Saturday, February 9, 2013

ဆင်းရဲသားများ အတွက် ချီကာကိုမြိုမှ မွတ်စလင်များ၏ လူမှုကူညီရေး လုပ်ဆောင်မှုများ

IMAN.jpg1.jpg2.jpg3 
 
 
 
 
 
 
ကိုင်ရို။ ။ ပိုမိုကောင်းမွန်သော ဘ၀တည်ဆောက်ရန် ဘာသာတရားက မောင်းနှင်ပေးခြင်းကြောင့်၊ ချီကာဂိုရှိ မွတ်စလင် စေတနာ့ဝန်ထမ်းများက ဆင်းရဲသော အမေရိကန်များအတွက် လူမှုရေးကူညီရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
 
“အလှူဒါနပြုခြင်းဟာ ကျနော်တို့သာသနာရဲ့ အစိတ်အပိုင်းတစ်ခုပါ။” ဟု Inner-City Muslim Action Network (IMAN) အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ Adiba Khan က ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။မွတ်စလင် အန်ဂျီအို အဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ချီကာဂိုမြို့ရှိ ဆင်းရဲသော အိမ်နီးချင်းများ၏ လူနေမှုဘ၀ တိုးတက်စေရန်အတွက် ကူညီလုပ်ဆောင်လျက်ရှိသည်။
 
IMAN မှာ ထို အန်ဂျီအို အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပြီး ဆင်းရဲသောသူများအတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ရန် အခမဲ့ဆေးပေးခန်းတစ်ခု ဖွင့်လှစ်ပေးခဲ့သည်။
“စောင့်ရှောက်မှုလုပ်ငန်းရဲ့ အရည်အသွေးကတော့ အံ့မခန်းပါပဲ။ ဆရာဝန်က သိပ်ကို နားလည်မှုရှိပါတယ်။” ဟု သွေးဖိအား ပြဿနာကြောင့် ဆရာဝန်ပြသရန်စောင့်ဆိုင်းနေသည့် လူနာ Yolanda Voss က ဆိုသည်။
 
IMAN အဖွဲ့ကို အသက် ၄၀ အရွယ်ရှိ မွတ်စလင်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ Rami Nashashibi က ဖွဲ့စည်းခဲ့ပြီး ချီကာဂိုမြို့ရှိ အကျဉ်သားဟောင်းများအတွက် အလုပ်အကိုင်များ၊ နေရာထိုင်ခင်းများ ရရှိအောင်လည်း ကူညီဆောင်ရွက်ပေးလေသည်။ ၎င်းအပြင် မွတ်စလင်များအား အနုပညာ၊ လူမှုရေးကူညီမှုလုပ်ငန်းများနှင့် ဆယ်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ကဗျာရွတ်ဆိုပွဲများ၊ မြို့တွင်းဈေးရောင်းပွဲတော်များကိုလည်း ကျင်းပပေးခဲ့သည်။
 
အခြား မွတ်စလင်အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်သည့် Council for the Advancement of Muslim Professionals (မွတ်စလင် အတတ်ပညာရှင်များ တိုးတက်ရေးကောင်စီ) ကလည်း ထိုကဲ့သို့ ကူညီမှုများကို ဆောင်ရွက်လေသည်။ အဆိုပါကောင်စီမှာ နွေဦးကာလရောက်တိုင်း အီလီနွိုက်စ် ပြည်နယ်လွှတ်တော် အဆောက်အအုံတွင် မွတ်စလင်လူငယ်များ စုရုံကား နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်လေ့ရှိကြသည်။
 
ချီကာဂိုမြို့တွင် မွတ်စလင်ဦးရေ ၄ သိန်းခန့်ရှိကာ နိုင်ငံအတွင်း အကြီးဆုံးမွတ်စလင် လူ့အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၆ သန်းမှ ၈ သန်းအထိ ရှိသည်။မွတ်စလင် တက်ကြွလှုပ်ရှားသူများ တိုးတက်လာခြင်းမှာ အမေရိကန်နိုင်ငံအတွင်း အစ္စလာမ့်ပုံရိပ် အစစ်အမှန်ကို ရောင်ပြန်ဟပ်စေသည်ဟု လေ့လာစောင့်ကြည့်သူများက ယူဆကြသည်။နိုင်ငံတစ်ဝှမ်း ကွန်ယက်ဖွဲ့ထားသည့် လူငယ် တက်ကြွလှုပ်ရှားသူများ ဦးဆောင်သည့် မွတ်စလင်
 
ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းများ တစ်ဟုတ်ထိုး တိုးတက်လာခြင်းက “ယခုလက်ရှိ အမေရိကမှ အစ္စလာမ်သာသနာ၏ အရေးအကြီးဆုံး မှတ်တမ်းပင်ဖြစ်သည်”ဟု ကောလိပ်အခြေပြု Interfaith Youth Core အဖွဲ့ကို ဖွဲ့စည်းတည်ထောင်သူ Eboo Patel က ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။
 
ဟားဗတ် ခရစ်ယာန်ဓမ္မ သင်တန်းကျောင်း၏ ဌာနမှူးဟောင်းဖြစ်သူ Jane I. Smith ကလည်း “နေရာတော်တော်များများမှာ ဒီလို ကောင်းမွန်တဲ့ကိစ္စတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ကတော့ ချီကာဂိုဟာ အမျိုးအစား အားလုံး ရှိနေတဲ့ နေရာလို့ ထင်မိပါတယ်။ ကျောထောက်နောက်ခံ ပေါင်းစုံက ကိုယ်စားပြုတဲ့သူတွေရှိတယ်။ ပြီးတော့ အစ္စလာမ်ကို ချဉ်းကပ်ရာမှာ နည်းလမ်း မျိုးစုံလည်း ရှိပါတယ်။” ဟု ဆိုသည်။
 
IMAN နှင့် အခြားမွတ်စလင် အန်ဂျီအို အဖွဲ့များ၏ အောင်မြင်မှုများမှာ မွတ်စလင် တက်ကြွလှုပ်ရှားသူများကို အားကျစေခဲ့ပြီး ဒက်ထရွိုက်၊ အတ္တလန်တာ၊ နယူးယောက်နှင့် ၀ါရှင်တန်ဒီစီမြို့များအပါအ၀င် အခြားမြို့ကြီးများတွင်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
ချီကာဂိုမြို့ရှိ မွတ်စလင် တက်ကြွလှုပ်ရှားများ၏ အားထုတ်မှုများမှာ လူမှုရေး ဘက်တွင်သာမကဘဲ သာသနာရေးနှင့်ပက်သက်၍ နားလည်မှုလွဲမှားခြင်းအား ဖြေရှင်းမှုများကိုလည်း ချဲ့ထွင်လုပ်ဆောင်ခဲ့ကြသည်။
 
မကြာသေးမှီကပင် မွတ်စလင် အများစု သက်ဝင်ယုံကြည်၊ လိုက်နာကြသည့် ဂျီဟာဒ်၏ အဓိပ္ပါယ်အစစ်အမှန်ကို ရှင်းပြသည့် လှုပ်ရှားမှုတစ်ကိုလည်း ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါလှုပ်ရှားမှုမှာ ဆန်ဖရန်စစ္စကို မြို့နှင့် ၀ါရှန်တန်ဒီစီ မြို့များသို့ ပျံနှံသွားခဲ့သည်။မကြာသေးမီက ကောက်ယူခဲ့သော မှတ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုမှာ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ၏ အကြောင်းကို အနည်းငယ်မျှသာ သိရှိသည်ဟု သိရသည်။
 
လူထုဆန္ဒကောက်ယူ စစ်ဆေးရာတွင် အမေရိကန်မွတ်စလင် အများစုမှာ တိုင်းပြည်ကိုချစ်သူများ၊ တိုင်းပြည်အပေါ်တွင် သစ္စာစောင့်သိသူများ၊ ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်းမြင်သူများဖြစ်သည်ဟု တွေ့ရှိရလေသည်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.