Sunday, February 10, 2013

၈၈ကျောင်းသားခေါင်းဆောင်နှစ်ဦး ဥရောပသုံးနိုင်ငံ ခရီးထွက်မည်

2013-02-09

                                                                                                                                     

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ ၂ ဦးဟာ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကနေ ၂၂ရက်နေ့ထိ ဥရောပ ၃ နိုင်ငံကို ခရီးထွက်မယ်လို့ သိရပါတယ်။သူတို့ဟာ နော်ဝေ၊ဒိန်းမတ်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီးမှာ ကိုမင်းကိုနိုင် ဟာ နော်ဝေးနိုင်ငံမှာသူ့ကို ၂၀၀၁ ခုနှစ်က ချီးမြှင့်ထားတဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု ကို လက်ခံရယူမှာဖြစ်တယ်လို့ ကိုပြုံးချိုက RFA ကိုပြောပါတယ်။
 
"အစီအစဉ်က နော်ဝေးရယ်၊ ဒိန်းမတ်ရယ်၊ ပြင်သစ်ရယ်ပါ၊ အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့တွေ့မှာ ပြီးတော့ အဝေးရောက် မြန်မာတွေနဲ့ တွေ့မှာ"
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နှစ်ဦးဟာ ဒိန်းမတ်နိုင်ငံကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရောက်ရှိမှာဖြစ်ပြီး၊ အဲဒီမှာရှိကြတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲပြုလုပ်မှာ ဖြစ်ပါတယ်။
 
RFA  သတင်း  

No comments:

Post a Comment

Note: Only a member of this blog may post a comment.