Monday, April 8, 2013

ဘာသာပေါင်းစုံ သာသနိက အဆောက်အအုံများမှာ သာသနာရေး ဝန်ကြီးဌာန မပေါ်ခင် ကတည်းက ရှိနေတာဖြစ်ကြောင်း၊ မီဒီယာများ မှားယွင်းဖော်ပြမှု ပြန်လည်ဖြေရှင်းမည်ဟု တိုင်းသာသနာရေးမှူး ဦးအောင်ကြည်ပြောကြား၊

 
ဧပြီ ၆- ၂၀၁၃
 
သတင်း-ထွန်းတောက်
 
(၆-၄-၂၀၁၃)ရက်နေ့ညနေ(၃)နာရီတွင် သာသနာရေးဝန်ကြီးဌာန(ကမ္ဘာအေး)တွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများအား ဖိတ်ကြား တွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်၏ မီဒီယာများနှင့်တွေ့ဆုံရာတွင် ဖော်ပြခဲ့သော အကြောင်းအရာ အတွက်
 
အစ္စလာမ်ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရမှု အတွက် ၀မ်းနည်းရပါကြောင်း ပြောကြားခဲ့ ပါသည်။
တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်ကလည်း ဗလီဝတ်ကျောင်းတော်များ တရားမ၀င်ဟု ၄င်းအနေဖြင့် ပြောကြားခဲ့ခြင်း မဟုတ်ကြောင်း၊ ဗလီဝတ်ကျောင်းတော်များအပါအ၀င် ဘာသာပေါင်းစုံ၏ သာသနိက အဆောက်အအုံများသည် သာသနာရေး ၀န်ကြီးဌာန မပေါ်ပေါက်မီကပင် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ သာသနာရေးဦးစီးဌာနသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဌာန်းချက်နှင့် အညီ ဘာသာအသီးသီး၏ သာသနာ့ အဆောက်အအုံများကို တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်လျှက် ရှိကြောင်း၊ မီဒီယာများတွင် ဖော်ပြချက်ကြောင့် အစ္စလာမ် ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရသည့် အတွက် ၀မ်းနည်းပါကြောင်း၊ မီဒီယာများမှ တစ်ဆင့်ပြန်လည် ရှင်းလင်းတင်ပြပေးမည် ဖြစ်ကြောင်းပြော ကြားခဲ့ပါသည်။
 
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဆိုသော သတင်းကို ဧပြီလ ၃ ၇က်နေ့တွင် Eleven မီဒီယာမှ ဖော်ပြခဲ့ပြီး ယခု အချိန်ထိအဆိုပါ သတင်းနှင့်ပတ်သက်ပြီ တစုံတရာ မှားယွင်းကြောင်း ပြင်ဆင်တောင်းပန်ချက် ထုတ်ပြန်ခြင်းမပြုလုပ်သေးကြောင်းတွေ့ရှိရပါသည်။
 
Eleven မှ ဖော်ပြခဲ့သည့် သတင်းဖတ်လိုလျှင်
 
 
M-Media   သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.