အစ္စလာမ်နှင့် အစ္စလာမ်ဘာသာဝင်များကို ထိပါးပုတ်ခတ်သည့် ဧရာဝတီတိုင်း လွှတ်တော် သတင်းလွှာ (၁၀.၄.၂၀၁၂)အတွဲ(၂)အမှတ်(၁၃) စာမျက်နာ ၁၇ ပါ ဇီးကွက်စိန်ဆိုသူ၏ အမဲသားကင်းစင် နယ်မြေကိစ္စ ဆောင်းပါးနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း အစ္စလာမ် သာသနာရေးရာ ကောင်စီ မှ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးဆန်းဆင့် (ယခု နိုင်ငံတော်သမ္မတ နှင့် လွှတ်တော်မှ သာသနာရေးဝန်ကြီးဌာ ပြည်ထောင်စု လွှတ်တော်အဖြစ် ခန့်အပ်ရန် အတည်ပြုထားသူ) ထံသို့ ၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၇ ရက် စာပေးပို့ ခဲ့ပါသည်။ ပေးပို့သည့် စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
ဧ၇ာဝတီတိုင်းဒေသကြီး၊အစ္စလာမ်ကောင်စီ
အမှတ်၂၇၊ဗလီလမ်း၊ပုသိမ်မြို့ စာအမှတ်၊တအက/ဧအက/စီမံ(၁)
ရက်စွဲ၊၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၇ ရက်
အမှတ်၂၇၊ဗလီလမ်း၊ပုသိမ်မြို့ စာအမှတ်၊တအက/ဧအက/စီမံ(၁)
ရက်စွဲ၊၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၇ ရက်
သို့
ဥက္ကဌ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
ပုသိမ်မြို့
ဥက္ကဌ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
ပုသိမ်မြို့
အကြောင်းအရာ။ ဇီးကွက်စိန်ဆိုသူ၏အမဲသားကင်းစင်နယ်မြေကိစ္စ
ရည်ညွှန်းချက် ။ လွှတ်တော်သတင်းလွှာ(၁၀.၄.၂၀၁၂)အတွဲ(၂)အမှတ်(၁၃) စာမျက်နာ ၁၇
ရည်ညွှန်းချက် ။ လွှတ်တော်သတင်းလွှာ(၁၀.၄.၂၀၁၂)အတွဲ(၂)အမှတ်(၁၃) စာမျက်နာ ၁၇
၁။အထက် ရည်ညွှန်းချက်ပါ လွှတ်တော်သတင်းလွှာတွင်ဇီးကွက်စိန်သူ၏ အမဲသားကင်းစင်ရေးနယ်မြေကိစ္စ ဆောင်းပါးတွင် အစ္စလာမ်နှင့် အစ္စလာမ်ဘာသာဝင်များကို ထိပါးပုတ်ခတ်ရေးသားထားပါသည်။
၂။မြန်မာနိုင်ငံသည်အလွန်ရှေးကျသော အချိန်ကကပ္ပလီလူမျိုးများ နေထိုင်ခဲ့သောဒေသဖြစ်ပါသည်။ (ဖြိုးသာရ၏မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ စာအုပ်) မြန်မာနိုင်ငံရှိ ဘာသာကြီး (၄)ခုမှာလည်း ဤနိုင်ငံတွင် ပေါ်ထွန်းခဲ့သော ဘာသာသာသနာများ မဟုတ်ဘဲ နိုင်ငံခြားမှရောက်၇ှိလာသော ဘာသာများသာဖြစ်ပါသည်။
၃။ပုသိမ်မြို့သည် ပသီမင်းဆက် ၃ ဆက် အုပ်ချုပ်ခဲ့သောမြို့ဖြစ်ပြီးဘုရားကြီးကုန်း ဒါရ်ဂါသည် ပသီမင်းဆက်တို့၏ သမိုင်း အထောက်အထားဖြစ်ပါသည်။ (ရွှေမုဠောစေတီတော်မြတ်ကြီး သမိုင်းစာအုပ်)
၎။အမဲသားကင်းစင်နယ်မြေကိစ္စသည်ဘာသာရေးနှင့် ပတ်သက်သောကိစ္စ မဟုတ်ပါ။ ဘုရားရှင် လက်ထက်က ဆောင်ရွက်ခဲ့ဘူးသည့် သမိုင်း အထောက်အထားလည်း မရှိပါ၊ နိုင်ငံတော် မူဝါဒလည်း မဟုတ်ပါ၊နိုင်ငံ၏ စီးပွားရေးကိစ္စလည်း မဟုတ်ပါ။
၅။ဤကဲ့သို့နိုင်ငံနှင့်လူထုအတွက် အကျိုးမရှိသည့် မရေမရာ ကလေးကလား လမ်းဘေး အယူအဆစာပေါများကို လွှတ်တော်သတင်းလွှာတွင် မည်သည့် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းဖော်ပြသည်ကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ပိုမိုသိရှိမည်ဖြစ်သည်။
၆။မင်းတုန်းမင်းကြီး လက်ထက်အိမ်ရှေ့စံကနောင်မင်းသားကြီး၏ ရေမြှုပ်ဗုံးစီမံကိန်းကို ဘာသာရေးနှင့်နိုင်ငံရေးရောထွေးပြီး ရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့သဖြင့် အင်္ဂလိပ်-မြန်မာ တတိယစစ်တွင်မြန်မာတို့အရှုံးနှင့် အဆုံးသတ်ခဲ့ရပြီး တိုင်းပြည်ကျွန်ဖြစ်ခဲ့ရသည်။
၇။ယခုလည်းတိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အားသွန်ဆောင်ရွက်ရမည့် အချိန်တွင်အရည်မရ အဖတ်မရ ဘာသာရေးယောင်ယောင်၊ သူတော်စင်ယောင်ယောင် အဆင့်မမှီသည့် အဆိုပါ စာပေါများကို ရေးသားနေခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီက သုံးသပ်မိပါသည်။
၈။အစ္စလာမ်သာသနာသည်အတိုးစားခြင်း၊ အရက်ဆိုင်၊ ကာရာအိုကေ၊ မာဆက် ပြည့်တန်ဆာလုပ်ငန်း၊ အပေါင်ဆိုင်၊ မူးယစ်ဆေးဝါး၊ အပျော်မယား၊ အမြှောင်မယား၊ တိတ်တိတ်ပုန်းမယား ၊Living Togetherကိစ္စများနှင့်အသုဘအိမ်တွင် ဖဲဝိုင်းထောင်ခြင်း ကိစ္စများကို လုံးဝခွင့်မပြုပါ။ အမဲသားစားခြင်း ၊မစားခြင်းသည် လူတစ်ဦးချင်း၏ ကိစ္စဖြစ်ပြီး အမဲသားကင်းစင် နယ်မြေ ကိစ္စထက်ပို အရေးကြီးသည့် စားသောက်ဆိုင်များမှ ကလေးလုပ်သားများဘ၀၊ အနှိပ်ခန်း၊ဇိမ်ခန်းများတွင် စားဝတ်နေရေးကြောင့်ရောက်ရှိနေသော အမျိုးကောင်း သမီးလေးများ၏ ဘ၀ကယ်တင်ရေး ၊လူမှုဘ၀မြှင့်တင်ရေးလုပ်ငန်းများကို လက်တွေ့ ဦးစားပေးဆောင်ရွက်သင့်ပါသည်။ (သံတော်ဆင့်ဂျာနယ် တွဲ ၁၊အမှတ် ၄၂၊စာ ၁၁)
၉။အမဲသားကင်းစင်ရေး နယ်မြေကိစ္စသည်နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်စေသော ကိစ္စဖြစ်ပါသည်။ (၁၃.၁၀.၁၂ ကြေးမုံသတင်းစာ စာမျက်နာ၆၊၁၂.၁၂.၂၀၁၂ ကြေးမုံသတင်းစာ စာမျက်နာ ၁၀၊ ၃၀.၁၂.၂၀၁၂ ကြေးမုံ သတင်းစာ စာမျက်နာ၂၀)
၁၀။လွှတ်တော်သတင်းလွှာတွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့်နိုင်ငံသား အချင်းချင်း စိတ်ဝမ်းကွဲပြားစေမည့် တိုင်းပြည်နှင့်လူထုအတွက် အကျိုးမရှိသော အဆင့်မမှီသော စာပေါများထည့်သွင်းဖော်ပြခြင်း၊ မပြုသင့်ကြောင်း ဤတိုင်းဒေသကြီး အစ္စလာမ်ကောင်စီက အကြံပြုပါသည်။
မောင်မောင်အေး
အတွင်းရေးမှုး
အစ္စလာမ်သာသနာရေးရာကောင်စီ၊
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့။
ဖုန်း-09-73650163
အတွင်းရေးမှုး
အစ္စလာမ်သာသနာရေးရာကောင်စီ၊
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့။
ဖုန်း-09-73650163


No comments:
Post a Comment
Note: Only a member of this blog may post a comment.