Tuesday, August 7, 2012

ကုရ်အာန်ကျမ်းမြတ် ပထမဆုံး ပန်ဂျာဘီ ဘာသာပြန် ထွက်ရှိ။


 

Share
 
Tauqir Amaan Khan ဟာ ကျမ်းမြတ်ကုရ်အာန်ကို ပန်ဂျာဘီဘာသာကို ပထမဆုံးပြန်ဆိုတဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦးဖြစ်လာပါတယ်။ ကျမ်းမြတ်ကုရ်အာန်ဟာ ကမ္ဘာ တစ်ဝှမ်းလုံးမှာ ဘာသာစကားအမျိုးမျိုးကို ပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။ ပန်ဂျာဘီဘာသာစကားဟာ ကမ္ဘာ့ပထမဆုံးဘာသာစကား ဆယ်မျိုးထဲမှာ ပါင်တယ်လို့ ယူဆရပြီး ကမ္ဘာပေါ်ကလူပေါင်း သန်း၄၀လောက်ဟာ ပန်ဂျာဘီဘာသာစကားကို နားလည်အသုံးပြုနေကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာပဲ လူပေါင်း ၁၂သန်းလောက်ဟာ ပန်ဂျာဘီဘာသာစကားကို နားလည် ပြောဆိုနေကြပြီး အိန္ဒိယနိုင်ငံက လူပေါင်း သန်း၃၀ကျော်လောက်လည်း နားလည်အသုံးပြုနေကြပါတယ်။
သီးသန့် အင်တာဗျူးတစ်ခုမှာ
Amaan Khan က ပန်ဂျာဘီတစ်ယောက်ဖြစ်နေခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ အာယသ်တော်ကို သူ့ ရဲ့မိခင်ဘာသာစကားကို ပြောင်းလဲပေးဖို့  တာဝန်ရှိသလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။
သူ့ ရဲ့ဘာသာပြန်စာအုပ်မှာ အာရဗီဘာသာစကားနဲ့  ပန်ဂျာဘီဘာသာစကားကို ယှဉ်တွဲဖော်ပြထားပါတယ်။ ဒီလိုဘာသာပြန်ခြင်းမပြုလုပ်ခင်က သူဟာ စာအုပ်ပေါင်း မြောက်များစွာကို လေ့လာဖတ်ရှုခဲ့ပါတယ်။
ဟာဖိဇ် နဇွာရ်မုဟမ္မဒ်၊ မော်လနာ ဗရှီရ်အဟ်မဒ်၊ ဒေါက်တာ အတ်စ်ရားအဟ်မဒ်၊ မောင်လနာမောင်ဒူဒီ၊ ဂျာဗီဒ်အဟ်မဒ်ဂါမဒီ၊ အမီးန်အဟ်စာန်အဆ်ွလာဟီ၊ မော်လာနာ အဗုလ်ကလာမ်အာဇာသ်၊ မုဖ်သီမုစ်သွဖာ၊ မော်လနာ အရှ်ရှဖ်အလီထာနဝီ၊ ပီရ်ကရမ်ရှားဟ် တို့ ရေးသားခဲ့တဲ့စာအုပ်တို့ ကို ဖတ်ရှုခဲ့ပါတယ်။
Khan က သူဘာသာပြန်ခြင်းရဲ့ရည်ရွယ်ချက်က ဖတ်ရှုသူတွေအတွက် ကုရ်အာန်ကျမ်းမြတ်ဟာ အကြွင်းမဲ့လက်ခံကြည့်သုံးနိုင်တဲ့ ကျမ်းမြတ်ဖြစ်ကြောင်း သိရှိကျေနပ်နိုင် စေဖို့  ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ဟဂ်ျကပြန်လာပြီး ၂၀၀၂ခုနှစ်လောက်ကတည်းက ကုရ်အာန်ကို ဘာသာပြန်ဆိုနိုင်ဖို့ ကြိုးစားခဲ့တာပါ။ စာအုပ်တွေ ဖတ်ဖို့ နဲ့ နားလည်နိုင်ဖို့ ကို လေးနှစ်လောက် အချိန်ယူခဲ့ရပြီး ၂၀၀၇ ခုနှစ်ရောက်မှ စူရဟ်ဖာသွိဟ်ကို ပထမဆုံး စတင်ပြန်ဆိုနိုင်ခဲ့ပါတယ်။
တစ်နေ့ ကို ၁၈နာရီနဲ့  နာရီ ၂၀လောက်အချိန်ယူပြီး ပြန်ဆိုခဲ့ပါတယ်။ ဒီလိုဘာသာပြန်နေစဉ် အချိန်အတွင်းမှာ သူငယ်ချင်းတွေ ဆွေမျိုးတွေနဲ့ လည်း မတွေ့ ဆုံနိုင်ခဲ့ဘူးလို့  ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ နောက်ဆုံး သူရဲ့ဘာသာပြန်ဆိုခြင်းဟာ ၂၀၀၉ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
(ummat news)
ဇူလိုင်လထုတ် အလ်မီဇားန် အမှတ်၁၁ မှ
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.