Friday, February 8, 2013

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည်


 အိမ့်သံစဉ် (ဧရာဝတီဘလော့)၊ ၇-၂-၂၀၁၃

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း” (၁၉၀၃-၁၉၆၂) စာအုပ်ကို ရေးသားခဲ့သည့် ကိုအောင်ထွန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို ICC/ ICJ ကမ္ဘာ့ ၁၉၉ နိုင်ငံမှ တရားသူကြီးချုပ်အားလုံးသို့ ပေးပို့ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ကိုအောင်ထွန်းဟာ ရေးသားထုတ်ဝေတဲ့ “လမျက်ခြယ်နှင့် နှင်းရိပ်လွန်ည” ဆိုတဲ့ ၀တ္တုစာအုပ် ထုတ်ဝေမှု မိတ်ဆက်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ကျင်းပစဉ်မှာ အထက်ပါအတိုင်း ပြောကြားလိုက်တာဖြစ်ပါတယ်။

ကိုအောင်ထွန်းဟာ အဆိုပါ ကျောင်းသားလှုပ်ရှားမှုသမိုင်း ရေးသားပြုစုမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။ 
 
ဒေါက်တာလွဏ်းဆွေ
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.