Tuesday, April 23, 2013

အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့

 
 
 
ဧပြီ ၂၂ ၂၀၁၃

fp02_big
အစ္စလာမ်အား တစ်ဖက်သတ်ကြောက်ရွံ့စော်ကားနေသူ အစွန်းရောက် ဒတ်ခ်ျနိုင်ငံရေးသမား Geert Wilders ၏ပါတီ၌ ဦးဆောင်အဖွဲ့ဝင်ဟောင်း Arnoud Van Doorn သည် လွန်ခဲ့သည့်လက အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လိုက်သည်။ သူသည် အစ္စလာမ်သာသနာနှင့် တမန်တော် Muhammad အား စော်ကားသည့် ရုပ်ရှင်ထုတ်လုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ယင်းရုပ်ရှင်အား ကမ္ဘာတစ်ဝှန်း၏ ပြစ်တင် ရှုတ်ချမှုကြောင့် အစ္စလာမ့် တမန်တော်အကြောင်းကို လေ့လာရာမှ အစ္စလာမ်အား လက်ခံသက်ဝင် လိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
 
The Hague City Council အကြံပေးအရာရှိ နှင့် နယ်သာလန်နိုင်ငံ ပါလီမန်အဖွဲ့ဝင် ဒတ်ခ်ျအမျိုးသား Doorn သည် မိမိ၏ Twitter ကိုယ်ပိုင်စာမျက်နှာမှ အစ္စလာမ်ကိုလက်ခံသည့် ဆုံးဖြတ်ချက်နှင့်အတူ အရဗီဘာသာဖြင့် အစ္စလာမ့်ယုံကြည်ချက်ဆိုင်ရာ သက်သေခံစကားအား ဖော်ပြခဲ့သည်။ ထိုသတင်းကို ကနဦးပိုင်းတွင် အခြားသူများက သူ၏ နောက်ပြောင်မှုဟု ထင်မှတ်ခဲ့ကြသည်။ ၄င်းနောက် အစ္စလာမ်အား လက်ခံကျင့်သုံးမည့် မိမိ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း Doorn က မြို့တော်ဝန်ထံ တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့သည်။ များမကြာသေးမီကပင် မိမိ၏ လုပ်ငန်းခွင်အတွင်း မိမိအား ၀တ်ပြုခွင့်ပြုရန်ကိုလည်း လျှောက်ထားတင်ပြလိုက်သည်။
 
အင်္ဂလိပ်ဘာသာဖြင့်တင်ဆက်သည့် Al-Jazeera Channel ထံ သူမှ ဤသို့ပြောကြားသည်။
Far-right-Dutch-Politician-Reverts-to-Islam
“ ဒါဟာ လူအတော်များများအတွက် မျှော်လင့်မထားတဲ့ကိစ္စဖြစ်နေတော့ လူတွေ သံသယ၀င်နေကြတာကို ကျွန်တော် နားလည်ပါတယ်။ ဒီကြီးကျယ်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် ပေါ့ပေါ့တန်တန် ချခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကုရ်အာန်ကျမ်း၊ ဟဒီးဆ်(တမန်တော့်သြ၀ါဒ)၊ စွန္နဟ်(တမန်တော့်ဓလေ့နည်းနာ) နဲ့ အခြား(အစ္စလာမ်)ကျမ်းဂန်များကို တစ်နှစ်နီးပါး ထဲထဲဝင်ဝင် သုတေသနပြုလေ့လာခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့အရင်းနှီးဆုံးလူတွေ သိကြပါတယ်။ ဒါ့အပြင် မွတ်စ်လင်မ်တွေနဲ့ ဘာသာတရားအကြောင်း ဆွေးနွေးခဲ့တာလည်း မနည်းမနောပါဘဲ။
 
 လူနည်းစုတစ်ချို့က ကျွန်တော့်ကို သစ္စာဖောက်လို့ ဆိုကြတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ကျွန်တော်ဟာ သိပ်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု တကယ်လုပ်နိုင်ခဲ့ပြီလို့ သတ်မှတ်ကြပါတယ်။ အစ္စလာမ်အပေါ် အဆိုးမြင်စေတဲ့ ဖြစ်ရပ်အမြောက်အများ ကျွန်တော် ကြားနေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ကိုယ်တိုင်ဆန်းစစ်လေ့လာမှုမလုပ်ဘဲ လူတွေရဲ့အထင်အမြင်နောက်ကို လိုက်တတ်တဲ့လူစား မဟုတ်ဘူးလေ။ ဒါ့ကြောင့် စူးစမ်းလိုစိတ်သက်သက်နဲ့ အစ္စလာမ့်အကြောင်းပိုသိလာအောင် နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တာပါ။ မြောက်များစွာသောလူတွေအတိုင်း
 
အမှားအယွင်းတွေကျူးလွန်ခဲ့မိတာဖြစ်ပေမယ့် ဒီမှားယွင်းမှုထဲကနေ သင်ခန်းစာအများကြီး ရခဲ့ပါတယ်။ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လိုက်တဲ့အတွက် ကျွန်တော့်အဖို့ အဆုံးသတ်လမ်းစဉ်မှန်တစ်ခု ရှာဖွေတွေ့ရှိသွားတယ်လို့ ခံစားရပါတယ်။ ဒါဟာ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပြီး ထပ်မံလေ့လာသင်ကြားဖို့လိုအပ်နေသေးကြောင်းကိုလည်း နားလည်ခဲ့ပါတယ် ”။
 
Doorn သည် မိမိပါတီ၏ အစ္စလာမ်ဆန့်ကျင်ရေးလမ်းစဉ်ကြောင့် သာသနာနှင့်စပ်လျဉ်းသော အမှန်တရားအား မိမိဖာသာ တူးနှိုက်ထုတ်ဖော်ရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ လူချင်းမမြင်ဖူးသော သူ၏ Twitter မိတ်ဆွေအမြောက်အများကလည်း သူ့အနေအထားကို နားလည်ကြောင်း၊ သူ့ရွေးချယ်မှုးကို ထောက်ခံကြောင်း အားပေးခဲ့ကြသည်။
 
တစ်ချိန်က Freedom Party အဖွဲ့သားဖြစ်ခဲ့ခြင်းအပေါ် နောင်တရမရကို မေးမြန်းရာ “ ဘ၀ရဲ့ကြုံတွေ့မှုမှန်သမျှမှာ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်လို သိမြင်နားလည်ထားခဲ့ယင်တော့ ကျွန်တော်ဟာ တခြားလမ်းကြောင်းတစ်ခု ရွေးချယ်ဖြစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး ” ဟု ဖြေဆိုခဲ့သည်။
 
Arnoud Van Doorn သည် မဒီနဟ်မြို့တော်ရှိ တမန်တော့်ဗလီဝတ်ကျောင်းသို့သွား၍ အစ္စလာမ့်စော်ကားမှု ရုပ်ရှင်ကဏ္ဍ၌ ပါဝင်ဆောင်ရွက်မိသည့်အပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း တမန်တော်အား ရည်ညွှန်းတိုင်တည်ပြောဆိုခဲ့သည်။
 
 မဒီနဟ်ဝတ်ကျောင်းမှ အိမာမ်(ရှေ့ဆောင်ဆရာတော်)နှစ်ပါးထံ မွတ်စ်လင်မ်ကောင်းတစ်ဦးဖြစ်လာရေး၊ အနောက်တိုင်းတွင် အစ္စလာမ့်လမ်းစဉ်ဖြင့် အဆင်ပြေအောင် နေထိုင်ကျင့်သုံးနိုင်ရေးအတွက် လမ်းညွှန်ချက်ခံယူပြီးနောက် ၊ မက္ကဟ်မြို့သို့ထွက်ခွာကာ အွမ္မရဟ် (တာဝန်မဟုတ်သော ဟဂ်ျအငယ်စား ကျင့်ဝတ်)ကို ပြုကျင့်ဆောင်ရွက်ခဲ့သည်။
 
Okaz/Saudi Gazette
M-Media

No comments:

Post a Comment

Note: Only a member of this blog may post a comment.