Sunday, April 7, 2013

သန်လျှင်တွင်လည်း ၉၆၉ ဂိုဏ်းသောင်းကျန်း

သန်လျှင်၊ ဧပြီ ၆
သတင်း – ပသီမ (MMM)
 
အစ္စလာမ်ဘာသာရေးသင်ခန်းစာသင် ဆရာတစ်ဦးဖြစ်သူဦးအေးဝင်းနေအိမ်ရှေ့သို့ ၉၆၉ တံဆိပ်ကပ်ထားသော ဆိုင်ကယ်ကယ်ရီဆွဲသမား (၈)ဦးက မတ်လ (၂၆)ရက်နေ့တွင်ည၁၀နာရီခွဲမှ နံနက် ၂နာရီခန့်ထိလာရောက်ဆူပူသောင်းကျန်းခဲ့ကြောင်း နှင့် အဆိုပါဆူပူမှုအား အချိန်နှင့် တပြေးညီ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သော်လည်း တစုံတရာ အရေးယူဖြေရှင်းပေးခြင်းမရှိကြောင်းသိရသည်။
 
“ပွကြီးလို့ခေါ်တဲ့ ဆိုင်ကယ်ကယ်ရီဆွဲသားတစ်ဖွဲ့က အိမ်ရှေ့မှာ လာရောက်သောင်းကျန်းတယ်။ မဖွယ်မရာတွေလည်းလုပ်တယ်။ ရိုင်းဆိုင်းတဲ့ ဆဲဆိုမှုတွေလုပ်ပြီး ဘာသာရေးကိုထိခိုက်ပြီးတော့ စော်ကား တယ်။ ဒါကို ကျွန်တော်တို့ တာဝန်ရှိတဲ့ရုံးကို အကြောင်းကြားတော့ ဘာမှအရေးယူခြင်းမရှိပါဘူး။
 
နောက်ကျွန်တော်တို့အတွက် ဘာသာရေးအဖွဲ့အစည်းကလည်း မရှိဘူး။ ဒီအစွန်းရောက်သမားတွေ့ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေတဲ့အတွက် ဘာသာရေးပဋိပက္ခမဖြစ်အောင် ၀ိုင်းဝန်းပြီးတော့ သဘောထား ထုတ်ပြန်ချက်တွေ အမြန်ဆုံးဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ဦးအေးဝင်းက မြန်မာမွတ်စလင်မ် မီဒီယာ သို့ပြောသည်။
 
ထို့အပြင် အထက်ပါ ဒေသခံ ၉၆၉ ဘာသာရေး အကြမ်းဖက်ဂိုဏ်းဝင်များသည် မိတ္ထိလာတွင် ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားများက အစ္စလမ်ဘာသာဝင်များအား မြို့လုံးကျွတ် ဖျက်ဆီး သတ်ဖြတ် နေချိန်တွင်လည်း ထားမလုံ ကားဂိတ်တွင်ဆိုင်ကယ်ကယ်ရီဆွဲသည့် အစ္စလာမ်ဘာသာဝင် လူငယ် ၃ ဦးကိုလည်း ခြိမ်းခြောက် ပါးရိုက်မှုကိုကျုးလွန်ခဲ့ဖူးသူများ ဖြစ်ကြောင်းလည်းသိရသည်။
 
မတ်လ(၂၀)ရက်နေ့က မိတ္ထီလာမှာ ဘာသာရေး ပဋိပက္ခဖြစ်နေတဲ့အချိန် ဒီမှာလည်း အဲဒီ(၉၆၉)တံဆိပ်တွေကပ်ပြီး ပွကြီးတို့အုပ်စုက ဒီကလေး(၃) ယောက်ကို ၀ိုင်းပြီးအနိုင်ကျင့်တယ်။ ကိုယ်ထိလက်ရောက်စော်ကားတယ်ဗျာ။ မင်းတို့ကို နောက်ချောင်းရိုက် မယ်လို့လည်း ကျိန်းထားသေးတယ်ဗျာ။အခုညပိုင်း ထားမလုံကားဂိတ်မှာ ကယ်ရီမဆွဲရဲ့တော့ဘူး။
 
အဲဒီပွကြီးတို့က အုပ်စုလိုက်ထားမလုံကားဂိတ်မှာ ကယ်ရီဆွဲ နေကြတာဗျာ၊ အမြန်ဆုံး ကလေးတွေ့ရဲ့ အန္တရာယ်ကို ကာကွယ်ပေးဖို့ မီဒီယာများကနေတစ်ဆင့်ပြောပေးကြပါ” ဟု ဦးအေးဝင်းကပင် မြန်မာမွတ်စလင်မ်မီဒီယာ သို့ ထပ်လောင်းပြောကြားသည်။
 
ဘာသာရေးအစွန်းရောက်၉၆၉ ဂိုဏ်း သားများက နှောက်ယှက်မှုခံခဲ့ရသည့်ဦးအေးဝင်းသည် သန်လျင်မြို့နယ်လက်ယက်စမ်းကျေးရွာတွင်နေထိုင်ကာ ကလေး (၆၀)ကျော်ကို အစ္စလာမ်ဘာသာရေး အခြေခံစာသင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့လာရောက်ကျူးကျော်ဆူပူသောင်းကျန်းမှုကို တာဝန်ရှိသူများက လာရောက်အရေးယူပေး ခြင်းမရှိသဖြင့်အစ္စလာမ်ဘာသာရေး အခြေခံစာသင်ကြားခြင်းကို ရပ်နားထားရကြောင်း သိရသည်
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.