Saturday, April 13, 2013

မြန်မာပြည်တွင် မွတ်စလင်များအား လူမျိုးတုန်းသတ်ဖြတ်နေမှု အတွက် ပီနန်မြန်မာမွတ်စလင်များ စုပေါင်းဆန္ဒပြခြင်း





 

မလေးရှားနိုင်ငံ ပီနန်မြို့မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အစ္စလာမ်ဘာသာဝင်များအပေါ် လူမျိုးတုန်းသတ်ဖြတ် အကြမ်းဖက်မှုများကို ရှုံ့ချတဲ့အနေနဲ့ ဧပြီလ (၁၂) ရက်နေ့မှာ Kapital Keling Mosque ရှေ့တွင် စုဝေးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှုများအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူရေး၊ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေသူများအား ကူညီမှုကန့်သတ်ချက်များ ပယ်ဖျက်ရေး၊ ပျက်ဆီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်ပေးရေးနဲ့ အနာဂါတ်မှာ ထပ်မံမဖြစ်ပွားစေရန် ဥပဒေကြောင်းအရ အာမခံချက်များပေးရေးတို့ကို အဓိကထား တောင်းဆိုကြတာဖြစ်ပါတယ်။

မတ်လ၊၂၀၁၃ မိတ္ထီလာတွင် စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ အစ္စလာမ်ဘာသာဝင်များအပေါ် တစ်ဖက်သတ် အကြမ်းဖက်မှုတွေအဖြစ် မြန်မာနိုင်ငံအနှံ့ ပြန့်ပွားကူးဆက်ခဲ့တာကို ဆန့်ကျင် ခဲ့တာဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးခဲ့သည့်အပြင် ထိရောက်စွာတားမြစ်မှုများ မပြုခဲ့တဲ့အတွက် အခြေအနေတွေ ပိုမိုဆိုးရွာလာခဲ့တာဖြစ်တယ်။

ဆန္ဒပြသည့် အဖွဲ့ခေါင်းဆောင် ဟာဂျီအေးနိုင်မှ ယခုလိုမြန်မာပြည်တွင်ဖြစ်ပွားနေသည့် မွတ်စလင်(မ်)များ အကြမ်းဖက်သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် ဖိအားပေးတောင်းဆိုမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့ဆန္ဒပြပွဲတွင် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ မြန်မာမွတ်စလင် မိတ်ဆွေညီနောင်များ အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.