ကေတီဇက်အို ဖေ့စ်ဘွစ်မှ
အစ္စလာမ် ဘာသာအား သရော်ပုတ်ခတ်၍ သမိုင်းအလိမ်အညာများ ရေးသားခဲ့သော သရ၀ဏ်(ပြည်)နဲ့ ယင်းအကြောင်းအရာအား ထည့်သွင်း ဖြန့်ချိခဲ့သော စောင့်ကြည့်ဂျာနယ် တို့အား ရဲရင့်သစ္စာမှ ယနေ့ (၇-၂-၂၀၁၃)တွင် တရားရုံးတော်သို့ ကိုယ်တိုင် ဦးတိုက်လျှောက်ထား တိုင်ကြားလိုက်ပြီ ဖြစ်ပါကြောင်း သတင်းရရှိပါတယ်။

အစ္စလာမ် ဘာသာအား သရော်ပုတ်ခတ်၍ သမိုင်းအလိမ်အညာများ ရေးသားခဲ့သော သရ၀ဏ်(ပြည်)
http://www.facebook.com/konyi.tharawon
http://www.facebook.com/konyi.tharawon
သရ၀ဏ်(ပြည်)နဲ့ စောင့်ကြည့်ဂျာနယ်တို့အား တရားစွဲဆိုသူ ဦးရဲရင့်သစ္စာမှ လပေါင်းများစွာ သဘောထား ကြီးကြီးဖြင့် အမှားပြင်ဆင်ရန်၊ တောင်းပန်နိုင်ရန် အခွင့်အရေးပေး စောင့်စိုင်းခဲ့သော်လည်း မည်သို့မျှ အကြောင်းပြန်ကြားခြင်း မရှိခဲ့တာကြောင့် နောက်ဆုံးအဆင့်ဖြစ်သော တရားဥပဒေ လမ်းကြောင်းဘောင် အတွင်းမှ မလွှဲမရှောင်သာ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။
အကယ်၍ သက်ဆိုင်ရာ ရုံးတော်များမှ ဥပဒေဘောင်အတွင်းမှ မျှတစွာ ဆောင်ရွက်ခြင်းမရှိဟု ယူဆခဲ့သော် သက်ဆိုင်ရာ အထက်ရုံးများ အဆင့်ဆင့်သို့ တင်ပို့ စွဲဆိုသွားမည်ဟု သိရပါတယ်။
ဤကဲ့သို့ မူမမှန်သော သတင်းဂျာနယ်နှင့် သမိုင်းလိမ်ညာရေးသား သူတို့အား ဘာသာရေး ရှုထောင့်မှနေ၍ မြန်မာမွတ်စလင်မ် တစ်ဦးအနေဖြင့် တရားစွဲဆိုမှုမှာ ဦးသိန်းစိန် သမ္မတဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သတင်းစာဆရာ တစ်ဦးမှ သုံးသပ်ထားပါတယ်။
သမ္မတဦးသိန်းစိန် အာဏာရစဉ် ကာလအတွင်း အပြောင်းအလဲများစွာ ပေါ်ပေါက်ခဲ့သည့်အနက် မီဒီယာလွတ်လပ်ခွင့်မှာလည်း ကမ္ဘာ့အသိုင်းအ၀ိုင်းမှ ချီးမွှမ်းရသည့် လွတ်လပ်စွာ အခွင့်အရေး ပေးခဲ့သော်လည်း မီဒီယာအမည်ခံ အများစုမှာ အမျိုးသားရေး အစွန်းရောက်ဝါဒီများသာ ဖြစ်နေခြင်းကြောင့် အခြား ဘာသာများအပေါ် ပုတ်ခတ်စော်ကားမှုများ တရားဝင်လိုလိုဖြစ်လာခဲ့ပြီး ၀ါဒဖြန့်လုပ်ရပ်များသာ ပိုမို များပြားလာကြောင်း လေ့လာသုံးသပ်သူများက ဆိုပါတယ်။
ယခုဖြစ်စဉ်အပေါ် မြန်မာမွတ်စလင်မ် လူထုမှ အထူးစိတ်ဝင်စား အကဲခတ် စောင့်ကြည့်လျှက်ရှိနေပြီး နောက်ဆက်တွဲအနေဖြင့် အမြို့မြို့အနယ်နယ်ရှိ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ မြန်မာမွတ်စလင်မ် များမှလည်း မိမိတို့ သက်ဆိုင်ရာမြို့နယ်များတွင် ယင်းကဲ့သို့ ကျင့်ဝတ် နားမလည်သည့် ၀ါဒဖြန့်မီဒီယာများအား ဥပဒေဘောင်အတွင်းမှ ကိုင်တွယ်ဖြေရှင်း လာကြလိမ့်မည်ဖြစ်ကြောင်း မွတ်စလင်မ်ပညာရှင် တစ်ဦးက ပြောပါတယ်။
ဒီကိစ္စကို တစ်ပြည်လုံးက မွတ်စလင်မ်လူထုက အခဲမကျေထားဘူး ဖြစ်နေတယ်။ အလားတူ ဒီလိုဖြစ်ရပ်မျိုးတွေဟာ ဂျာနယ်တွေ ရောင်းအားကောင်းဖို့ ပရိုမိုးရှင်း ပို့စ်တွေ ဖြစ်နေတယ်။ သူတို့ဂျာနယ်တွေ နာမည်တက်ချင်ရင် အစ္စလာမ်ကို စော်ကားတာမျိုးရေးပြ လိုက်တဲ့အခါ ပေါ်ပျူလာ ဖြစ်သွားတယ်လို့ ထင်နေကြတယ်။ အခု စောင့်ကြည့်ဂျာနယ်ကိုလည်း မြို့နယ်တွေအလိုက် တရားတွေ စွဲလာကြအုံးမှာပါ။ နောက်ထပ် တခြားဂျာနယ်တွေလည်း ရှိသေးတယ်။ အွန်လိုင်းပေါ်က ၀ါဒဖြန့် စော်ကားနေတာတွေလည်း ရှိသေးတယ်။ ဒါတွေကို အထောက်အထား ခိုင်လုံအောင် မှတ်တမ်းယူထားကြပါတယ်။ တရားစွဲဆိုချင်တဲ့ သူတွေကိုလည်း ဥပဒေအရ လိုအပ်တဲ့ အကြံဉာဏ်တွေလဲ ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီလိုလုပ်ရပ်တွေကို ကျနော်တို့အနေနဲ့ ဥပဒေဘောင်အတွင်းကပဲ မွတ်စလင်မ်တွေကို ဖြေရှင်းသွားကြဖို့ တိုက်တွန်းချင်ပါတယ်။
ဟု မြန်မာမွတ်စလင်မ် ဥပဒေပညာရှင်တစ်ဦး ပြောပြတာ ဖြစ်ပါတယ်။
မြန်မာမွတ်စလင်မ် သတင်း
No comments:
Post a Comment
Note: Only a member of this blog may post a comment.