Wednesday, February 27, 2013

ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ

ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ 

 
 
 
 
 
 
 
 
 
ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ
SK
ဖေဖေါ်ဝါရီ ၂၅
 
 
 
ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာတို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု မင်းပြားမြို့နယ် သရက်အုပ် ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ပြောသည်။
 
မြန်မာစာမှာ ဗျည်း ဘယ်နှစ်လုံးရှိသလဲလို့မေးတာကို ကျွန်တော်ကလည်း ၃၃ လုံးလို့ဖြေပါတယ်။ အဲဒါကို အဖွဲ့ခေါင်းဆောင် ဦးအောင်ထွန်းဆိုတဲ့သူက ၂၃ လုံးလို့ သူ့စာအုပ်မှာ စာရင်းသွင်းလိုက်တယ်″ဟု သရက်အုပ်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်က myanmarmuslim.net သို့ ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်စီစဉ်သည့် အဖွဲ့ဝင် ၅ ဦးပါ သုတေသန အဖွဲ့တစ်ဖွဲ့သည် ယခုလ ၂၃ ရက်နေ့တွင် မင်းပြားမြို့နယ် သရက်အုပ်ကျေးရှိ ရိုဟင်ဂျာ ၉ဦးအား သုတေသနအတွက် မေးခွန်းများမေးမြန်းရာတွင် အထက်ပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
 
မသိနားမလည်တဲ့လူတွေကိုပဲ အဓိကထား ရွေးပြီးမေးတယ်။ ခိုးဝင်လာတာ မဟုတ်လားလို့မေးတယ်။ နိုင်ငံသားလိုချင်လားလို့လည်း မေးတယ်ဟု မေးမြန်းခံရသည့် ရိုဟင်ဂျာတစ်ဦးက ပြောသည်။
ကော်မရှင်သုတေသနအဖွဲ့သည် ရိုဟင်ဂျာတို့အား ပညာအရည်အချင်း၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံသား ဟုတ် မဟုတ်၊ နိုင်ငံတော်အလံအား အလေးပြုမပြု ရခိုင်(မောဂ်)တို့နှင့် အိမ်ထောင်ပြုခွင့်ရှိမရှိ စသည့် အချက်များကို မေးမြန်းခဲ့သည်ဟု သိရသည်။
 
ဒီနိုင်ငံသားလားလို့ မေးတော့ မိဘဘိုးဘွားအစဉ်ဆက် နေလာခဲ့တာလို့ ဖြေလိုက်တယ်။ နှစ်ဘက်ပြဿနာ ဖြစ်တာကို သိလားလို့ မေးတော့ မင်းပြားမှာတော့ မွတ်စလင်မ် တွေခံရတာချည်းပဲ ရခိုင်ရွာ ဘယ်နှစ်ရွာ မီးရှို့ခံရလို့လဲ လို့ပဲဖြေလိုက်တယ် ဟု ရိုဟင်ဂျာတစ်ဦးက ဆက်လက်ပြောကြားသည်။
 
ကော်မရှင်အဖွဲ့က သုတေသနအတွက် စေလွှတ်သည့် သုတေသန အဖွဲ့ဟုဆိုသော်လည်း ခိုးဝင်လာတာ မဟုတ်လားဟု မေးမြန်းခြင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးရမည်ဟု အမိန့်ပေးခြင်း၊ မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင်ဟူသော စကားရပ်များကို အဖွဲ့ခေါင်းဆောင်ဟုဆိုသူဦးအောင်ထွန်းကသရက်အုပ် ကျေးရွာသို့ ၀င်ရောက်မှတ်တမ်းယူခဲ့သည်။ ယခုလ ၂၃ ရက်နေ့တွင်ပြောကြားခဲ့သည်ဟုလည်း သိရသည်။
 
သရက်အုပ်ကျေးရွာသို့ ကော်မရှင် သုတေသနအဖွဲ့ဝင် ၅ ဦးဖြစ်သည့် ဦးအောင်ထွန်း၊ ဦးမြတ်ကိုကိုသိန်း၊ ဦးကျော်မင်းလွင်၊ ဒေါ်ခင်ပြည့်စုံ၊ ဒေါ်အေးသန္တာလွင်တို့က ယခုလ ၂၃ ရက်နေ့ နံနက် ၉းနာရီမှ ၁၂ နာရီအထိ သရက်အုပ်ကျေးရွာရှိ ရိုဟင်ဂျာ ၉ ဦးအား မေးမြန်းမှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သည်။
 
 www.myanmarmuslim.net   သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.