Thursday, February 28, 2013

အစ္စလာမ် အထက်တန်းကျောင်းများသည် ဗြိတိန်၌ အကောင်းဆုံး ထိပ်တန်းစာရင်းဝင် ကျောင်းများဖြစ်လာ

ဖေဖော်ဝါရီ ၊ ၂၃၊၂၀၁၃
 

UK Islamic Schools Success Story



ကိုင်ရို။ ။ကျောင်းသားများ၏ အံ့ဖွယ် အမှတ်ကောင်းမွန်မှုကြောင့် အစ္စလာမ့် စာသင်ကျောင်းများသည် ဗြိတိန်နိုင်ငံတစ်ဝှမ်း အောင်ချက် အကောင်းဆုံး တက္ကသိုလ် ၀င်တန်း ကျောင်းများဖြစ်လာသည်။
 
“တစ်ချို့ကျောင်းသူတွေက မူလတန်းတုန်းက စာညံ့ခဲ့ကြတယ် ၊ တစ်ချို့က မိဘမရှိသူတွေ၊ တစ်ချို့ ကတော့ နွမ်းပါးဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေပါ။ ဒီလို အားနည်းချက် နောက်ခံတွေရှိတဲ့ ကလေးတွေ အတွက် တကယ်ကို မယုံနိုင်ဖွယ် အောင်မြင်မှုပါပဲ “ ဟု အင်္ဂလန်အနောက်မြောက်ပိုင်း Blackburn မြို့၊ စက်မှုဇုန်ရှိ အောင်ချက် အကောင်းဆုံးကျောင်း – Tauheedul Islam Girls’ High School ၏ ကျောင်းအုပ် Hamid Patel က The Muslim News သတင်းသို့ ပြောကြားခဲ့ပါသည်။
 
ကျောင်းသား ၉၅ % သည် အင်္ဂလိပ်စာနှင့်သင်္ချာ အပါအ၀င် grade A* အဆင့်ဝင်ခဲ့ပြီး ၊ ဘာသာရပ် အသစ်ဖြစ်သော English Baccalaureate ၌လည်း စုစုပေါင်းအောင်ချက် ၇၆ % ဖြင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ကြောင်း ရလဒ်များက ဖော်ပြနေသည်။လွန်ခဲ့သော မတ်လ အတွင်းတွင် The Times Educational Supplement ၏ နှစ်စဉ်ဆုပေးပွဲ၌ ” Secondary School of the Year ” အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသည်။
 
ကျောင်းပညာရေး စစ်ဆေးမှုစံနစ်ဖြစ်သော Ofsted inspection ၏အစီရင်ခံစာအရ ပထမဆုံးသော ဒေသတွင်း ထူးချွန်ကျောင်းအဖြစ်သတ်မှတ်ခြင်းခံရပြီး၊ စစ်ဆေးရေး အရာရှိများက သင်ကြားရေး ၊ ယဉ်ကျေးမှု နှင့် အသိကြွယ်ဝခြင်းကဏ္ဍများတွင် ထိပ်တန်းကျောင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
 
Tayyibah Girls’ School သည်လည်း ၄င်း၏ ၂၀၁၁ ခုနှစ် ရလဒ်ထက် ၁၇% ကျော်လွန်ကာ GCSEs ( General Certificate of Secondary Education ) ဖြေဆိုမှု၌ အင်္ဂလိပ်စာနှင့် သင်္ချာ အပါအ၀င် တစ်ကျောင်းလုံး Grade A* ဖြင့် အောင်ချက် ၁၀၀ % ရရှိခဲ့သောကြောင့် လန်ဒန်၊ Hackey ရှိ အထက်တန်းကျောင်း ၂၂ ကျောင်းအနက် ထိပ်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။
 
ထိုမိန်းကလေး အထက်တန်းကျောင်းများ အပြင် မူလတန်းနှင့် အထက်တန်း တွဲဖက်ကျောင်းတစ်ခုဖြစ်သော Shirley ရှိ Al-Khair Secondary School သည်လည်း GCSE ဖြေဆိုမှု၌ အင်္ဂလိပ်စာနှင့် သင်္ချာ အပါအ၀င် တစ်ကျောင်းလုံး Grade A* ဖြင့် အောင်ချက် ၁၀၀ % ရရှိကာ Trinity School နှင့်အပြိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း Croydon Guardian သတင်းစာတွင် ဖော်ပြထားသည်။
 
” ကျွန်မတို့ ကျောင်းသား၊ ကျောင်းသူများဟာ အထက်တန်းကျောင်းသား ဘ၀ကနေ ထက်မြက်တဲ့အရည်အသွေးနဲ့တစ်ကွ အလားအလာကောင်းစွာနဲ့ ထွက်ခွာသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ၊ ကျွန်မ ဘာလို့ ဒီလိုယုံကြည်ရသလဲဆိုရင် ဒီကလေးတွေက ကျောင်းသင်ခန်းစာတွေမှာ အကောင်းဆုံးနားလည်ခဲ့ကြယုံတင် မကသေးဘူး - သူတို့အားလုံး လူ့အဖွဲ့အစည်းနဲ့လူသားကောင်းကျိုးတွေမှာ ကောင်းစွာအသုံးဝင်မယ့် သူတွေ ဖြစ်လာလို့ပါဘဲ ” ဟု Al Khair ကျောင်း၏ ကျောင်းအုပ် Aisha Chaudhry က ပြောခဲ့ပါသည်။ဗြိတိန်မွတ်စလင်ကောင်စီ – Muslim Council of Britain (MCB) ၏အဆိုအရ ဗြိတိန်နိုင်ငံတွင် မွတ်စလင်လူဦးရေ စုစုပေါင်း ၂.၅ သန်းနေထိုင်လျက်ရှိပြီး ၊ မွတ်စလင်ကျောင်းသားဦးရေ လေးသိန်း ရှိပါသည်။
 
ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားအလိုက် ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်း (၅၉၀) အနက် မွတ်စလင် Secondary School နှစ်ကျောင်း ရှိပါသည်။ဖြည့်စွက်ချက်။ ။ ဗြိတိန်နိုင်ငံ၏ ပညာရေးစနစ်အရ GCSE စာမေးပွဲသည် အရေးအကြီးဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြစ်ပြီး ၊ ၄င်းစာမေးပွဲ Grade အရ A-level ရရှိမှသာ University များသို့ ဆက်လက်တက်ရောက် ပညာဆည်းပူးနိုင်မည်ဖြစ်သည်။
 
M-Media  သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.