Wednesday, February 6, 2013

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ဟောပြောပွဲ သန်လျင်တွင် ပြုလုပ်မည်။

 ဆောင်းနှင်းမှုံ

OLYMPUS DIGITAL CAMERA
 
၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်၁၂.၂.၂၀၁၃ နေ့၌ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဟောပြောပွဲကို (၁၅)ပေ အခမဲ့ရွာ (သဘာဝတရားရိပ်သာ) သန်လျင်မြို့ (ကျိုက်ခေါက်ဘုရားနှင့် အရှေ့ပိုင်းတက္ကသိုလ်ကြား) တွင် နံနက်၁၁နာရီမှ နေ့လည် ၂နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
အဆိုပါပွဲကို မေတ္တာကမ်ပိန်း မှ ဦးဆောင် ဦးရွက်ပြု၍ ကျင်းပခြင်းဖြစ်ကြောင်း နှင့် ဟောကြားသည့် ဆရာတော်များမှာ
၁) ဦးဝဏ္ဍဝံသ ( Phd Thesis) အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်
၂) အရှင် ဦးဥတ္တမ သာရ ( သဘာဝတရားရိပ်သာ သန်လျင်မြို့)
၃) ဓမ္မကထိက အလ်ဟဂ်ျ ဦးအေးလွင် (M.Sc) (ဦးဆောင် ဆော်သြရေးမှူး အစ္စလာမ် ဓမ္မဗိမာန်)
၎)ဆရာတော် စရီ ဦးမောင်မြင့် (မဟာသိဒိတင် မဟာပဏ္ဍိတဂုရု – အိန္ဒိယ)
၅) Rev,Rr. George Shwe Tun (ကက်သလစ်ဂိုဏ်းချူပ်ကျောင်း ရန်ကုန်မြို့) တို့ ဖြစ်ကြကြောင်းသိရှိရသည်ဟောပြောပွဲသိုတက်ရောက်လာကြသည့်ဧည့်ပရိတ်သတ်ကိုနေလည်စာဖြင့်ဧည့်ခင်းကျွေးမွေးမည်ဖြစ်ကြောင်း သိရပါသည်။
 
M-Media သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.