Sunday, February 3, 2013

ရခိုင်ပြည်နယ် အတွင်း အာဏာပိုင်များက ဘာသာရေး လွတ်လပ်ခွင့်ကို ပြောင်ပြောင် တင်းတင်း ချိုးဖေါက်လာ

                                                                    
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေမှာရှိတဲ့ ဗလီနဲ့ မဒရဆာပာ် (အစ္စလာမ် ဘာသာရေးဆိုင်ရာ စာသင်ကျောင်း) တွေကို အာဏာပိုင်တွေက သော့ခတ် ပိတ်လိုက်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဘူးသီးတောင် အစ္စလာမ် ဘာသာရေးဆိုင်ရာ စာသင်ကျောင်း
ဘူးသီးတောင် အစ္စလာမ် ဘာသာရေးဆိုင်ရာ စာသင်ကျောင်း
“ဘာကြောင့် ပိတ်တယ်လို့တော့ မပြောဘူး၊ ပိတ်တော့ပိတ်ထားတယ်။ နမာဇ် (၀တ်ပြုဆုတောင်းမှု)လဲ အိမ်မှာပဲ လုပ်ရတယ်။” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
သက်ဆိုင်ရာမှ မောင်တောခရိုင်မှာရှိတဲ့ ဗလီနဲ့ ဘာသာရေးဆိုင်ရာ စာသင်ကျောင်း တာဝန်ရှိသူတွေထံမှ ဗလီမဖွင့်ရန် လက်မှတ်တွေကိုလည်း ရယူထားတယ်လို့ သိရပါတယ်။ ဗလီတွေ ပိတ်ရခြင်းရဲ့ အကြောင်းပြချက်ကိုတော သက်ဆိုင်ရာ အာဏာပိုင်တွေက တိတိကျကျ ပြောကြာ့းခြင်း မရှိသေးပါဘူး။
 
ဘူးသီးတောင်မှာ ဗလီပေါင်း ၄၆၈လုံး၊ မဒရဆာပ်ာကျောင်း (အစ္စလာမ် ဘာသာရေးဆိုင်ရာ စာသင်ကျောင်း) ၄၈လုံးရှိပါတယ်။ မောင်တောမှာတော့ ဘူးသီးတောင်ထက် ဗလီရော ဘာသာရေးဆိုင်ရာ စာသင်ကျောင်းတွေပါ နှစ်ဆ ရှိတယ်လို့ သိရပါတယ်။ ရသေ့တောင်မှာတော့ ဘာသာရေးဆိုင်ရာ စာသင်ကျောင်း ၁၁ကျောင်းနဲ့ ဗလီ ၃၀ ၀န်းကျင်ခန့် ရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ဗလီတွေပိတ်တာတော့ တစ်လ၀န်းကျင်ခန့် ရှိပြီ လို့လည်းဒေသခံတွေဆီက သိရပါတယ်။
ဘူးသီးတောင် ဗလီဝတ်ကျောင်း၊ (၁၉၀၈)
ဘူးသီးတောင် ဗလီဝတ်ကျောင်း၊ (၁၉၀၈)
ရခိုင်ဗုဒ္ဓဘာသာ-ရိုပာင်ဂျာ ပဋိပက္ခမှာ ဖျက်ဆီးခဲ့ရတဲ့ ဗလီဝတ်ကျောင်းတော်တွေပာာ ယခုအချိန်အထိ ပြန်လည်ပြင်ဆင်ခွင့် မရရှိတဲ့အပြင် ယခုလို မျိုးထပ်မံ ပိတ်သိမ်းမှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
အထက်ပါ ပဋိပက္ခဖြစ်စဉ် အတွင်းမှာ ထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့ စေတီ ဘုရားကျောင်းတွေကိုတော့ ပြန်လည်ပြင်ဆင် မှုတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။
 
နိင်ငံပိုင် မီဒီယာတွေနဲ့ ဗုဒ္ဓဘာသာဝင်များပိုင် မီဒီယာ အများစုမှာတော့ မြန်မာနိင်ငံပာာ ဘာသာရေး လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတစ်ခု အသွင် ရေးသားဖေါ်ပြနေတာ မျိုးတွေရှိနေပေမဲ့ လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံပာာ ကမ္ဘာမှာ ဘာသာရေး လွတ်လပ်ခွင့် အမဲ့ဆုံး စာရင်းမှာ နံပါတ် ၆ ချိတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ စဉ်ဆက်မပြတ် အကာအကွယ် မရဘဲ သတ်ဖြတ်ခံခဲ့ရတာနဲ့ ပါတ်သက်လို့ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံ တ၀ှန်းလုံးရှိ အစ္စလာမ် ဘာသာဝင်တွေက ၂၀၁၂ခုနှစ် ကုရ်ဘာနီ အီးဒ်ပွဲတော်ကို ၀မ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ကျင်းပခဲ့ခြင်းမရှိခဲ့ပါဘူး။
 
(မြန်မာမွတ်စလင်မီဒီယာ) သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.