင် လာပြီး ၊ ရခိုင်အကြမ်းဖက်တွေက အနောက်က လိုက်လာတယ်။ မွတ်စလင်မ်တွေက လုံထိန်းရှိ တယ် ဆိုတော့ ထွက်မပြေးဘူး။ အနောက်က လိုက်လာတဲ့ ရခိုင်အကြမ်းဖက်တွေက ပိုပြီးနီးကပ်လာ လို့ ခုခံမယ်လုပ်တော့ လုံထိန်းတွေက ပစ်သတ်တယ်။ အဲဒီမှာ ရခိုင်အကြမ်းဖက်တွေက ဓါးရှည်တွေနဲ့ လိုက်ခုတ်တယ်။ တစ်ချို့က မီးရှို့တယ်။ မီးပုံထဲမှာ အလောင်းတွေရော မသေမရှင်တွေရော ပစ်ချ တယ်။ ပစည်းလည်း လုတယ် ၊ အမျိုးသမီးငယ်တွေကိုလည်း ကားနဲ့ တင်ခေါ်သွားတယ်။ အဲဒါကိုကြည့်ခြင်း အားဖြင့် လုံထိန်းတွေက ရခိုင် အကြမ်းဖက်တွေကို ကူညီခဲ့ကြတယ်။ အဲဒီလို ၃ ရက်အတွင်းမှာ လူ ၅၀၀ ခန့် အသတ်ခံရပြီး အမျိုးသမီး နဲ့ ကလေး ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေတဲ့ အကြောင်း သိရပါတယ်။ ရိုဟင်ဂျာ လူမျိုးများ အနေနဲ့ ဒေသခံ ရခိုင်လူမျိုးများနှင့် သင့်မြတ်အောင် ကြိုးစားပြီးနေထိုင်သင့်ပါကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

စစ်တွေမွတ်ဆလင်တစ်ဦး
http://kyauktawfamily.blogspot.com/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.