Monday, February 25, 2013

အမေရိကန် မွတ်စလင် ဆရာဝန်များ စုပေါင်း၍ ကယ်ရိုလိုင်းနားတွင် အခမဲ့ဆေးခန်း ဖွင့်လှစ်

 
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃

Muslim Free Clinic Success Story
 
 
ကိုင်ရို။ ။အစ္စလာမ်ဘာသာ၏ မရှိဆင်းရဲသားများအား ကူညီပေးရမည်ဟူသော သင်ကြားမှု အပေါ် ၄င်းသူမ၏ စိတ်ကူးကို အကောင်အထည်ဖော်သည့်အနေဖြင့် အမျိုးသမီး အထူးကုဆရာဝန် Dr.Reshma Khan ဦးဆောင်၍ South Carolina ပြည်နယ် တွင် ချို့တဲ့ နွမ်းပါးသူများနှင့် ကျန်းမာရေး အာမခံ မရှိသူ အမေရိကန် နိုင်ငံသားများအတွက် အခမဲ့ ဆေးကုခန်းဖွင့်လှစ်လိုက်သည်။”ယခုလို ဆင်းရဲနွမ်းပါးသူများကို ကူညီခြင်းသည် ကျမ်းတော်မြတ် ကုရ်အာန်က တသတ်မတ်တည်း သင်ကြားထားတဲ့ လူနေထိုင်မှု ဘ၀ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်” ဟု သူမက ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် The Post and Courier သတင်းသို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
 
“ယုံကြည်မှု သစ္စာတရားဆိုတာ လက်တွေ့ မှာ လည်း လုပ်ဆောင်ရမှာပါ ” ဟု (၂၀၁၂) ဇန်န၀ါရီလ တွင် Mount Pleasant တွင် အခမဲ့ ဆေးခန်းအား သူမက စတင်ဦးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ North America Relief USA ၏ Islamic Circle အဖွဲ့သည် Lowcountry Boulevard ရှိ ရုံးခန်း အဆောက်အဦးတွင် အခန်းသုံးခန်းပါ ဆေးခန်း အား ငှားပေးခြင်းဖြင့် မွတ်စ်လင် ဆရာဝန်များအား ကူညီခဲ့ပါသည်။
 
Dr.Reshma ၏ အမျိုးသားဖြစ်သူ ရောဂါဗေဒဆေးဝါးဆိုင်ရာ အထူးကု Dr.Ahsan Khan ကလည်း ဆေးရုံမှာပါဝင် တာဝန်ယူ လျက်ရှိပါသည်။ယခုလို ချို့တဲ့သူများအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်ခြင်းသည် အမေရိကန်မွတ်စလင် ဆရာဝန်များအတွက်တော့ ပထမအကြိမ်မဟုတ်ပါ။နောက်ထပ်ဆေးခန်း တစ်ခုကိုလည်း Islamic Foundation of Greater St.Louis နဲ့ Volunteers in Medicine အဖွဲ့အစည်းနှစ်ခုရဲ့ စုပေါင်းအင်အားနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖွင့်လှစ်နိုင်ခဲ့ပါသည်။
 
“ဒီအခမဲ့ဆေးခန်းကိုလာပြတဲ့ လူနာအများစုက မွတ်စလင်မဟုတ်သူတွေပါ။ ကျွန်မကတော့ မတူညီတဲ့လူတွေ၊ မတူညီတဲ့ နှလုံးသားတွေ မတူညီတဲ့ ယုံကြည်မှုတွေနဲ့ မတူညီသော လူမျိုးတွေ အများကြီးကို တွေ့ရပါတယ်။ ကျွန်မ ဒီလောက် လူအများကြီးကို တွေ့ပြီး ဆေးကုသပေးရတာ တကယ်ပဲ မငြိုငြင်မိပါဘူး၊ လူနာတွေရဲ့တစ်ဝက်လောက်ပေါ့နော် လူသုံးရာနီးပါးလောက် က အလုပ်လက်မဲ့တွေပါ၊ လူနာတစ်ယောက်ချင်းစီမှာလည်း အမျိုးမျိုးသော နောက်ကြောင်းတွေ ရှိနေတတ်ပါတယ်” ဟု Dr.Khan က ပြောပါတယ်။
 
မွတ်စ်လင်မဟုတ်တဲ့ Michele McFadden က ” ကျွန်တော် ဟာ အခြားဆေးရုံတစ်ခုမှာအလုပ်လုပ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်မှာ ကျန်းမားရေး အာမခံ(Health Insurance) မရှိပါဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်တော် က နေ့စား အလုပ်သမားဖြစ်နေလို့ပါ ၊ ဒါပေမယ့် နေမကောင်းလို့ ဒီ Shifa အခမဲ့ ဆေးခန်းကိုလာရင် ဘာမှပြသနာမရှိပါဘူး ၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်းဆိုတာ အလွန်ကို သာတူညီမျှ နဲ့ လူတိုင်းအတွက်ပါ၊ လူနာသည် မည်သည့် ဘာသာဝင် မည်သည် လူမျိုးမဆို ကိစ္စမရှိပါဘူးလို့ Dr.Khan က ပြောနေကျပါ” ဟု ပြောပါတယ်။
 
“ကျွန်မရဲ့ ရည်ရွယ်ချက်က တော့ ဖန်ဆင်းရှင်ကို နာခံဖို့ပါ ၊ အဖန်ဆင်းခံလူသားများ၏ လိုအပ်ချက်ကို ကူညီပေးခြင်း သည် ဖန်ဆင်းရှင်အား နာခံခြင်းအတွက်အ ကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါတယ်၊ အသျှင်မြတ် က ကျွန်မကို ဒီဆေးပညာ ပေးထားတာပါ၊ ဒီပညာကို ကျွန်မကိုယ်ကျိုးထက် အများအကျိုးအတွက် အသုံးချဖို့လိုပါတယ်” ဟု Shifa အခမဲ့ ဆေးခန်းကို ဦးစီးသူ Dr.Khan က ပြောကြားခဲ့ပါသည်။ ။
 
M-Media  သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.