Monday, April 8, 2013

မိတ္ထီလာမှာ သေကံမရောက် သက်မပျောက်ခဲ့တဲ့ AP သတင်းထောက်...


 






































မတ်လ(၂၂)ရက်ဝန်းကျင်လောက်က မိတ္ထီလာကို သတင်းလာယူတဲ့ မီဒီယာ အုပ်စုတစ်စုကို အဖျက်သမားအုပ်စုတစ်စုက မီးလောင်တိုက်သွင်းဖို့ကြိုးစား ခဲ့တယ်။ အဲဒီထဲမှာ နိုင်ငံခြားသတင်းထောက်တွေလည်းပါတယ်။ ဒါပေမဲ့ မဖြစ်မြောက်ခဲ့ဘူးဆိုတဲ့ သတင်းသဲ့သဲ့ကြားလိုက်ရပါတယ်။

AP သတင်းထောက် ကိုခင်မောင်ဝင်း(ရွှေအင်းသား)ကို မေးကြည့်တဲ့အခါ
"အဲဒီဖြစ်စဉ် အမှန်ပါဘဲ" လို့ပြောပါတယ်။

ဖြစ်စဉ်ကဒီလိုပါတဲ့။" 7Day/Messenger/AFP/RFA သတင်းဌာနက ဓာတ်ပုံဆရာတွေ၊ သတင်းထောက်တွေနဲ့အတူ အဝေးပြေးကားဝင်းက တဆင့်မြို့ ထဲကို ကားနဲ့သွားခဲ့ပါတယ်။ မြို့ က(၂)ရက်လောက်နဲ့တင် အတော်လေးပျက်စီးနေပြီး မီးလောင်ပြင်ဖြစ်နေပါပြီ။ ဈေးကုန်းကျောင်း ဆရာတော်ကို ၀င်ဖူးပြီး ဆရာတော်က ဒကာတစ်ယောက်ထည့်ပေးလိုက် ပါတယ်။ မီးလောင်ပြင်တွေကို ဓါတ်ပုံရိုက်ကြတာပေါ့။ အဲဒီအချိန် ဗလီ တစ်ခုကို မီးရှို့နေတဲ့အုပ်စုနဲ့ ဘွားကနဲ့ပက်ပင်းသွားတိုးပါတယ်။ ပိာုမှာမီဒီယာတွေ ငါတို့ကိုဓါတ်ပုံရိုက်နေတယ်... ကားကိုမီးရှို့လို့အော်
ပြောပြီး တုတ်၊ဓါး၊၀ါးချွန်တွေနဲ့ ရောက်လာကြတယ်။ ကားကို ၀ိုင်းထားပြီး ကားကို ၀ိုင်းထုကြတယ်။ ကိုရင်တပါးက မင်းတို့ဘာလို့ဓါတ်ပုံရိုက်တာလဲ
မေးတော့ မရိုက်ကြောင်းရှင်းပြလဲ မရပါဘူး။ ဘေးမှာ သတ်မယ်၊ ရှို့မယ် တကဲကဲ လုပ်နေကြပြီ။

ဒါဆိုကတ်ပြားထုတ်ဆိုလို့ ရိုက်လက်စ memory card ထုတ်ပးလိုက်တော့ ရိုက်ချိုးပစ်တယ်။အဲဒီအချိန် ကားထဲမှာရှိတဲ့ ဓါတ်ပုံဆရာ ဂျေမောင်မောင်ကို
ကားထဲကဆွဲချနေတာ မနည်းတောင်းပန်နေချိန်မှာ ဘုန်းကြီးတစ်ပါးက ကျွန်တော့်ကို ဌက်ကြီးတောင်ဓါးနဲ့ ရင်ညွန့်ကိုထောက်ထားတာ။ဘေးမှာ
သွေးကြွအောင်ညာသံပေးနေတဲ့ သူတွေကအများကြီးပါပဲ။ ကတ်ပေး လိုက်တဲ့ ဘုန်းကြီးကိုအကူအညီလှမ်းတောင်းရတယ်။ကယ်ပါဦး ဘုန်းဘုန်း ရယ်ပေါ့။ အဲဒီမှာ ဘာကံကောင်းသွားလည်းဆိုတော့ ကျွန်တော်တို့ထဲမှာ ပါတဲ့လူက နာရေးကူညီမှုမှာလုပ်နေတဲ့ လူဆိုတာ ဦးဇင်းတချို့က သိကြတယ်။ အဲဒီမှာဝင်တောင်းပန်ပေးတော့ လက်ခံကြချိန်မှာ မရဘူး၊ သတ်မယ်ဆိုတဲ့ ၂ပါးလောက်ရှိနေသေးတယ်။ ကားနောက်ဖုံးကို ဖွင့်ပြီး ကင်မရာတွေကိုရိုက်ချိုးဖို့လုပ်နေကြပြီ။ ဒါနဲ့ ခုနကအကူအညီပေးတဲ့ ဦးဇင်း က မင်းတို့ မီဒီယာကားချက်ချင်းသွား၊မကြည့်ချင်ဘူး၊ ဘာညာပြောပြီးမောင်း ထုတ်မှလွတ်သွားတာ။ ဒါတောင်ဈေးကုန်းကျောင်းရောက်တဲ့အထိ အချို့ လိုက်လာကြသေးတယ်။သွေးဆာနေတဲ့လူတစုက ကျောင်းကိုဝိုင်းထားလို့ ဆရာတော်က ရဲစခန်းကိုအကူအညီလှမ်းတောင်းပေးတယ်။ သက်ဆိုင်ရာက ယာဉ်တန်းနဲ့ အပြင်လာထုတ်ပေးပါတယ်။ "

Ref; နံနက်ခင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်- ၄၉၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.