Friday, February 1, 2013

သန့်ရှင်းသော ကော်မရှင် ဖြစ်စေချင် (သို့) ဒေါက်တာအေးမောင်ကို ဖယ်ရှားပါ

Dr-Aye-Mg 

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ကော်မရှင်မှ ထုတ်ပယ်ခြင်း ပြုသင့်ပါသည်။
 
ဒေါက်တာအေးမောင်သည်ကော်မရှင် အဖွဲ့ဝင်တစ်ဦး၏စံနှုန်းနှင့် မကိုက်ညီဘဲ အတ္တကြီး၍ ရန်လိုသူ တစ်ဦးဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်များ၏ ဖေါ်ပြချက်အရ အထင်အရှား တွေ့မြင်နိုင်ပါသည်။

သုံးသပ်ချက်အချို့ကို ဂျာနယ်များမှ ကိုးကားချက်များနှင့်တကွ အောက်တွင် စုစည်း တင်ပြလိုက်ပါသည်။
 
၁။ ကော်မရှင်မဖွဲ့မီ (၂)ရက်အလို (၁၅.၈. ၂၀၁၂) ရက်စွဲဖြင့် ထုတ်ဝေသော (newday news) ဂျာနယ်တွင် ဒေါက်တာအေးမောင်သည် (ရခိုင် ပဋိပက္ခနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် မလိုပါ) ဟု အတိအလင်း ပြောဆိုခဲ့ပါသည်။
(မှတ်ချက်) ဒီလိုလူကို ဘာကြောင့် ကော်မရှင်ထဲ ပါဝင်စေတာလဲ ဆိုတာကို စဉ်းစားကြဖို့ လိုပါသည်။
 
၂။ (၃၀.၁၀.၂၀၁၂) နေ့စွဲဖြင့် ထုတ်ဝေသော (Flower News) ဂျာနယ်တွင် (Flower News) သတင်းထောက်မှ ဒီလို ပဋိပက္ခဖြစ်တာ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ ဟု မေးမြန်းသည်ကို ဒေါက်တာအေးမောင်မှ ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ်အစိုးရမှာ လုံးဝ တာဝန်ရှိပါတယ် ဟု ပြောဆိုခဲ့ပါသည်။
(မှတ်ချက်)ဒေါက်တာအေးမောင်၏ ပြောကြားချက်မှာပြည်ထောင်စု အစိုးရနှင့်ပြည်နယ်အစိုးရကိုပြည်သူလူထုမှ အကြည်ညို ပျက်အောင် ပြောဆိုခြင်း ဖြစ်ပါသည်။
 
၃။ (၃၀.၁၀.၂၀၁၂) နေ့ထုတ် မြန်မာပို့စ် ဂျာနယ် ဖော်ပြချက်၌ ဒေါက်တာအေးမောင်မှ ပြောဆိုခဲ့ရာတွင် - “ရခိုင် ပြဿနာ ဗမာပြည်ကို ကူးရင် ဒီနေ့ကူးရင် မနက်ဖြန် ရပ်သွားမယ်။ ရန်ကုန်မှာ ရခိုင်နဲ့ မဟုတ်ဘဲ ဗမာနဲ့ပြဿနာကြီးဖြစ်တော့မယ်ဆိုရင် အခုဖြစ်နေတာတွေ ငြိမ်သွားလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်တွေက မလုပ်သင့်တော့ဘူးလို့ ယူဆရင် ငြိမ်သွားလိမ့်မယ်။” ဟု ပြောဆိုခဲ့ပါသည်။
(မှတ်ချက်)ဤသို့ဖော်ပြချက် အရဒေါက်တာအေးမောင်သည်ပြဿနာကို ရန်ကုန်ဘက်သို့ကူးစက်စေရန် လှုံ့ဆော်သည့် အခြေအနေ တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်ပေသည်။
 
၎။ (၂.၁၁.၂၀၁၂) နေ့စွဲဖြင့် ထုတ်ဝေသေမြန်မာဂလိုဘယ်လ် ဂျာနယ်၏ ဖေါ်ပြချက်တွင် – (၂၈.၁၀.၂၀၁၂)နေ့တွင် ရခိုင်ပြည်နယ် အချက်အလက်များ စုစည်း ပြောကြားနိုင်ရန် ရန်ကုန်ရောက် ရခိုင် ကိုယ်စားပြု ပြောရေးဆိုခွင့် အဖွဲ့ကို ဖွဲ့စည်းကြောင်း၊ ဤသည်ကို ဒေါက်တာအေးမောင်မှ ပြောဆိုကြောင်း၊ ထိုအဖွဲ့ကို ရန်ကုန်ရောက် ရခိုင်ကွန်ယက် အသင်းအဖွဲ့အသီးသီးမှ လူပေါင်း (၁၅၀) ခန့်နှင့် ပြောရေးဆိုခွင့် အဖွဲ့တင် (၂၇) ဦး ပါဝင်ပြီး ထိုပြောရေးဆိုခွင့် အဖွဲ့တွင် ဒေါက်တာအေးမောင် ပါဝင်ကြောင်း အကျယ်တ၀င့် ရေးသားထားသည်ကို တွေ့ရပါမည်။
 (မှတ်ချက်) ဤဖော်ပြချက်အရဒေါက်တာအေးမောင်သည်နိုင်ငံတော်မှ ဖွဲ့စည်းထားသောကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ပါလျက် ရခိုင်များသာ ပါဝင်သော ပြောရေးဆိုခွင့် အဖွဲ့ တစ်ဖွဲ့ကို ထပ်မံ ဖွဲ့စည်းခြင်းမှာနိုင်ငံတော်မှ တရားဝင် ဖွဲ့စည်းထားသော ကော်မရှင်ကို မထီမဲ့မြင်ပြုရာ ၊ ဆန့်ကျင်ရာ ရောက်သည့် အပြင် ပဋိပက္ခ ဖြစ်သော အုပ်စုတစ်စုကို ကိုယ်စားပြုသောကြောင့် လူမျိုးအခွဲ ၀ါဒရှိကြောင်း ပေါ်လွင်ပါသောကြောင့် ကော်မရှင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမှာ လုံးဝ မသင့်လျော်ပါဟု သုံးသပ်ခြင်း ပြုရမည် ဖြစ်ပေသည်။
 
၅။ ထို့အပြင် ရခိုင်အမျိုးသား တိုးတက်ရေးပါတီမှ (၂၀၁၃) ခုနှစ် ပြက္ခဒိန် ထုတ်ဝေရာတွင် မသီတာထွေးရုပ်ပုံဖြင့် ထုတ်ဝေခြင်း ပြုခဲ့ပါသည်။
 (မှတ်ချက်) ဤသို့ ပြုလုပ်ခြင်းမှာ ပြဿနာ ပြန်လည်ဖြစ်ပေါ်အောင် နှိုးဆွခြင်း ဖြစ်သည်ဟု ယူဆရပါသည်။

အထက်ဖေါ်ပြပါ အခြေအနေ ၊ အကြောင်းအရာများကြောင့်ဒေါက်တာအေးမောင်သည် နိုင်ငံတော်မှ ဖွဲ့စည်းထားသော (ကော်မရှင်) အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ခြင်း ပြုသင့်ပါကြောင်း သန့်ရှင်းသော ကော်မရှင် ဖြစ်စေချင်သည့် ဆန္ဒဖြင့် အလေးအနက် သုံးသပ်မိပါသည်။

 စိန်စံထိုက် (ဟံသာမြေ)
 M-Media
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.