Tuesday, February 5, 2013

X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် မတရား ဖမ်းဆီးခံခဲ့ရသည့် ကိုဖြိုးဝေအောင်၏ ရက်စွဲ မှတ်တမ်း

 ၀၄ ဖေဖော်ဝါရီလ ၂၀၁၃
 
၂ဝ၁ဝ ဧပြီလ ၂၂ – ညသန်းခေါင်ယံအချိန် စတင်ဖမ်းဆီးခံရ၊
  • ၂ဝ၁ဝ ဧပြီလ ၂၃ မှ မေ ၃ – အောင်သပြေစစ်ကြောရေးစခန်းတွင် ဥပဒေမဲ့ ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံဖြင့် မတရားဖြောင့်ချက် ရယူ
  • ၂ဝ၁ဝ မေလ ၃ – လှိုင်တရားသူကြီး ဦးဝင်းဆွေထံသို့သတင်းတပ်ဖွဲ့မှ ခေါ်ဆောင်၍ မတရားဖြောင့်ချက် ရယူ
  • ၂ဝ၁ဝ မေလ ၃ – အောင်သပြေစစ်ကြောရေးစခန်းတွင် ဖြောင့်ချက်ကို စစ်ဆေးပြီး အင်းစိန်ထောင်သို့ ပို့၍ တိုက်ပိတ်ထား
  • ၂ဝ၁ဝ မေလ ၆ – တရားစီရင်မှု အလျင် တရားခံအဖြစ် ကြိုတင် သတ်မှတ်၍ ရဲချုပ်ခင်ရီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
  • ၂ဝ၁ဝ မေ ၈ – ကိုဖြိုးဝေအောင်သည် မတရားဖမ်းဆီးခံရသူသာ ဖြစ်ကြောင်း မိသားစုက နိုင်ငံတကာ မီဒီယာများမှ တစ်ဆင့်စတင် ထုတ်ဖော်
  • ၂ဝ၁ဝ မေလ ၁ဝ – ကိုဖြိုးဝေအောင် အင်းစိန်ထောင်တွင်ရှိကြောင်း DVB မှ တစ်ဆင့်သိရ
  • ၂ဝ၁ဝ မေလ ၁၁ – ပထမအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရ၊
  • ၂ဝ၁ဝ မေလ ၁၂ မှ ၁၇ – ထောင်တွင်းတွင် ဆက်လက် စစ်ကြောရေးဝင်
  • ၂ဝ၁ဝ စက်တင်ဘာ ၂၉ – တိုက်ပိတ်ထားရာမှ Mr. Quintana အစီရင်ခံစာကြောင့် အမှတ် ၃ အိပ်ဆောင်သို့ ရွှေ့ပေး
  • ၂ဝ၁ဝ-၂ဝ၁၂ – Mr. Quintana နှင့် ၃ ကြိမ်တွေ့ခွင့်ရ
  • ၂ဝ၁ဝ ဇွန်လ ၃ဝ – အမှု၎ မှု ဖြင့် တရားရုံးတင်
  • ၂ဝ၁ဝ သြဂုတ်လ ၁၉ – ရန်ကုန်တိုင်းတရားရုံးမှ“တရားရုံးပြောင်းပေးစေလိုမှု” ပြစ်/ထွေကို အကျဉ်းနည်းဖြင့် ငြင်းပယ်
  • ၂ဝ၁ဝ သြဂုတ်လ ၂၈ – ရန်ကုန်တိုင်းတရားရုံးမှ “တရားခွင်တွင် မိသားစု ဝင်ရောက် နားထောင်ခွင့်” ပြစ်/ပြင်ကို အကျဉ်းနည်းဖြင့် ငြင်းပယ်
  • ၂ဝ၁ဝ စက်တင်ဘာ ၃ – ရန်ကုန်တိုင်းတရားရုံးမှ “အမှုတွဲမိတ္တူကူးခွင့်” ပြစ်/ပြင် ကို အကျဉ်းနည်းဖြင့်ငြင်းပယ်
  • ၂ဝ၁ဝ အောက်တိုဘာ ၈နှင့် ၁ဝ – ၎င်းပြင်ဆင်မှု ၃မှုကို တရားရုံးချုပ်မှ ကြားနာရန် သင့်/မသင့် လျှောက်လဲချက်ကို ကြားနာပြီး အမှုလက်ခံ
  • ၂ဝ၁၁ ဇန်နဝါရီလ ၇ – ၎င်းပြင်ဆင်မှု ၃ မှုကို တရားရုံးချုပ်မှ နှစ်ဖက်ကြားနာ ၂ဝ၁ဝ တရားရုံးချုပ်ရန်ကုန်မှ ပလပ်
  • ၂ဝ၁၁ ဇူလိုင် ၂၅ – တရားလိုအမှုစစ်၏ ထွက်ချက်ကိုသာ ကိုယ်တိုင် ကြားနာဖူးသော ဦးခင်မောင်မှ စွဲချက်တင် ၄င်းနောက် စွဲချက်အယူခံကို တိုင်းတရားရုံးသို့တက်
  • ၂ဝ၁၁ နိုဝင်ဘာ ၁၁ – တိုင်းတရားရုံးမှ လက်ခံကြားနာ၍ ပလပ်
  • ၂ဝ၁၁ နိုဝင်ဘာမှ၂ဝ၁၂ ဖေဖော်ဝါရီ – ပြန်ခေါ်သက်သေများစစ်
  • ၂ဝ၁၂ ဖေဖော်ဝါရီ ၂ – ကိုဖြိုးဝေအောင် အစစ်ခံ
  • ၂ဝ၁၂ ဖေဖော်ဝါရီ ၂၇ – တရားခံပြသက်သေစစ်
  • ၂ဝ၁၂ ဧပြီလ ၁၉ – လျှောက်လဲချက်ပေး
  • ၂ဝ၁၂ မေလ ၈ – သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင် အလုပ်နှင့် ထောင်ဒဏ် ၂၂နှစ် ချ
  • ၂ဝ၁၂ သြဂုတ်လ ၃ – နိုင်ငံတော် သမ္မ္မတမှ လွတ်ငြိမ်းချမ်းသာခွင့်ပေး
  • ၂ဝ၁၂ အောက်တိုဘာ ၉ – တရားရုံးချုပ်မှ အယူခံပလပ်
  • ၂ဝ၁၃ ဇန်န၀ါရီ ၄ – ကွယ်လွန်
ကိုးကား — X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ကိုဖြိုးဝေအောင်သည် စွပ်စွဲခံရသူဖြစ်ကြောင်း တရားလို သက်သေခံချက်များဖြင့် ရှင်းလင်းတင်ပြခြင်း
(ရှင်းလင်းတင်ပြသူ – ထက်ဝေအောင်)  မြန်မာမွတ်စလင်မ်သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.