Tuesday, February 19, 2013

ကချင် ဒုက္ခသည်များကို အစ္စလာမ် ဘာသာရေး(မန်း) အဖွဲ့သွားရောက် လှူဒါန်း

 
IMG_7830






















မန္တလေး။ ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ဘေးဒဏ်ကြောင့် ခေတ္တထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများအတွက် ကွတ်ခိုင်မြို့ ဒုက္ခသည်စခန်းများသို့ ၁၇.၂.၂၀၁၃ ရက်နေ့တွင် စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းခဲ့ပါသည်။
 
စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန်(၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၇)သိန်းခန့် ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင်ခန့် လှူဒါန်းခဲ့ကြကြောင်းသိရှိပါသည်။
 
အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကို လှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေး ဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။
IMG_7811DSC_0143 DSC_0154 DSC_0171 IMG_7794 IMG_7828 IMG_7832 IMG_7912 IMG_8067 IMG_8100 IMG_8151 IMG_8231 IMG_8264
M-Media သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.