Monday, April 8, 2013

ပုသိမ်မြို့တွင် ဘာသာပေါင်းစုံ အလှူပွဲကျင်းပမည်ပုသိမ်မြို့တွင် ဘာသာပေါင်းစုံ အလှူပွဲကျင်းပမည်

 ဧပြီ ၇၊ ၂၀၁၃

နေမင်း

2
ပုသိမ် ။ ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရည်ရွယ်၍ ဘာသာပေါင်းစုံအလှူပွဲကို ဧပြီလ ၈-ရက် (တနင်္လာနေ့)တွင် နံနက် (၁၀)နာရီမှ နေ့လည် (၁၂း၃၀)နာရီထိ မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ယင်းဘာသာပေါင်းစုံအလှူပွဲကို ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေရေးကွန်ရက်၏ ကြီးကြပ်မှုဖြင့် သာသာပေါင်းစုံမှ လူမျိုးများ အတူတကွတွေ့ဆုံ၍ ဘာသာတရားအသီးသီးမှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး တရားဒေသနာ အဆုံးအမများကို နာယူပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။


M-Media    သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.